16 December 2013

DF-21D သင်္ဘောဖျက်ဒုံး


DF-21D သင်္ဘောဖျက်ဒုံး









DF-21D သင်္ဘောဖျက်ဒုံး

DF-21D သင်္ဘောဖျက်ဒုံးကိုတရုပ်နိုင်ငံရှိ Changfeng Mechanics and Electronics Technology Academy မှထုတ်လုပ်ထားပြီး DF-21D သင်္ဘောဖျက်ဒုံးမှာ DF-21 ဒုံးရဲ့မျိုးကွဲဒုံးတစ်ခုလဲဖြစ်သည်။DF-21D သင်္ဘောဖျက်ဒုံးကို၂၀၀၅-၂၀၀၆ ခုနှစ်တွင်စမ်းသပ်ပစ်လွတ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် တရုပ်ရေတပ်တွင်စတင်တပ်ဖြန့်ချထားခဲ့သည်။

DF-21D သင်္ဘောဖျက်ဒုံးမှာအလျားမှာ ၁၀.၇ မီတာ(၃၅ ပေ) ရှိပြီးအလေးချိန်မှာ ၁၄,၇၀၀ ကီလိုဂရမ် ရှိပါသည်။DF-21D သင်္ဘောဖျက်ဒုံးမှာ ကမ္ဘာပေါ်မှာ ပထမဆုံး anti-ship ballistic missile (ASBM) အမျိုးအစားပဲဖြစ်သည်။DF-21D သင်္ဘောဖျက်ဒုံးတွင်အဆင့် ၂ ဆင့်ပါဝင်ပြီးမြေပြင်မှပစ်ရသောသင်္ဘောဖျက်ဒုံးအမျိုးအစားဖြစ်ပါသည်။DF-21D သင်္ဘောဖျက်ဒုံးကို လေယာဉ်တင်သင်္ဘောဖျက်ဒုံး (Aircraft carrier killer) ဟုလည်ခေါ်သည်။DF-21D သင်္ဘောဖျက်ဒုံး၏အမြန်နှုန်းမှာ အသံထက် ၁၀ ဆရှိပြီးအကွာအဝေး ကီလိုမီတာ ၁,၄၅၀ (မိုင် ၉၀၀) အထိပစ်ခတ်နိုင်သည်။DF-21D သင်္ဘောဖျက်ဒုံးတွင်ထပ်ဖူး (warhead)တစ်ခုတပ်ဆင်ထားပြီးအလေးချိန်အားဖြင့် (200 kilotons) မှ (500 kilotons) အထိရှိပါသည်။ ဒုံးကျည်မှာတပ်ဆင်ထားတဲ့ထိပ်ဖူးကို ၁ ခု (သို့) ၅ ခု မှ ၆ ခုအထိပြုလုပ်၍ တပ်ဆင်အသုံးပြုနိုင်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ DF-21Dသင်္ဘောဖျက်ဒုံးမှာတပ်ဆင်ထားတဲ့ထိပ်ဖူးမှာ လေယာဉ်တင်သင်္ဘောတစ်စီးကို ကောင်းစွာ တိုက်ခိုက်ဖျက်စီး နိုင်စွမ်းရှိသည်ဟုထုတ်ပြန်ခဲ့သည်။

DF-21D ဒုံးပစ်ခတ်ပုံအကျည်း။

တရုပ်နိုင်ငံမှ Over the Horizon (OTH) (သို့) SAR (Synthetic Aperture Radar) ရေဒါကိုအသုံးပြု၍ တောင်တရုပ်ပင်လယ် အတွင်းရှိ ကီလိုမီတာ ၃,၀၀၀ ကို ထိန်းချုပ်စောင့်ကြည့်လျှက်ရှိပါတယ်။
OTH/SAR ရေဒါမှရန်သူ၏လေယာဉ်တင်သင်္ဘောအုပ်စုကို ထောက်လှန်းနိုင်ပါက OTH/SAR ရေဒါမှာပါဝင်စနစ်များမှ YaoGan ဂြိုလ်တုကိုတိုက်ရိုက်ချိတ်ဆက်ပြီး ရန်သူ့ တည်နေရာနှင့် တိကျတဲ့ပစ်မှတ်အချက်အလက်များကိုပေးပို့မည်ဖြစ်ပါသည်။ထို့အပြင်အရန်တပ်ဆင်ထားတဲ့ စနစ်တခုမှာနီကပ်လာတဲ့ရန်သူ့ ရေတပ်အုပ်စု ကို OTH/SAR ရေဒါမှဖမ်းမိတဲ့အချိန်မှာ ရေဒါမှဂြိုလ်တုအုပ်စုငယ်များကို ချက်ချင်းချိတ်ဆက်ပြီးဂြိုလ်တုများမှ ဂြိုလ်တုပတ်လမ်းအတွင်းမှ ဆက်သက်လာပြီး ရန်သူကိုကူညီရှာဖွေပေးပြီးပစ်မှတ်နှင့်သတင်းအချက်အလက်များကို ကမ်းခြေရှိအမိန့်ပေးဌာနသို့သို့တိုက်ရိုက်ပေးပို့ မည်ဖြစ်သည်။တချိန်ထဲတွင် မောင်းသူမဲ့လေယာဉ် (UAV) များမှလဲပစ်မှတ်ဆီသို့ပျံသန်းမည်ဖြစ်သည်။အမိန့်ဌာနမှအမိန့်ပေးသည်နှင့်တပြိုက်နက် DF-21D သင်္ဘောဖျက်ဒုံးကိုပစ်မှတ်ဆီသို့ပစ်လွှတ်မည်ဖြစ်သည်။DF-21D ဒုံကျည်တွင်တပ်ဆင်ထားတဲ့ရေဒါမှ ပစ်မှတ်(သို့ ) လေယာဉ်တင်သင်္ဘော ကိုရှာဖွေမည်ဖြစ်ပြီးတိကျတဲ့အချက်အလက်များရရှိပါက ပစ်မှတ်ကို lock ချ၍ပစ်ခတ်မည်ဖြစ်သည်။
Lock ၍ပစ်ခတ်သည်ဆိုသည်မှာ ရန်သူ/ပစ်မှတ်ကိုမလွတ်တမ်းအမိလိုက်ပြီး ပစ်မှတ်ပစ်သည့်သဘောဖြစ်သည်။

မကြာသေးခင်ရက်ပိုင်းအတွင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနမှစီစစ်တွေ့ ရှိချက်အရ လေယာဉ်တင်သင်္ဘောအနေဖြင့် DF-21D သင်္ဘောဖျက်ဒုံးကို electronic countermeasures အသုံးပြု၍တန်ပြန်ထိုးဖောက်တိုက်ခိုက်သောနည်းတစ်ခုထဲသာရှိလိမ့်မည်ဟုပြောကြားခဲ့သည်။

ကိုးကား-
၁။ SinoDefense
၂။ Weapon and Technology
၃။ Wikipedia
။ Asean Military Defense Review
 
(PHOTO) DF-21Ds on TELs (Transporter Erector Launcher) vehicle.



 

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...