28 April 2016

ယူကရိန်းတပ်မတော်သုံးအတွဲလိုက်ဒုံးလောင်ချာစနစ် (MLRS)

ယူကရိန်းတပ်မတော်တွင် လက်တလော အသုံးပြုနေသည့် အတွဲလိုက်ဒုံးလောင်ချာစနစ် (MLRS) သည် ဘက်စုံသုံး MT-LB သံချပ်ကာယာဉ်ကိုအခြေခံထားပြီး ရုရှားထုတ် Mi-24 Hind တိုက်ခိုက်ရေးရဟတ်ယာဉ်များတွင် တပ်ဆင်အသုံးပြုကြသည့် 80mm B-8V-20 pod နှစ်စုံကို တပ်ဆင်ထားသည့်စနစ်ဖြစ်သည်။ rocket pod တစ်ခုလျှင် S-8 rocket အစင်း ၂၀ ပါရှိပြီး စက္ကန့် အနည်းငယ်အတွင်း rocket အစင်း ၄၀ အား ၂ ကီလိုမီတာ အထိပစ်ခတ်နိုင်သည်။ S-8 rocket များသည် ဝေဟင်မှမြေပြင် (သို့ ) မြေပြင်မှမြေပြင်ပစ် unguided rocket အမျိုးအစားဖြစ်ပြီး ရုရှားလေတပ်သုံး စစ်လေယာဉ်များနှင့် ပြည်ပနိုင်ငံများတွင် အသုံးပြုလျှက်ရှိသည်။ ယူကရိန်းတပ်မတော်တွင် အသုံးပြုနေသည့် S-8 rocket သုံး အတွဲလိုက်ဒုံးလောင်ချာစနစ်သည် ပစ်ခတ်နိုင်သည့်အကွာအဝေးတွင် ကန့် သတ်ထားပြီး တိကျမှုပိုင်းတွင်အားနည်းသောကြောင့် အားနည်းချက်များရှိသည့် MLRS စနစ်ဖြစ်သည်။

ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ သုံး ရဟတ်ယာဉ်တင် ဖျက်သင်္ဘော JDS Ise (DDH 182) နှင့် အမေရိကန်ရေတပ်သုံး ဖျက်သင်္ဘော USS Stockdale (DDG 106) တို့ ပစိဖိတ်သမုဒ္ဓရာ အနောက်ခြမ်းတွင် အတူတကွလေ့ကျင့်မောင်းနှင်နေပုံ။

Photo: U.S 7th Fleet

19 April 2016

စင်ကာပူရေတပ်၏ Littoral Mission Vessel ဒုတိယမြောက်ရေယာဉ်ရေချ

စင်ကာပူရေတပ်အတွက်တည်ထားသည့် Littoral Mission Vessel (LMV) အမျိုးအစား ဒုတိယမြောက် Sovereignty (16) ရေယာဉ်ကို ဧပြီလ ၁၆ ရက်နေ့ တွင်ရေချခဲ့သည်။ LMV ရေယာဉ်ကို စင်ကာပူနိုင်ငံရှိ ST Marine, ST Electronics, ဆွီဒင်နိုင်ငံရှိ Saab Kockums AB ကုမ္ပဏီနှင့် DOS National Laboratories တို့မှပူးပေါင်း၍ ST Marine သင်္ဘောကျင်းတွင် တည်ဆောက်လျက်ရှိပြီး ကာကွယ်ရေးသိပ္ပံနှင့် နည်းပညာအေဂျင်စီမှ ရေယာဉ်တည်ဆောက်သည့် အစီအစဉ်အားကြီးကြပ်ကွပ်ကဲပေးထားသည်။ ပထမဆုံး LMV စစ်ရေယာဉ်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဂျူလိုင်လ ၃ ရက်နေ့တွင် ရေချခဲ့သည်။
စင်ကာပူရေတပ်အတွက် စစ်ရေယာဉ် စုစုပေါင်း (၈ စင်း) ကို ST Marine သင်္ဘောကျင်းတွင် ၂၀၂၀ ခုနှစ်အထိ တည်ဆောက်ပေးသွားမည်။

ST Engineering ကုမ္ပဏီဝက်ဆိုဒ်နှင့် ပြပွဲတွင်ဖော်ပြထားသည့်နည်းပညာဆိုင်ရာအချက်အလတ်များအရ Littoral Mission Vessel သည် အလျား မီတာ ၈၀ ၊ အကျယ် ၁၂ မီတာ၊ တန်ချိန် ၁၂၅၀ ရှိပြီး စင်ကာပူရေတပ်တွင် နှစ်ပေါင်း ၂၀ ခန့်ကြာမြင့်နေပြီးဖြစ်သော Fearless-class ကင်းလှည့် ရေယာဉ် (၁၁) စီး နေရာတွင် အစားထိုး အသုံးပြုသွားရန်နှင့် ပင်လယ်ရေကြောင်း လုံခြုံရေးတာဝန်များကိုထမ်းဆောင်ရန်အတွက် စင်ကာပူရေတပ်က ST Engineering နှင့် စစ်ရေယာဉ် (၈) စင်းတည်ဆောက်မည့် သဘောတူစာချုပ်အား ၂၀၁၃ ခုနှစ်တွင်ချုပ်ဆိုခဲ့သည်။ LMV စစ်ရေယာဉ်များတွင် MTU 20V 4000 M93 အမျိုးအစား ဒီဇယ်အင်ဂျင်နှစ်လုံး တပ်ဆင်ထားပြီး အမြန်ဆုံးရေမိုင် ၂၇ မိုင်အထိ ခုတ်မောင်းနိုင်မည်ဖြစ်ကာ ရေမိုင် ၁၅ မိုင်နှုန်းဖြင့် ခရီးမိုင် ၃၅၀၀ ခန့်ကိုစစ်ဆင်နိုင်၍ အရာရှိနှင့် ရေတပ်သား ၂၃ ဦးလိုက်ပါတာဝန် ထမ်းဆောင်နိုင်သည်။ LMV စစ်ရေယာဉ်တွင် Oto Melara 76/62 Super Rapid Main Gun တစ်လက်၊ Rafael Typhoon Mk 25 stabilized naval gun တစ်လက်၊ Hitrole 12.7 mm remote weapons station နှစ်လက်နှင့်စက်သေနတ်ကြီး နှစ်လက်ကို တပ်ဆင်ထားပြီး Bridge အရှေ့ပိုင်းတွင် MBDA VL MICA surface-to-air ကို VLS စနစ်သုံး၍ တပ်ဆင်သွားရန်ရှိကြောင်းသိရသည်။ စစ်ရေယာဉ်ပေါ်တွင် Seahawk ကဲ့သို့အလတ်စား ရဟတ်ယာဉ် တစ်စင်း တက်ဆင်း ပြုလုပ်နိုင်ရန်ကျယ်ပြန့်သည့် Helideck ပါရှိပြီး RHIB boat နှစ်စင်းအတွက် recover & launch နှစ်စုံပါရှိသည်။ ရေယာဉ်ပေါ်တွင် လက်နက်ထိန်းချုပ် ပစ်ခတ်စနစ်များအတွက် Point defence system နှင့် Gun fire control syatem များ၊ ဆက်သွယ်ရေးစနစ်များနှင့် Command စနစ်များအတွက် Combat Management system, Satellite Communication system, Terrestrial Communication system နှင့် Integrated Communication system များ၊ ရေဒါနှင့်အာရုံခံကိရိယာများအတွက် Thales Nederland ကုမ္ပဏီထုတ် NS100 E/F-band Phased Array 3D air & surface surveillance radar system, Kelvin Hugues Sharpeye Navigational radar, Electro-optical fire control system, Infra-red search and track system နှင့် Long range acoustic device တို့ တပ်ဆင်ထားသည်။

စင်ကာပူရေတပ်တွင် အသုံးပြုသွားမည့် LMV စစ်ရေယာဉ် (၈) စင်း အမည်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။) Independence (15)
၂။) Sovereignty (16)
၃။) Unity
၎။) Justice
၅။) Indomitable
၆။) Fortitude
၇။) Dauntless
၈။) Fearless

Photo: Jane's

Royal Thai Air Force on order KS-1C SAM system rang 75 km Prepare in service 2016.

Indian Coast Guard (ICG) is ready to induct 7.62mm Trichy Assault Rifle after trials.


Trichy Assault Rifle is a licenced version of AK-47 developed by Ordnance Factory Tiruchirappalli . Rifle is around 3.6 kg ik weight and has a range of 400 metres . It features a foldable butt and boasts of night vision device besides telescopic day vision system.

Photo: Indian- Aerospace/defense News

14 April 2016

Russian jets in repeated 'aggressive' passes of US warship


Two Russian Sukhoi Su-24 attack aircraft make a low altitude pass by the USS Donald Cook in the Baltic Sea. U.S. officials said the guided-missile destroyer was operating in international waters 70 nautical miles off the Russian enclave of Kaliningrad.

05 April 2016

ရုရှားရေတပ်အတွက် တည်ဆောက်ထားသည့် သုံးစင်းမြောက် Project 11356 ဖရီးဂိတ်စစ်ရေယာဉ်ရေချ

ရုရှားရေတပ်အတွက် တည်ဆောက်ထားသည့် သုံးစင်းမြောက် Project 11356 ဖရီးဂိတ်စစ်ရေယာဉ် "Admiral Makarov" အား မတ်လ ၃၁ ရက်နေ့ တွင် Yantar သင်္ဘောကျင်း၌ dock trials ပြုလုပ်ခဲ့ကြောင်း Yantar သင်္ဘောကျင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက TASS သတင်းဌာနကို သောကြာနေ့ က ပြောဆိုလိုက်ပါသည်။ ၄င်းစစ်ရေယာဉ်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ တွင် ဧယာခင်းခဲ့ကြောင်းနှင့် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ရေချခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ရုရှားရေတပ်သို့ လွဲပြောင်းပေးအပ်သွားရန်စီစဉ်ထား ကြောင်းသိရသည်။

Project 11356 ဖရီးဂိတ်စစ်ရေယာဉ်သည် အလျား ၁၂၄.၈ မီတာ၊ တန်ချိန် ၃၆၂၀ တန်ရှိပြီး အမြန်ဆုံး ရေမိုင် ၃၀ အထိခုတ်မောင်းနိုင်ကာ ခရီးမိုင် ၄၈၅၀ ကိုစစ်ဆင်နိုင်သည်။ စစ်ရေယာဉ်ပေါ်တွင် 100mm A-190 naval gun တစ်လက်၊ Kalibr-NK (SS-N-27 Sizzler) ခရုဇ်ဒုံးပျံများ၊ Shtil/Shtil-1 (SA-N-7 Gadfly/SA-N-7C Gollum) ရေတပ်သုံးလေကြောင်းရန် ကာကွယ်ရေးစနစ်များနှင့် တော်ပီဒိုများတပ်ဆင်ထားပြီး ရေတပ်သုံး Ka-27 (Helix) ရဟတ်ယာဉ်တစ်စင်း တပ်ဆင်ထားသည်။ Project 11356 အတန်းအစားထဲမှ ပထမဆုံးဖရီးဂိတ်စစ်ရေယာဉ်  Admiral Grigorovich သည် ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့ တွင် ရုရှားရေတပ်၌တပ်တော်ဝင်ခဲ့ပြီးဖြစ်သည်။

(ဓာတ်ပုံ- Project 11356 အတန်းအစားထဲမှ ဖရီးဂိတ်စစ်ရေယာဉ်  Admiral Grigorovich အား တပ်တော်ဝင်သည့်အခမ်းအနားကျင်းပနေပုံ။)

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...