03 April 2014

S-400 Triumph လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်

S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်


S-400 Triumph (SA-21) လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်မှာမြေပြင်မှဝေဟင်ပစ်တာဝေးပစ်ဒုံးကျည်အမျိုးအစားဖြစ်ကာလေထုအတွင်းရှိမည်သည်ပစ်မှတ်ကိုမဆိုပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိပြီးတိုက်လေယာဉ်များ၊ခရုဇ်ဒုံးကျည်များ၊မောင်းသူမဲ့လေယာဉ်များနှင့်ပဲ့ထိန်းဒုံးကျည်များကိုတိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိသည်။ S-400 လေကြောင်းရန်ကာကွယ်ရေဒုံးးစနစ်မှာ အမြင့် ၃၀ ကီလိုမီတာနှင့်အကွာအဝေး ၄၀၀ ကီလိုမီတာ(မိုင်၂၅၀) အထိပစ်ခတ်နိုင်ပြီးပစ်မှတ်(၃၆)ခုအားတပြိုင်နက်ထဲပစ်ခတ်နိုင်သည်။ 



#TheArmedForcesoftheWorld


 

SH-1 ၁၅၅ မမ self-propelled ယာဉ်တင်အမြောက်စနစ်

SH-1 ၁၅၅ မမ ယာဉ်တင်အမြောက်စနစ်


SH-1 ၁၅၅ မမ self-propelled ယာဉ်တင်အမြောက်စနစ်ကိုတရုပ်နိုင်ငံရှိ Norinco (China North Industries Corporation) လက်နက်ကုမ္ပဏီမှဒီဇိုင်းဆွဲပြီး၂၀၀၂ ခုနှစ်မှစတင်ကာထုတ်လုပ်ခဲ့ကာ ၂၀၀၇ ခုနှစ်တွင်အမြောက်နှင့်အချက်အလက်များကိုထုတ်ဖော်ပြသခဲ့သည်။ Norinco ကုမ္ပဏီမှထုတ်လုပ်ထားသော SH-1 အမြောက်စနစ်သည်ပြည်ပလက်နက်ဈေးကွက်ကိုရည်ရွယ်၍ထုတ်လုပ်ထားသော ၁၅၅ မီလီမီတာယာဉ်တင်အမြောက်စနစ်လဲ ဖြစ်သည်။ SH-1 ယာဉ်တင်အမြောက်စနစ်တွင် Wanshan Special Vehicle ကုမ္ပဏီထုတ် WS5252 ၆x၆ လမ်းကြမ်းမောင်းယာဉ်ကိုအခြေခံ၍တည်ဆောက်ထားပြီးသံချပ်ကာယာဉ်မောင်းခန်းပါရှိကာယာဉ်မောင်းခန်းအမိုးပေါ်တွင် QJC 88  ၁၂.၇x ၁၀၈ မမ လေယာဉ်ပစ်စက်သေနတ်ကြီးကိုတပ်ဆင်ထားသည်။

SH-1 အမြောက်စနစ်၏ပင်မလက်နက်မှာ ၁၅၅ မီလီမီတာ(၅၂ကယ်လီဗာ) L52 ဟောင်ဝစ်ဇ္ဇာအမြောက်ဖြစ်ပြီးနေတိုးစံပြု ထုတ်လုပ်ထားတဲ့မည်သည့် ၁၅၅ မမ အမြောက်ကျည်နှင့်မဆိုပစ်ခတ်နိုင်ကာ Norinco ကုမ္ပဏီထုတ် ၁၅၅ မမ ကျည်များနှင့်လဲကောင်းစွာအသုံးပြုပစ်ခတ်နိုင်သည်။ SH-1 ယာဉ်တင်အမြောက်စနစ်ကို rocket-assisted ပါရှိသည့် V-LAP projectiles ကျည်ဖြင့်ပစ်ခတ်ပါကအဝေးဆုံး ၅၃ ကီလိုမီတာ (၃၃ မိုင်) အကွာအဝေးအထိပစ်ခတ်နိုင်ပြီး NORINCO ကုမ္ပဏီမှတီထွင်ထုတ်လုပ်သော ၁၅၅ မီလီမီတာ Semi-active Laser-guided ကျည်များလဲထည့်သွင်းပစ်ခတ်နိုင်သည်။ SH-1 အမြောက်ယာဉ်ပေါ်တွင် ၁၅၅ မမ ကျည်သယ်ဆောင်နိုင်သည့်ပမာဏမှာ ၂၅ တောင့်ဖြစ်ပြီးကျည်ထားသိုသည့်အခန်းကို ပုံစံ ၇ မျိုးဖြင့်ထုတ်လုပ်ထားသည်။ SH-01 ယာဉ်တင်အမြောက်စနစ်တွင်လမ်းညွှန်စနစ်၊တည်နေရာပြစနစ်၊ချိန်ရွယ်မှုစနစ်နှင့် ဆက်သွယ်မှုစနစ်များတပ်ဆင်ထားပြီး ကြံ့ခိုင် ထိန်းသိမ်းရန်နှင့်အဆင့် မြှင့်တင်ရန်အတွက် ထူးထူးခြားခြားပုံစံထုတ်လုပ်ထားသည်။ SH-1 ယာဉ်တင်အမြောက်စနစ်တွင်ကွန်ပျူတာ အသုံးပြုထားသောပစ်ခတ်ထိန်းချုပ်မှူစနစ်ကိုလည်းတပ်ဆင်ထားပြီး၎င်းစနစ်မှ Muzzle Velocity Sensor သည် အချက်အလက်ကိုပစ်ခတ်မှူထိန်းသိမ်းရေး ကွန်ပျူတာသို့တိုက်ရိုက်ပေးပို့ပေးသည်။ SH-1 ယာဉ်တင်အမြောက်စနစ်ပေါ်တွင်တပ်ဆင်ထားသောဆက်သွယ်ရေးစနစ်မှာသတင်းအချက်အလက်များကိုအမြောက်တပ်ခွဲ (သို့မဟုတ်) တပ်ရင်း၏ C4ISR ကွန်ယက် အတွင်းသို့တိုက်ရိုက်ဆက်သွယ်၍ပေးပို့ နိုင်သည်။ 

SH-1 ယာဉ်တင်အမြောက်စနစ်ယာဉ်တွင် ဒီဇယ်ဆီသုံးအင်ဂျင်ကိုအသုံးပြုထားပြီး
၁ နာရီလျှင်အမြန်ဆုံး ၉ဝ ကီလိုမီတာအထိမောင်းနှင်နိုင်ကာ ကီလိုမီတာ ၆၀၀ အကွာအဝေးအထိစစ်ဆင်နိုင်သည်။ SH-1 ယာဉ်တင်အမြောက်စနစ်၏တိုက်ပွဲဝင်အလေးချိန်မှာ ၂၂ တန်ရှိပြီးတပ်ဖွဲ့ ဝင် ၅ ဦးမှအမြောက်စနစ်အားထိန်းချုပ်ပစ်ခတ်ရသည်။ SH-1 ယာဉ်တင်အမြောက်စနစ်၏ protection အပိုင်းမှာ အမြောက်ကျည်ပေါက်ကွဲ၍ထွက်လာတဲ့အစအနများနှင့်လက်နက်ငယ်ကျည် (၇.၆၂ မမ ကျည်အထိ) ဒဏ်မှခံနိုင်ရည်ရှိသည်ဟုသိရှိရသည်။

SH-1 ယာဉ်တင်အမြောက်စနစ် တပ်ရင်းတစ်ခုဖွဲ့ စည်းပုံမှာ 
SH-1 ယာဉ်တင်အမြောက်စနစ် ၂၄ စင်း၊အမြောက်တပ်ခွဲအမိန့်ပေးယာဉ် ၄ စီး၊အမြောက်တပ်ရင်းအမိန့်ပေးယာဉ် ၁ စီး၊မိုးလေဝသစောင့်ကြည့်တိုင်းတာတဲ့ JY-30 C-band ရေဒါ ၁ ခု၊ ၆x၆ ဘီးယက်ကင်းထောက်ယာဉ် ၄ စီးနှင့်ပစ်မှတ်တည်နေရာပြ SLC-2 ရေဒါ ၁ ခုပါဝင်သည်။

SH-1 ယာဉ်တင်အမြောက်စနစ်မှာ
ခေတ်မှီခြင်း၊ကြီးမားသည့်ပစ်ခတ်နှုန်းကိုပေးနိုင်ခြင်း၊လျှင်မြန်စွာလှုပ်ရှားနိုင်စွမ်းရှိခြင်း၊အမြောက်ယာဉ်စနစ်မှာအဆင့်မြင့်ခြင်း၊အရန်သင့်အသုံးပြုနိုင်တဲ့ဒီဇိုင်းဖြစ်ခြင်း၊ဈေးနှုန်းအသင့်အတင့်ရှိခြင်းစသည့်အားသာချက်များစွာရှိပြီးပါကစ္စတန်နိုင်ငံ(ခန့်မှန်းခြေအစီး ၉၀) နှင့် မြန်မာနိုင်ငံတို့တွင်အသုံးပြုလျှက်ရှိသည်။


(ဓါတ်ပုံ- (၆၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခန်းအနားတွင်တွေ့ ရသည့်မြန်မာ့တပ်မတော်သုံး SH-1 ၁၅၅ မမ ယာဉ်တင်အမြောက်စနစ်ယာဉ်များ။)


#TheArmedForcesoftheWorld

KD-63 Air to surface missile

KD-63 Air to surface missile 


 တရုတ်နိုင်ငံထုတ် KD-63 (K/AKD63) ဒုံးကျည်မှာဝေဟင်မှမြေပြင်ပစ်ဒုံးကျည်အမျိုးအစားဖြစ်ပြီး Haiying Electro-Mechanical Technology Academy မှထုတ်လုပ်ထားကာ H-6H ဗုံးကျဲလေယာဉ်တွင်တပ်ဆင်အသုံးပြုရသည့်ဒုံးကျည်ဖြစ်သည်။ KD-63 ဒုံးကျည်၏အလျားမှာ ၇ မီတာ၊အချင်းဝက် ၇၆၀ မီလီမီတာနှင့်အလေးချိန် ၂ တန်ရှိပြီးကအလေးချိန် ၅၀၀ ကီလိုဂရမ်ရှိသည့်ဖျက်အားပြင်းထိပ်ဖူး high-explosive (HE) အား သယ်ဆောင်နိုင်သည်။ KD-63 ဒုံးကျည်တွင် FW-41B turbojet အင်ဂျင်တစ်လုံးပါရှိပြီးတစ်နာရီလျှင် ကီလိုမီတာ ၉၀၀ နှူန်းဖြင့် Flight altitude မီတာ ၆၀၀ မှပျံသန်း၍အကွာအဝေး ကီလိုမီတာ ၂၀ မှ ကီလိုမီတာ ၁၈၀ အထိပစ်ခတ်နိုင်သည်။

   KD-63 ဒုံးကျည်တွင် main sections လေးခုဖြစ်သည့် guidance ၊ warhead ၊propulsion နှင့် control surfaces များပါဝင်ပြီးလုံးဝန်းသည့်ကိုယ်ထည်နှင့်လုံးဝန်းသည့်နုတ်သီးပါရှိကာဒုံးကျည်၏အောက်ဘက်တွင် inlet တစ်ခုပါရှိသည်။ KD-63 ဒုံးကျည်၏ဒီဇိုင်းမှာကြီးမားသည့် အခြေခံအဆောက်အအုံးများ၊တံတားများ၊လေဆိပ်များ၊စစ်တန်းလျားများနှင့်စစ်ဌာနချုပ်များအားပစ်ခတ်တိုက်ခိုက်ရန်ဒီဇိုင်းရေဆွဲထားသည့်ဒုံးကျည်ဖြစ်သည်။ထို့အပြင် KD-63 ဒုံးကျည်မှာ HY-4 မြေပြင်မှမြေပြင်ပစ်သင်္ဘောဖျက်ခရုဇ်ဒုံးကျည်နှင့် YJ-6  ဝေဟင်မှမြေပြင်ပစ်သင်္ဘောဖျက်ဒုံးကျည်များမှဆင်းသက်လာသည့်ဒုံးကျည်အမျိုးအစားလဲဖြစ်သည်။

  KD-63 ဒုံးကျည်တွင်တပ်ဆင်ထားသည့်လမ်းညွှန်စနစ်များမှာ (Guidance Inertial + datalink command + GPS ?+ TV terminal ) များနှင့် CCD ကင်မရာပါရှိပြီး ပစ်မှတ်၏ပုံရိပ်များအားဗုံးကျဲလေယာဉ်သို့ပေးပို့ပေးပြီးဗုံးကျဲလေယာဉ်တွင်တပ်ဆင်ထားသည့် fire-control ကွန်ပြူတာမှ တိကျမှန်ကန်သည့်ပစ်မှတ်များအားဒုံးကျည်သို့ပြန်လည်ပို့ပေးပို့၍ပစ်ခတ်စေသည်။ တနည်းအားဖြင့် KD-63 ဒုံးကျည်အား manual command to line of sight (MCLOS) method အသုံးပြု၍လဲထိန်းချုပ်ပစ်ခတ်သည်ဟုဆိုနိုင်သည်။ KD-63 ဒုံးကျည်တွင်ပါရှိသည့် TV-seeker မှာပစ်မှတ်အား ၁၂ ကီလိုမီတာအကွာအဝေးမှလော့ချ၍ပစ်ခတ်နိုင်ကြောင်းသိရှိရပြီးဆိုးရွားသည့်ရာသီဥတုနှင့်ညဘက်တွင်ပစ်မှတ်အားကောင်းစွာပစ်ခတ်နိုင်ခြင်းမရှိပေ၊ထို့အပြင်ဗုံးကျဲလေယာဉ်မှဒုံးကျည်အားထိန်းချုပ်ပစ်ခတ်ရသောကြောင့်ရန်သူမှတန်ပြန်တိုက်ခိုက်မှူများအားခုခံနိုင်စွမ်းမရှိကြောင်းသိရှိရသည်။ H-6H ဗုံးကျဲလေယာဉ်မှ KD-63 ဒုံးကျည်အားအမြင့်မီတာ၂၀၀ မှ မီတာ ၅,၀၀၀ အတွင်းမှသာပစ်ခတ်နိုင်ကြောင်းသိရှိရသည်။


(ဓါတ်ပုံ- ရုရှားထုတ် Tu-16 Badger အားပုံတူကူးယူထားသည့်တရုတ်ထုတ် H-6H ဗုံးကျဲလေယာဉ်နှင့် KD-63 ဒုံးကျည်။)


#TheArmedForcesoftheWorld

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...