10 October 2015

ဘင်္ဂလားဒေ့ရှ်လေတပ် Yak-130 ခေတ်မှီအမောင်းသင် အပေါ့စားတိုက်လေယာဉ်များလက်ခံရရှိ။

ဘင်္ဂလားဒေ့ရှ်လေတပ် အတွက်ဝယ်ယူထားသည့် ရုရှားထုတ် Yak-130 ခေတ်မှီအမောင်းသင် အပေါ့စားတိုက်လေယာဉ် ခြောက်စင်း ပထမအသုတ် လက်ခံရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Shah Amanat နိုင်ငံတကာလေဆိပ်တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ (၄) ရက်နေ့ညပိုင်းက အတည်ပြုပြောကြားလိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရုရှားထုတ် Yak-130 အမျိုးအစား အဆင့်မြင့်အမောင်းသင်လေယာဉ် (၁၄) စင်းအား ၀ယ်ယူထားပြီ ၂၀၁၅ ခုနှစ်တွင် လက်ခံရရှိမည်ဟု TASS သတင်းဌာနကဖော်ပြထားသည်။ အခြားဂျက်လေယာဉ် (၂) စင်းကိုလဲ၂၀၁၆ ခုနှစ်တွင် လက်ခံရရှိမည်ဟု ဖော်ပြထားပါသည်။"Yak-130"အမောင်းသင်ဂျက်လေယာဉ်သည် စတုတ္ထလွန်မျိုးဆက်တိုက်လေယာဉ်များနှင့်ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်များကိုမောင်းနှင်မည့်တိုက်လေယာဉ်မှုးများ အတွက် လေ့ကျင့်မောင်းနှင်ရန်ထုတ်လုပ်ထားသည့် အမောင်းသင်ဂျက်လေယာဉ်ဖြစ်ပြီး အပေါ့စားတိုက်လေယာဉ်အဖြစ်ပါ စစ်ဆင်ရေးများတွင် အသုံးပြုနိုင်သည်။ ၂၀၀၂ ခုနှစ်မှစ၍ Yak-130 အမောင်းသင်လေယာဉ်ကို ရုရှားလေတပ်တွင် အမောင်းသင် ဂျက်လေ့ကျင့်လေယာဉ်အဖြစ်စတင် အသုံးပြုခဲ့သည်။

27 September 2015

First road test of new Thai DTI 8×8 wheeled Infantry Fighting Vehicle (IFV).

Defence Technology Institute  release photos of its 8×8 wheeled Infantry fighting vehicle  on the first road test. www.thaiarmedforce.com

ကာကူလ်စတပ်အပေါ့စားတင့်ဖျက်လက်နက်မျိုးကွဲနှစ်မျိုးဖြစ်တဲ့ M4 နဲ့  M1 ကိုနှိုင်းယှဉ်ပြသထားပုံ။


ကာကူလ်စတပ်အပေါ့စားတင့်ဖျက်လက်နက်ကိုဆွီဒင်နိုင်ငံက(၁၉၄၈)ခုနှစ်ကထုတ်လုပ်ခဲ့ပြီးစတင်အသုံးပြုခဲ့ကြတယ်။ဆွီဒင်ထုတ်ကာကူလ်စတပ်တင့်ဖျက်လက်နက်ကိုပဲတချိုနိုင်ငံတွေကပါပုံတူကူးယူပြီးကိုယ်ပိုင်ထုတ်လုပ်သုံးစွဲလာတာတွေလဲရှိပါတယ်။(အိမ်းနီးချင်းနိုင်ငံတွေမှာဆိုရင်အိန္ဒိယနိုင်ငံ။) အသုံးပြုတဲ့နိုင်ငံတွေကတော့ဗြိတိန်နဲ့ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်လောက်မှာတွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုနေကြပါတယ်။ကာကူလ်စတပ်တင့်ဖျက်လက်နက်ကိုအပေါ့စားတင့်ဖျက်လက်နက်(သို့ မဟုတ်) သံချပ်ကာဖျက်လက်နက်ဟု ယေဘုယခေါ်ဆိုနိုင်ပါတယ်။ဒီလက်နက်ရဲ့ဒီဇိုင်းကစစ်သုံးယာဉ်တွေသံချပ်ကာယာဉ်တွေအခိုင်အမာဆောက်ထားတဲ့ခံတပ်တွေနဲ့ တပ်ဖွဲ့ ဝင်တွေကို တိုက်ခိုက်ခြေမှုန်းဖို့ အဓိက ထုတ်လုပ်ထားပါတယ်။

ကာကူလ်စတပ်လက်နက် အရှည်က (၁)မီတာကျော်နဲ့ အလေးချိန်က ကျည်အပါအဝင် ၁၀ ကီလိုဂရမ်ကျော် လောက်လေးပါတယ်။မျိုးကွဲပေါ်မူတည်ပြီးအလေးချိန်အပြောင်းအလဲရှိပါတယ်။
ကာကူလ်စတပ်တင့်ဖျက်လက်နက်တွေထဲမှာ M2, M3 နဲ့ M4 ဆိုပြီး ယနေ့ သုံးနေတဲ့ မျိုးကွဲ ၃ မျိုးရှိပအတယ်။ M4 ကတော့နောက်ဆုံးပေါ်မနှစ်ကမှအမေရိကန်မှာပထမဆုံးထုတ်ပြသွားတယ် ခေတ်မှီတဲ့နောက်ဆုံးပေါ်မျိုးကွဲဖြစ်တယ်။ ပထမဆုံးမျိုးကွဲ M1 ကိုတော့ အသုံးမပြုတော့ဘူးလို့ ယူဆရပါတယ်။

ကာကူလ်စတပ်ကိုပစ်ခတ်ဖို့ အတွက် ကျည်ထိုးဖို့ နဲ့ ပစ်ခတ်ဖို့ အတွက်ဆိုပြီး လူနှစ်ဦးသုံးဖို့ သတ်မှတ်ထားတယ်။
အခြေအနေအရကျည်ထိုးသူနဲ့ပစ်ခတ်သူတစ်ယောက်ထဲပဲသုံးမယ်ဆိုရင်လဲပစ်ခတ်နိုင်ပါတယ်။ သို့ သော်ပစ်ခတ်နှုန်းကတော့ နည်းသွားပါလိမ့်မယ်။ကာကူလ်စတပ်တင့်ဖျက်လက်နက်မှာ အလေးချိန် ၃ ကီလိုလောက်လေးတဲ့ ၈၄ မမ ကျည်ကိုထည့်သွင်းပစ်ခတ်တယ်။ အဓိကသုံးတဲ့ကျည်အမျိုးအစားတွေကတော့ တင့်ဖျက်ကျည် လေကွဲကျည် ခွင်းကျည်
နဲ့ လင်းကျည် စသည် ကျည်အမျိုးအစားတွေရှိပါတယ်။

ကာကူလ်စတပ်တင့်ဖျက်လက်နက်ထိရောက်မှုအကွာတွေကတော့ တင့်တွေကို မီတာ ၁၅၀ အကွာအဝေးကနေ ပစ်ခတ်မှသာ ထိရောက်နိုင်ပြီးစစ်အခြေစိုက်စခန်းတွေခံစစ်စခန်းတွေကိုတော့ မီတာ ၇၀၀ ကျော်လောက်ကနေပြီးပစ်ခတ်တိုက်ခိုက်နိုင်ပါတယ်။ကာကူလ်စတပ်ကိုစကုပ်တွေနဲ့လေဆာရောင်ခြည်သုံးအကွာအဝေးတိုင်းကိရိယာတွေတပ်ပြီးအသုံးပြုလို့ လဲရတယ်။ နောက်ပိုင်းထွက်ရှိတဲ့ M4 ကာကူလ်စတပ် တင့်ဖျက်လက်နက်တွေမှာတော့နောက်ဆုံးပေါ်နည်းပညာတွေသုံးထားပြီး အလေးချိန်အားဖြင့် ၇ ကီလိုလောက်သာ လေးပါတော့တယ်။

Download High Resolution image @ http://i.imgur.com/2FgVD2f.jpg

15 September 2015

JL-10 ခေတ်မှီအမောင်းသင်ဂျက်လေယာဉ်

JL-10 ခေတ်မှီအမောင်းသင်ဂျက်လေယာဉ်

တရုတ်နိုင်ငံထုတ် Hongdu JL-10  advanced trainer လေယာဉ်ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (လေ) က PLAAF Public Day တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ပါသည်။ JL-10 ခေတ်မှီအမောင်းသင် ဂျက်လေယာဉ်ကို Hongdu Aviation Industry Corporation (HAIG) မှထုတ်လုပ်ထားပြီးလေတပ်နှင့်ရေတပ်တွင်လိုအပ်နေသည့်ခေတ်မှီအမောင်းသင်လေယာဉ်အတွက်ထုတ်လုပ်ထားခြင်းဖြစ်သည်။ JL-10 ၏ export အမည်မှာ L-15 Falcon ဖြစ်သည်။ ထိုင်ခုံနှစ်လုံပါ JL-10 အမောင်သင်လေယာဉ်သည် အလျား ၄၀ ပေ၊ တောင်ပံအလျား ၃၁ ပေ ရှိပြီး အမြင့် ၁၅.၈ ပေရှိပါသည်။ လေယာဉ်၏ empty weight မှာ ပေါင် ၉၉၀၀ ရှိပြီး Maximum Take-Off Weight မှာ အလေးချိန် ၁၄၃၀၀ ပေါင် ရှိပါသည်။အမောင်းသင်ဂျက်လေယာဉ်သည် တစ်နာရီလျင် အမြန်ဆုံး ၉၂၄ မိုင်အထိပျံသန်းနိုင်ပြီး အသံထက် ၁.၄ ဆ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပါသည်။ JL-10  တွင် ယူကရိန်းထုတ် Ivchenko Progress AI-222K-25 OR 2 x Ivchenko Progress AI-222K-25F afterburning turbofan engines ၂ လုံးတပ်ဆင်ထားသည်။ JL-10 လေယာဉ်ကို အပေါ့စား တိုက်လေယာဉ်အဖြစ်အသုံးပြုနိုင်ပြီး စစ်ဆင်နိုင်သည့် အချင်းဝက်မှာ ၃၄၅ မိုင်ရှိ၍ ferry range မှာ မိုင် ၂၀၀၀ ခန့် ရှိပါသည်။ JL-10 သည် တစ်မိနစ်လျင် ၃၉၃၅၀ ပေ နှုန်းဖြင့်တက်ရောက်နိုင်ပြီး အမြင့် ပေ ၅၂၅၀၀ အထိတက်ရောက် ပျံသန်းနိုင်ပါသည်။


15 August 2015

ဗီယက်နမ်လေတပ် Su-30MK2 တိုက်လေယာဉ် ၂ စင်းးလက်ခံရရှိ

ရုရှားနိုင်ငံမှ ပေးပို့ လိုက်သည့် Su-30MK2 တိုက်လေယာဉ် ၂ စင်း ဗီယက်နမ်နိုင်ငံ Da Nang လေတပ်စခန်းသို့ သြဂုတ်လ ၇ ရက်နေ့ က ရောက်ရှိ ခဲ့ကြောင်းသိရသည်။ ရုရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်တို့ အကြား သဘောတူညီချက်ဖြင့် Su-30MK2 တိုက်လေယာဉ် ၁၂ စင်းအား အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဖြင့် ၂၀၁၃ ခုနှစ် သြဂုတ်လက သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဝယ်ယူခဲ့သည်။ ယင်းနောက် ၂၀၁၄ ခုနှစ်မေလတွင် Su-30MK2 တိုက်လေယာဉ် လေးစင်းအား ဗီယက်နမ်လေတပ်သို့ စတင်ပေးပို့ ခဲ့ပြီး ယခုလွဲပြောင်း ပေးပို့ ခြင်းမှာဒုတိယအကြိမ်ဖြစ်၍ ကျန်ရှိနေသည့် တိုက်လေယာဉ်ခြောက်စင်းအား ၂၀၁၅ ခုနှစ်အတွင်းထပ်မံပေးပို့ နိုင်ခြေ ရှိကြောင်းခန့် မှန်းရသည်။

ဗီယက်နမ်နိုင်ငံကရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ် ၄ စင်းကို ၂၀၀၃ ခုနှစ်က ပထမဆုံး စတင်ဝယ်ယူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ၈ စင်း၊ ၂၀၁၀ ခုနှစ်တွင် ၁၂ စင်း ဝယ်ယူ၍အားဖြည့်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ၁၂ စင်း ထပ်မံဝယ်ယူခဲ့ပြန်သည်။များမကြာမှီအချိန်တွင်ဗီယက်နမ်လေတပ်တွင် Su-30MK2 တိုက်လေယာဉ် ၃၆ စင်းအထိ ပိုင်ဆိုင်လာတော့မည်ဖြစ်သည်။

Photo: ဗီယက်နမ်လေတပ်သုံး Su-30MK2 တိုက်လေယာဉ်တစ်စင်း

06 August 2015

Official: France and Russia Reached an Agreement for the Non Delivery of the 2 Mistral Class LHDs.


The sensitive case of the non-delivery of two Mistral class LHDs to Russia reached an end tonight, after eight months of intense negotiations. According to an official press release from the French presidency, France and Russia reached an agreement.

#Official_Statement:

The President of the French Republic and President Putin held talks this afternoon to confirm that France and Russia have reached an agreement to terminate the contract signed in 2011 which included the delivery of two Mistral type LHD (BPC in French).

Under this agreement:

- The Russian Federation is exclusively and fully reimbursed of the sums advanced under the contract;

- Russian equipment that were installed on the vessels will be taken off board and given back to Russia;

- France will have full ownership and free disposal of the two vessels.

President Hollande and Mr Putin welcomed the friendly and open atmosphere of partnership that marked the negotiations.

They agreed on the fact that this matter was now closed.

It is not clear what will become of the two LHDs. The French Navy already has three similar vessels and doesn't need additional ones. France and prime contractor and designer DCNS will likely seek a new customer for the two amphibious vessels. But they will likely have to be adapted to the end customer needs because the Vladivostok and Sebastopol were built according to Russian Navy needs and for missions in artic zones.

The vessels are capable of carrying 16 helicopters, four landing craft, 70 armored vehicles and 450 soldiers, and are expected to be deployed with Russia’s Pacific Fleet.

(Photo: The former Russian Navy Mistral class LHD Vladivostok)

Source: Navy Recognition

29 July 2015

China conducts live firing drill in disputed South China Sea

တောင်တရုတ်ပင်လယ်ပြင်ရှိရေပိုင်နက်အငြင်းပွားနေသည့်နေရာအနီးတွင်တရုတ်ရေတပ်ကကစစ်ရေးလေ့ကျင့်မှုတစ်ခုကိုအင်္ဂါနေ့ကပြုလုပ်ခဲ့ကြောင်းတရုတ်သတင်းစာများတွင်ဖော်ပြထားသည်။၎င်းစစ်ရေးလေ့ကျင့်မှုတွင်တရုတ်ရေတပ်မှစစ်ရေယာဉ်အနည်းဆုံးအစင်း ၁၀၀ ကျော် ခန့် ပါဝင်ပြီး အမှတ် (၂) အမြောက်တပ်မကြီးမှ ဒုံးတပ်ရင်းများနှင့်ဒါဇင်ပေါင်းများစွာသောလေယာဉ်များပါဝင်သည်ဟုဖော်ပြထားသည်။ "Live firing drill" စစ်ရေးလေ့ကျင့်မှုတွင်ဒါဇင်းပေါင်းများစွာသောဒုံးများ၊တော်ပီဒိုများ၊ထောင်ပေါင်းများစွာသောအမြောက်ကျည်များနှင့်ဗုံးများအသုံးပြုခဲ့ကြပြီးရေတပ်လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့်ကြိုတင်သတိပေးစနစ်များအားစမ်းသပ်ခဲ့ကြကြောင်းသိရသည်။

(Photo: AFP/Ted Aljibe)

Sneak Peek – Bulldog Mortar Carrier System

Defense News Musk, Hawking Join Call for Ban on AI Weaponry

From Defense News Musk, Hawking Join Call for Ban on AI Weaponry http://defnews.ly/1Scd9DF

28 July 2015

Russian's Navy Day 2015

ဇူလိုင်လ(၂၆)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တဲ့ "ရုရှားရေတပ်မတော်နေ့ " အခမ်းအနားတွင် ရုရှားရေတပ်မတော်သုံး Krivak-class အတန်းအစား"Ladny"ဖရီးဂိတ်စစ်ရေယာဉ်ပေါ်မှသင်္ဘောဖျက်ဒုံးပျံတစ်စင်းအားသရုပ်ပြပစ်ခတ်စဉ်ပေါက်ကွဲမှုဖြစ်ပွားပုံရိုက်ကူးထားပုံ။။ယင်းပေါက်ကွဲမှုကြောင့်ရေယာဉ်ပေါ်လိုက်ပါသူတစ်ဦးတစ်ယောက်မှဒဏ်ရာမရရှိကြောင်းသိရသည်။ 



PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...