17 April 2015

ZH-05 Objective Individual Combat Weapon (OICW)





တရုတ်နိုင်ငံထုတ် ZH-05 OICW ခြေမှုန်းရေးရိုင်ဖယ်ရဲ့ ဒီဇိုင်းဟာ ပင်လယ်ဓါးပြနှိမ်နှင်းခြေမှုန်းရေး စစ်ဆင်ရေးတွေမှာ တရုတ်မရိန်းတပ်ဖွဲ့ ဝင်တွေအသုံးပြုဖို့ ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ဒီဇိုင်းဖြစ်တဲ့အပြင် ခေတ်မှီနည်းပညာတွေပေါင်းစပ်ထားတဲ့ရိုင်ဖယ်လဲဖြစ်တယ်။ ဒီရိုင်ဖယ်မှာ ၅.၈ မမ ကျည်နဲ့ ၂၀ မမ ကျည် ဆိုပြီးကျည်နှစ် မျိုးအသုံးပြုထားပါတယ်။ အမေရိကန်ထုတ် XM-29 ရိုင်ဖယ်နဲ့ ကိုရီးယား ဒေဝူးကုမ္ပဏီထုတ် K11 ရိုင်ဖယ်တွေနဲ့ စာရင်အလေးချိန်ဟာပေါ့ပါးပြီးကျည်အပြည့်ဖြည့်ထားတယ်ဆိုရင် အလေးချိန်ဟာ ၅ ကီလိုဂရမ် သာရှိတယ်လို့ သိရပါတယ်။ ကျည်မပါရင်တော့ ၄.၂၇ ကီလိုဂရမ်ပဲရှိတယ်။ ZH-05 ရိုင်ဖယ်မှာ ရိုင်ဖယ်သမားအတွက် laser range finder နဲ့  fire control system တွေတပ်ဆင်ထားတယ်။ 




တစ်တောင့်ခြင်းကျည်ထိုး၍ပစ်ရတဲ့ ၂၀ မမ ကျည်သုံး လောင်ချာကို အဓိကသုံးပြီး အရန်အဖြစ် ၅.၈ မမ ရိုင်ဖယ်ကို သုံးပါတယ်။ ၂၀ မမ လောင်ချာထဲ ထည့်သွင်းပစ်ခတ်နိုင်ဖို့ အတွက် impact detonation ကျည် airburst ကျည်နဲ့  shotgun-type ကျည်ဆိုပြီး ကျည်အမျိုးအစား သုံးမျိုးထုတ်လုပ်ထားတယ်။တရုတ်တပ်ဖွဲ့ ဝင်တွေကတော့ ဒီရိုင်ဖယ်ကို တာဝေးပစ်ခတ်လို့ ရတဲ့အတွက် "Long Range Shotgun" လို့ နာမည်ပြောင်ခေါ်ကြပြီး secondary weapon သို့ မဟုတ် primary weapon အဖြစ်အသုံးပြုနိုင်ပါတယ်။


http://i.imgur.com/NJp0fN3.jpg

X-47B

ဧပြီလ ၁၅ ရက်နေ့ က K-707 Tanker လေယာဉ်နှင့်ချိတ်ဆက်၍ပထမဆုံးအကြိမ်ဝေဟင်တွင်ဆီဖြည့်နေတဲ့ အမေရိကန်ရေတပ်သုံး X-47B မောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်တစ်စင်း




Photo by. NAVAIR

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...