30 October 2013

မလေးရှားရေတပ်မှ Littoral Combat Ships (LCS) ၆ စီးတည်ဆောက်မည်။

မလေးရှားရေတပ်မှ Littoral Combat Ships (LCS)  ၆ စီးတည်ဆောက်မည်။
  

မလေးရှားရေတပ်မှ Boustead Naval Shipyard နှင့် ရင်းဂစ် ၉ ဘီလီယံတန် LCS ၆ စီးကို ၁၀ နှစ်အတွင်း အပြီးတည်ဆောက်သွားရန် ၂၀၁၁  ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၃ ခုနှစ်စက်တင်ဘာလ ၂၇ ရက်နေ့တွင်မလေးရှားကာကွယ်ရေးဝန်ကြီးဌာနမှ တည်ဆောက်မည့်စစ်သင်္ဘောဒီဇိုင်း၊လက်နက်နှင့်တပ်ဆင်သွားမဲ့ကိရိယာများကို Boustead Naval သင်္ဘောကျင်းသို့အချက်အလက်များပေးပို့ခဲ့ပါသည်။

ယခုတည်ဆောက်မည့် Littoral Combat Ships (LCS) ၏အလျားမှာ ၁၁၁ မီတာရှိပြီး တန်ချိန် ၃၀၀၀ ခန့်ရှိပါသည်။

LCS ၏ဒီဇိုင်းမှာပြင်သစ်နိုင်ငံထုတ် Gowind Combat Ship ဒီဇိုင်းကို အခြေခံထားပြီးတပ်ဆင်အသုံးပြုသွားမဲ့လက်နက်နှင့်အခြားခေတ်မှီကိရိယာတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

- BAE Systems Bofors 57mm stealth main gun
- SETIS combat management system
- Rheinmetall Fire Control Systems (TMX/EO Mk2 and TMEO Mk2) 
- MTU engines. 
- Thales Smart-S Mk2 radar
- Thales Captas 2 towed array sonar
- MSI-Defence 30mm guns
- MBDA Mica VL for air defense in VLS cells
- MBDA MM40 Exocet BlkIII anti-ship missiles
 

စည်သူ
30,Oct 13

27 October 2013

Baynunah-class Corvette

Baynunah-class ပဲ့ထိန်းဒုံးတပ်ကော်ဗက်စစ်ရေယာဉ်


UAE ရေတပ်သုံး Baynunah-class ပဲ့ထိန်းဒုံးတပ်ကော်ဗက်စစ်ရေယာဉ်မှာ အလျား ၇၁၃ မီတာ၊တန်ချိန် ၉၁၅ တန်နှင့် တစ်နာရီလျှင် ရေမိုင် ၃၀ ကျော်ခုတ်မောင်းနိုင်ပါသည်။ ပင်လယ်ပြင်တွင် ၂,၄၀၀ (natural miles) ကျော်ခုန်မောင်းနိုင်ပြီး ပင်လယ်ပြင်တွင် ၂ ပါတ်ကြာတာဝန်ထမ်းဆောင်နိုင်ပါသည်။

Baynunah-class ပဲ့ထိန်းဒုံးတပ်ကော်ဗက်စစ်ရေယာဉ်၏ Main Gun မှာ တစ်မိနစ်လျှင်အမြောက်ကျည် ၁၂၀ တောင့်ပစ်ခတ်နိုင်တဲ့ ၇၆ မမ (၆၂ ကာလီဗာ) OTO Melara အမြောက်တပ်ဆင်ထားပြီး အရန်စက်အမြောက်အဖြစ် ရေတပ်သုံး ၂၇ မမ Rheinmetall MLG 27 စက်အမြောက် ၂ လက်ပါရှိပါသည်။


ကော်ဗက်စစ်ရေယာဉ်တွင်တပ်ဆင်ထားတဲ့ဒုံးများမှာ ကီလိုမီတာ ၁၈၀ အထိပစ်ခတ်နိုင်တဲ့ MBDA Exocet MM40 block 3 သင်္ဘောဖျက်ဒုံး ၈ စင်း၊လေကြောင်းရန်ကာကွယ်ရေးအတွက် MK56 ဒေါင်လိုက်ပစ်ဒုံး ၈ စင်းပါ RIM-162 ESSM စနစ် ၄ ခု(၃၂ စင်း) ၊ လေကြောင်းရန် ကာကွယ်ရေးအတွက် MK49 mod3 ဒုံး ၂၁ စင်းပါ RAM block 1A စနစ် ၁ ခုပါရှိပါသည်။

ကော်ဗက်စစ်ရေယာဉ်တွင် Sea Giraffe AMB (agile multiple beam) 3D surveillance ရေဒါနှင့် Terma I-band navigation ရေဒါများတပ်ဆင်ထားပါသည်။
ထို့အပြင် Fire control ရေဒါအတွက် Selex Orion RTN 25 X-band ရေဒါကိုအသုံးပြုထားပါသည်။ 

Baynunah-class ပဲ့ထိန်းဒုံးတပ်ကော်ဗက်စစ်ရေယာဉ်မှာ မိုင်ချခြင်းနှင့်မိုင်းရှင်းလင်းရေးလုပ်ငန်းများလဲလုပ်ဆောင်နိုင်ပြီး အလတ်စားရဟတ်ယာဉ်ဆင်းတက်နိုင်သည့်ကွင်းပါရှိပါသည်။


စည်သူ
27,Oct 13

26 October 2013

ရုရှားရေတပ်၏Mistral-class ရဟတ်ယာဉ်တင်တိုက်ခိုက်ရေးသင်္ဘော


ရုရှားရေတပ်အတွက် ပြင်သစ်နိုင်မှ တည်ဆောက်ထားတဲ့ Mistral-class ရဟတ်ယာဉ်တင်တိုက်ခိုက်ရေးသင်္ဘော


 ရုရှားရေတပ်အတွက်ပြင်သစ်နိုင်ငံ DCNS သင်္ဘောကျင်းမှတည်ဆောက်ထားတဲ့ Mistral-class ရဟတ်ယာဉ်တင် တိုက်ခိုက်ရေးသင်္ဘောကို ယခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့ကရေချခဲ့ပါတယ်။

ပြင်သစ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့ သဘောတူညီချက်အရ Mistral-class ရဟတ်ယာဉ်တင် တိုက်ခိုက်ရေးသင်္ဘော ၂ စင်းကိုး အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံဖြင့် ၂၀၁၁ ခုနှစ်က စာချုပ် ချုပ်ဆိုခဲ့ပါတယ်။


ယခုရေချလိုက်တဲ့ Vladivostok အမည်ရှိ ရဟတ်ယာဉ်တင် တိုက်ခိုက်ရေးသင်္ဘော ကို ၂၀၁၄ ခုနှစ် မတ်လတွင် စမ်းသပ်ခုတ်မောင်းမည်ဖြစ်ပြီး၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင်ရုရှားရေတပ်သို့လွဲပြောင်းပေးမည်ဖြစ်သည်။ ရုရှားရေတပ်မှ ၄င်းရဟတ်ယာဉ်တင်သင်္ဘောကို ရုရှားထုတ်လက်နက်များနှင့်အခြားခေတ်မှီကိရိယာများတပ်ဆင်သွား မည်ဖြစ်သည်။

Mistral-class ဒုတိယ ရဟတ်ယာဉ်တင်သင်္ဘောကို ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ရေချနိုင်မည်ဖြစ်သည်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှပြောကြားချက်အရယခုရေလိုက်တဲ့ရဟတ်ယာဉ်တင်သင်္ဘော စမ်းသပ်ခြင်းနှင့် အတွေ့ အကြုံရယူခြင်းအပေါ်မူတည်၍ တတိယအစီးနှင့်စတုတ္ထအစီးတည်ဆောက်ခြင်းကို ဆုံးဖြတ်သွားမည်ဖြစ်သည်။


Mistral-class ရဟတ်ယာဉ်တင်သင်္ဘော မှာ ရဟတ်ယာဉ် ၁၆ စီး၊ကမ်းတက်ယာဉ် ၄ စီး၊ သံချပ်ကာယာဉ် အစီး ၇၀ နှင့် စစ်သည် ၄၅၀ ကိုတင်ဆောင်နိုင်ပါသည်။

 ရုရှားရေတပ်အနေဖြင့် Mistral-class ရဟတ်ယာဉ်တင်သင်္ဘောတွင် Kamov Ka-52K အမျိုးအစားတိုက်ခိုက်ရေး ရဟတ်ယာဉ် ၈ စီးနှင့် Ka-29/31 Helix အမျိုးအစား သယ်ယူပို့ဆောင်ရေးနှင့်တိုက်ခိုက်ရေးရဟတ်ယာဉ် ၈ စီး အသုံးပြုသွားမည်ဟု မျှော်လင့်ထားပါသည်။

စည်သူ
26,Oct 13

24 October 2013

Cutlass မောင်းသူမဲ့လေယာဉ်ငယ်

Cutlass မောင်းသူမဲ့လေယာဉ်ငယ်  (SUAS)


L-3 Unmanned Systems ကုမ္ပဏီထုတ်
Cutlass မောင်းသူမဲ့လေယာဉ်ငယ် ကို အမေရိကန်နိုင်ငံဝါရှင်တန်မှာကျင်းပတဲ့  Association of the United States Army(AUSA) 2013 ပွဲမှာပြသထားပါသည်။

Cutlass မောင်းသူမဲ့လေယာဉ်ငယ် ကိုလေယာဉ်ပေါ်မှလည်ကောင်း ၁၂၀ မီလီမီတာ (သို့) ၁၅၀ မီလီမီတာ အချင်းရှိတဲ့ ပြွန်ထဲမှလည်ကောင်း ပစ်လွတ်နိုင်ပါတယ်။
မြေပြင်မှ ၁၂၀ မီလီမီတာပြွန်ဖြင့်ပစ်လွတ်ရပြီး လေယာဉ်ပေါ်မှ ၁၂၀ မီလီမီတာ (သို့) ၁၅၀ မီလီမီတာ ပြွန်ဖြင့် ပစ်လွတ်နိုင်ပါသည်။

 Cutlass မောင်းသူမဲ့လေယာဉ်ငယ် မှာအလေးချိန် ၁၂ ပေါင်ရှိပြီး ၃ ပေါင်ရှိတဲ့ အလေးချိန်ကို သယ်ဆောင်နိုင်ပါသည်။လေထဲတွင်ပျံသန်းနိုင်တဲ့အချိန်မှာ ၁၅ မိနစ်မှ ၃၀ မိနစ်သာရှိပါသည်။


 Cutlass မောင်းသူမဲ့လေယာဉ်ငယ် ရဲ့ဒီဇိုင်းမှာ ကင်းထောက်ခြင်း၊စောင့်ကြည့်ခြင်းနှင့် သတင်းအချက်အလက်ရယူခြင်းလုပ်များလုပ်ဆောင်နိုင်စွမ်း ရှိပါသည်။
 မောင်းသူမဲ့လေယာဉ်ငယ်ကို လျှပ်စစ်မော်တာဖြင့်မောင်းနှင်ပြီး မြေပြင်/လေယာဉ်ပေါ်မှထိန်းချုပ်စေခိုင်းပျံသန်းစေပါတယ်။ မောင်းသူမဲ့လေယာဉ်ငယ်တွင် ကင်မရာ၊ဗွီဒီယိုကင်မရာနှင့် အခြားဆက်သွယ်ရေးကိရိယာများတပ်ဆင်ထားပြီး မြေပြင်/လေယာဉ်ပေါ်ရှိထိန်းချုပ်ရေးစခန်းသို့အချက်အလက်များတိုက်ရိုက်ပေးပို့နိုင်ပါသည်။
မောင်းသူမဲ့လေယာဉ်ငယ်တွင် တပ်ဆင်ထားတဲ့ low-light ကင်မရာမှာ နေ့ /ည အချိန်မရွေးတိုက်ရိုက် ရိုက်ကူးပေးပို့နိုင်ပြီး ပစ်မှတ်ရှာဖွေယူခြင်းနှင့် မြေပုံရိုက်ကူးခြင်းများလုပ်ဆောင်နိုင်ပါသည်။

စည်သူ
24,Oct 13

22 October 2013

XM25 ၂၅ မမ ဗုံးပစ်လောင်ချာ/ရိုင်ဖယ်

XM25 ၂၅ မမ ဗုံးပစ်လောင်ချာ/ရိုင်ဖယ်


လေထဲမှာပေါက်ကွဲတဲ့စနစ် (Airburst)သုံး XM25 ရိုင်ဖယ်/ဗုံးပစ်လောင်ချာကို Alliant Techsystems (အမေရီကန်) ကုမ္ပဏီနှင့် Heckler & Koch (ဂျာမနီ)ကုမ္ပဏီတို့မှပူးပေါင်း၍ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာပြီး L-3 IOS ကုမ္ပဏီမှ target acquisition/fire control (XM104) စနစ်ကိုထုတ်လုပ်ပေးထားပါတယ်။ 

Airburst စနစ်သုံး၂၅ မီလီမီတာ XM25 ရိုင်ဖယ်/ဗုံးပစ်လောင်ချာပစ်ခတ်ပုံကိုအနည်းငယ်ရှင်းပြရလိုပါတယ်။ XM25 ရိုင်ဖယ်သေနတ်မှာ Airburst စနစ်ဖြစ်ပြီး၂၅x၄၀ မီလီမီတာ ဗုံးသီးကျည်ကိုအသုံးပြုထားပါသည်။ သေနတ်၏မောင်းပြန်စနစ်မှာ gas-operated semi-automatic စနစ်ဖြစ်ပြီးကျည်အိမ်မှာ ၄ တောင့်သာ ဝင်ဆံ့ပါတယ်။ 


XM25 ရိုင်ဖယ်တွင် လေဆာရောင်ခြည်သုံးအကွာအဝေးတိုင်းကိရိယာနှင့်ပစ်ခတ်မှုကိုထိန်းချုပ်တဲ့ကိရိယာတပ်ဆင်ထားပါတယ်၊၄င်းကိရိယာမှာရန်သူရဲ့အကွာအဝေးကိုတိုင်းတာတွက်ချက်ပြီးပစ်မှတ်ကိုထိရောက်စေရန်အကူအညီပေးပါတယ်။ရိုင်ဖယ်ပစ်ခတ်သူမှ အနီး/အဝေးကို လိုက်၍မျက်မှန်းဖြင့်တွက်ချက်ပြီးတော့လဲပစ်ခတ်နိုင်ပါတယ်။

Airburst စနစ်သုံး၂၅ မီလီမီတာလောင်ချာကိုအကွာအဝေးတွက်ချက်ပြီးပစ်ခတ်လိုက်လျှင်၂၅ မမ ဗုံးသီးမှာရန်သူ့ အနီးတွင်(သို့ ) ရန်သူရဲ့အပေါ်လေထဲတွင်ပေါက်ကွဲစေပြီးရန်သူအားထိခိုက်ပျက်စီးစေရန်ရည်ရွယ်၍ဒီဇိုင်းဆွဲထုတ်လုပ်ထားတဲ့ဗုံးသီးဖြစ်ပါတယ်။အမိုးမရှိသည့်အကာအကွယ်များ၊တွင်းများနှင့်နံရံထောင့်များ အကြားပုံးကွယ်နေသောရန်သူအားပစ်ခတ်နိုင်ပါသည်။

XM25 ရိုင်ဖယ်ပစ်ခတ်နိုင်တဲ့ အကွာအဝေးကတော့ မီတာ ၇၀၀ ရှိပြီး ရန်သူ့ တည်နေရာကိုချိန်ရွယ်တွက်ချက်၍ပစ်ခတ်လျှင် မီတာ ၆၀၀ အတွင်း ရန်သူကိုထိရောက်စွာခြေမှုန်းနိုင်ပါတယ်။


XM25 ရိုင်ဖယ်မှာသာမန်ဗုံးပစ်လောင်ချာထက် ၃၀၀ % ပိုမိုထိရောက်မှုရှိတယ်လို့သိရပါတယ်။ 

 XM25 ရိုင်ဖယ်အလေးချိန်မှာ ၁၄ ပေါင်၊အလျားမှာ ၂၉ လက်မရှိပြီးဈေးနှုန်းမှာ ဒေါ်လာသုံးသောင်းခွဲဝန်းကျင်ခန့် ရှိပါတယ်။

 
စည်သူ
22,Oct 13

ဆွီဒင်နိုင်ငံထုတ် CBJ-MS စက်သေနတ်

ဆွီဒင်နိုင်ငံထုတ် CBJ-MS စက်သေနတ် 


CBJ-MS စက်သေနတ်ကို ဆွီဒင်နိုင်ငံအတွက် Saab Bofors Dynamics ကုမ္ပဏီမှထုတ်ထားခြင်းဖြစ်ပါတယ်။စက်သေနတ်မှာ Personal Defense Weapon (PDW) အမျိုးအစားလဲ ဖြစ်ပါတယ်။စစ်တပ်များတွင်တပ်ဆင်အသုံး ခြင်းမရှိပါဘူးလို့သိရပါတယ်။

CBJ-MS ရဲ့မောင်းပြန်စနစ်မှာ blowback-operated ဖြစ်ပြီးပစ်ခတ်အားကောင်းတဲ့အစ္စရေးနိုင်ငံထုတ်အူဇီသေနတ်ကို
အခြေခံထားပါတယ်။ သေနတ်ပြောင်း၂ မျိုးကိုလဲလည်တပ်ဆင်အသုံးပြုနိုင်တဲ့စက်သေနတ်လဲဖြစ်ပါတယ်။ယင်းကို  ၆.၅x၂၅ မမ ကျည် သုံးပြောင်း (သို့ ) နေတိုးစံဖြစ်တဲ့ ၉x၁၉ မမ ကျည်သုံးပြောင်းတို့ ဖြင့် သေနတ်ပြောင်း
ကိုလျှင်မြန်လွယ်ကူစွာပြောင်းလဲ၍ အသုံးပြု နိုင်ပါသည်။
  သေနတ်၏ Firing pin ကို 
မိမိကြိုက်နှစ်သက်တဲ့ ပစ်ခတ်နှုန်းအနှေး/အမြန် (closed bolt) ပေါ်မူတည်၍ ပြောင်းလဲတပ်ဆင်အသုံးပြုနိုင်တယ်လို့ လဲသိရပါတယ်။သေနတ်မောင်း (trigger) မှာ တစ်ချက်ဆွဲလျှင်တစ်တောင့် (single shot) သာပစ်ခတ်နိုင်ပြီး မောင်းအပြည့်ဆွဲလျှင် (Full automatics) ကျည်အတွဲလိုက်ပစ်ခတ်နိုင်ပါတယ်။

သေနတ်၏အလျားတစ်ခုလုံးမှာ ၃၆၅ မီလီမီတာသာရှိပြီး အလေးချိန်မှာ  (ကျည်မပါ) ၂.၈ ကီလိုဂရမ်သာရှိပါတယ်။
CBJ-MS စက်သေနတ်၏ပစ်ခတ်နှုန်းမှာ 
တစ်မိနစ်လျှင် ကျည်တောင့်ရေ ၇၀၀ နှုန်းဖြစ်၍ ပစ်ခတ်အားလဲကောင်းပါတယ်။
ပြောင်းထွက်ရှိန်မှာ တစက္ကန့် လျှင် (၂၇၂၃ ပေ/၈၃၀ မီတာ) ရှိပါတယ်။အဝေးဆုံးကျည်သွားနိုင်သည့် အကွာအဝေး ကတော့ မီတာ ၄၀၀ ကျော်ဖြစ်ပြီး ကျည်ထိရောက်မှု အကွာအဝေးကတော့ မီတာ ၁၅၀ ကျော် ဖြစ်ပါတယ်။


CBJ-MS စက်သေနတ်ကျည်အိမ်မှာ သုံးမျိုးခွဲခြားထားပြီး  ကျည် ၂၀ တောင့်ဆံ့ကျည်အိမ်၊ကျည် ၃၀ တောင့်ဆံ့ကျည်အိမ်နှင့် ကျည်  ၁၀၀ တောင့်ဆံ့ကျည်အိမ်တို့ ဖြင့် တပ်ဆင်ပစ်ခတ်နိုင်ပါသည်။


စည်သူ
22,Oct 13

21 October 2013

QF-16 မောင်းသူမဲ့တိုက်လေယာဉ်

QF-16 မောင်းသူမဲ့တိုက်လေယာဉ်  


ဘိုးရင်းကုမ္ပဏီမှအမေရိကန်လေတပ်အတွက် F-16 တိုက်လေယာဉ်ကို QF-16 မောင်းသူမဲ့တိုက်လေယာဉ်အဖြစ် စုစုပေါင်း ၆ စင်းပြုပြင်ပြောင်းလဲ(converted) လုပ်ထားပါတယ်။ 

QF-16 မောင်းသူမဲ့တိုက်လေယာဉ်ကို စက်တင်ဘာလကုန်ကTyndallလေတပ်မှာပထမဆုံးအကြိမ်းစမ်းသပ်ပျံသန်းခဲ့ရာအောင်မြင်မှုရရှိခဲ့ပါသည်။




QF-16 မောင်းသူမဲ့တိုက်လေယာဉ်  ကိုမြေပြင်မှလေယာဉ်မှုးနှစ်ဦးမှ ထိန်ချုပ်ပျံသန်းနိုင်ပါတယ်။ ထို့အပြင် QF-16မောင်းသူမဲ့တိုက်လေယာဉ်စမ်းသပ်ချိန်အတွင်းပျံသန်းတဲ့ အမြန်နှုန်းမှာ အသံထက် ၁ ဆခွဲခန့် (၁.၄၇) မြန်နှုန်း
ဖြစ်ပြီး အမြင့်မီတာ ၁၂,၂၀၀ အထိ ပျံသန်းနိုင်တယ်လို့သိရပါတယ်။

စည်သူ
21,Oct 13

Stabilised Integrated Gun Missile Array

Stabilised Integrated Gun Missile Array


အင်္ဂလန်နိုင်ငံ MSI-Defence Systems ကုမ္ပဏီမှရေတပ်သုံးစက်အမြောက်စနစ်တစ်မျိုးကိုကမ္ဘာပေါ်မှာရှိတဲ့ ရေတပ် coustmer များအတွက်ထုတ်လုပ်လိုက်ပါတယ်။

အသစ်ထုတ်လုပ်လိုက်တဲ့ Stabilised Integrated Gun Missile Array (SIGMA) စနစ်မှာ ရေတပ်သုံး ၃၀ မီလီမီတာ စက်အမြောက် (SEAHAWK) နှင့် THALES ကုမ္ပဏီထုတ် အပေါ့စားစွယ်စုံသုံး ဝေဟင်နှင့်မြေပြင်ပစ်ဒုံးကိုပေါင်းစပ်ထားခြင်းသာဖြစ်ပါတယ်။

SIGMA စနစ်မှာအကွာအဝေး ၆ ကီလိုမီတာ အတွင်းမှာရှိတဲ့ရေပြင်နှင့်ဝေဟင်မှရန်သူရဲ့ပစ်မှတ်များကိုတိုက်ခိုက်နိုင်စွမ်းရှိပါသည်။ 
 
SIGMA စနစ်ကိုအသေးစား ကင်းလှည့်ရေယာဉ်နှင့်မိုင်းရှာဖွေရေးရေယာဉ်များတွင် တပ်ဆင်အသုံးပြုနိုင်ပါသည်၊ထို့အပြင် ဖရီးဂိတ်ကဲ့သို့စစ်ရေယာဉ်၊တိုက်ခိုက်ရေးအမြန်ရေယာဉ်နှင့်ထောက်ပို့ရေယာဉ်များတွင်လဲအရန်လက်နက်အဖြစ်တပ်ဆင်အသုံးပြုနိုင်ပါသည်။

(Photo: Courtesy of MSI-Defence Systems Ltd.)

စည်သူ
21,Oct 13

SH-1 ၁၅၅ မီလီမီတာယာဉ်တင်အမြောက်

SH-1 ၁၅၅ မီလီမီတာယာဉ်တင်အမြောက်


SH-1 ၁၅၅ မီလီမီတာ ယာဉ်တင်အမြောက်ကို တရုပ်နိုင်ငံရှိလက်နက်ကုမ္ပဏီဖြစ်တဲ့ Norinco (China North Industries Corporation) မှဒီဇိုင်းဆွဲပြီး ၂၀၀၂ ခုနှစ်မှစတင်ကာထုတ်လုပ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင်အမြောက်နှင့်အမြောက်၏အချက်အလက်များကိုထုတ်ဖော်ပြသခဲ့ပါသည်။
တစ်ချိန်ထဲမှာပဲပါကစ္စတန်နိုင်ငံမှခန့်မှန်းခြေ SH-1 ယာဉ်တင်အမြောက် အစီး ၉၀ ခန့်ဝယ်ယူခဲ့ပြီး မြန်မာနိုင်ငံမှလဲ SH-1 ယာဉ်တင်အမြောက်စနစ်ကိုအသုံးပြုသည်ဟုသိရပါသည်။


Norinco ကုမ္ပဏီမှ ထုတ်လုပ်သော SH-1 အမြောက်သည် ပြည်ပလက်နက်ဈေးကွက် အတွက်ရည်ရွယ်၍ထုတ်လုပ်ထားသော ၁၅၅ မီလီမီတာယာဉ်တင်အမြောက်စနစ်လဲ ဖြစ်ပါသည်။
SH-1ယာဉ်တင်အမြောက်ယာဉ်မှာ Wanshan Special Vehicle ကုမ္ပဏီထုတ် WS5252 ၆x၆ ဘီးတပ်လမ်းကြမ်းမောင်းယာဉ်ဒီဇိုင်းကိုအခြေခံထားပြီးသံချပ်ကာယာဉ်မောင်းခန်းပါရှိပါသည်။ 

SH-1 ယာဉ်တင်အမြောက်မှာ ပါဝင်တဲ့ကောင်းမွန်တဲ့အချက်များမှာ ခေတ်မှီခြင်း၊ကြီးမားတဲ့ပစ်ခတ်နှုန်းကိုပေးနိုင်ခြင်း၊လျှင်မြန်စွာလှုပ်ရှားနိုင်စွမ်းရှိခြင်း၊အမြောက်ယာဉ်အဆင့်မြင့်ခြင်း၊အရန်သင့်အသုံးပြုနိုင်တဲ့ဒီဇိုင်းဖြစ်ခြင်း၊ဈေးနှုန်းအသင့်အတင့်ရှိခြင်းစတဲ့အချက်တွေပဲဖြစ်ပါတယ်။

SH-1 အမြောက်၏ပင်မလက်နက်မှာ ၁၅၅ မီလီမီတာ(၅၂ကယ်လီဗာ) L52 ဟောင်ဝစ်ဇာ ဖြစ်ပါသည်။ SH-1 အမြောက်စနစ်သည် နေတိုးစံပြု (NATO Standard) ပြုလုပ်ထားတဲ့မည်သည့် ၁၅၅ မမ အမြောက်ကျည်နှင့်မဆိုပစ်ခတ်နိုင်ပြီး Norinco ကုမ္ပဏီထုတ် ၁၅၅ မမ ကျည်နှင့်လဲကောင်းစွာအသုံးပြုနိုင်ပါသည်။
SH-1 ယာဉ်တင်အမြောက်ပစ်ခတ်နိုင်သည့် အဝေးဆုံးအကွာအဝေးမှာ ၅၃ ကီလိုမီတာ (၃၃ မိုင်) အထိရှိပါသည်။ Russia Instrument Design Bureau (KBP) မှ ထုတ်လုပ်သော ၁၅၂ မီလီမီတာ Krasnopol ကျည်အပေါ် အခြေခံပြီး NORINCO ကုမ္ပဏီမှတီထွင်ထုတ်လုပ်သော ၁၅၅ မီလီမီတာ Semi-active Laser-guided ကျည်ကိုလည်းအသုံးပြုပစ်ခတ်နိုင်ပါသည်။ 
SH-1 အမြောက်ယာဉ်ပေါ်တွင် ၁၅၅ မမ ကျည်သယ်ဆောင်နိုင်သည့်ပမာဏမှာ ၂၅ တောင့်ဖြစ်ပြီးကျည်ထည့်သည့်အခန်းမှာပုံစံမတူ ၇ မျိုးရှိပါသည်။

SH-1 အမြောက်စနစ်တွင်လမ်းညွှန်စနစ်၊ တည်နေရာပြစနစ်၊ချိန်ရွယ်မှုစနစ်နှင့် ဆက်သွယ်မှုစနစ်များတပ်ဆင်ထားပြီး ကြံ့ခိုင် ထိန်းသိမ်းရန်နှင့်အဆင့် မြှင့်တင်ရန် ထူးထူးခြားခြားပုံစံထုတ်လုပ်ထားပါသည်။ အမြောက်စနစ်တွင်ကွန်ပျူတာ အသုံးပြု ထားသော ပစ်ခတ်မှု ထိန်းသိမ်းရေး စနစ်ကိုလည်း တပ်ဆင်ထားပြီး ၄င်းစနစ်မှ Muzzle Velocity Sensor သည် အချက်အလက်ကို ပစ်ခတ်မှု ထိန်းသိမ်းရေး ကွန်ပျူတာသို့ တိုက်ရိုက် ပေးပို့ပါသည်။

 SH-1 ယာဉ်ပေါ်တွင်တပ်ဆင်ထားသော ဆက်သွယ်ရေးစနစ်သည်အချက်အလက်များ ပေးပို့ရန်အမြောက်တပ်ခွဲ (သို့မဟုတ်) တပ်ရင်း၏ C4ISR ကွန်ယက် အတွင်းသို့ ဆက်သွယ် နိုင်ပါသည်။ 


(ဓာတ်ပုံ- QJC 88 ၁၂.၇ x ၁၀၈ မမ 
လေယာဉ်ပစ်စက်သေနတ်) 


SH-1 ယာဉ်တင်အမြောက်တွင် အရန်လက်နက်အဖြစ် တစ်မိနစ်လျှင် ကျည် ၅၆၀ မှ ၆၀၀ အထိ ပစ်ခတ်နိုင်တဲ့ QJC 88
၁၂.၇x ၁၀၈ မမ လေယာဉ်ပစ်စက်သေနတ်ကို ယာဉ်မောင်းခန်းအမိုးပေါ်တွင်တပ်ဆင်ထားပါသည်။

SH-1အမြောက်ယာဉ်တွင် ဒီဇယ်ဆီသုံးအင်ဂျင်အသုံးပြုထားပါသည်။ အမြောက်ယာဉ်သည်အမြန်ဆုံး ၁ နာရီလျှင် ၉ဝ ကီလိုမီတာ အထိမောင်းနှင်နိုင်ပြီး ခရီးအကွာအဝေး ကီလိုမီတာ ၆၀၀ သွားနိုင်ပါသည်။ SH-1 အမြောက်စနစ်၏တိုက်ပွဲဝင်အလေးချိန်မှာ ၂၂ တန်ဖြစ်ပြီးတပ်ဖွဲ့ ဝင် ၅ ဦးမှထိန်းချုပ် ပစ်ခတ်ပါသည်။ SH-1 ယာဉ်တင်အမြောက်ရဲ့ protection အပိုင်းမှာ အမြောက်ကျည်ပေါက်ကွဲ၍ ထွက်လာတဲ့အစအနများနှင့်လက်နက်ငယ်ကျည် (၇.၆၂ မမ ကျည်အထိ) ဒဏ်မှခံနိုင်ရည်ရှိပါသည်။

SH-1 အမြောက်တပ်ရင်းတစ်ခုဖွဲ့ စည်းပုံမှာ 
SH-1 ယာဉ်တင်အမြောက် ၂၄ စင်း၊အမြောက်တပ်ခွဲအမိန့်ပေးယာဉ် ၄ စီး၊အမြောက်တပ်ရင်းအမိန့်ပေးယာဉ် ၁ စီး၊မိုးလေဝသစောင့်ကြည့်တိုင်းတာတဲ့ရေဒါ ၁ ခု၊ ၆ ဘီးယက်ကင်းထောက်ယာဉ် ၄ စီးနှင့် အမြောက်တည်နေရာပြစနစ် ရေဒါ ၁ ခု ပါဝင်ပါသည်။

ကိုးကား-
၁။ Military-Today
၂။ မြဝတီမီဒီယာ
၃။ Army Recognition

(Source Photos: Army Recognition)

စည်သူ
21, Oct 13

Little Bird မောင်းသူမဲ့ရဟတ်ယာဉ်

Little Bird မောင်းသူမဲ့ရဟတ်ယာဉ်



Little Bird မောင်းသူမဲ့ရဟတ်ယာဉ်ကို ဘိုးရင်းကုမ္ပဏီမှထုတ်လုပ်ပြီး MD 530F အပေါစားရဟတ်ယာဉ်ကိုအခြေခံ၍တည်ဆောက်ထားပါသည်။

Little Bird မှာအင်ဂျင်တစ်လုံးတပ် မောင်းသူမဲ့လေယာဉ်ဖြစ်ပြီး သာမန်ရဟတ်ယာဉ်ကဲ့သို့ လေသူရဲ. ၁-၂ ဦးမှလဲမောင်းနှင်နိုင်သော ၂ မျိုးသုံး ရဟတ်ယာဉ်ဖြစ်ပါသည်။

၎င်းမောင်းသူမဲ့ရဟတ်ယာဉ်ကိုစစ်ဆင်ရေးများတွင်အဝေးထိန်းကိရိယာဖြင့်ထိန်းချုပ်၍လည်ကောင်း၊ရဟတ်ယာဉ်ကိုအစီအစဉ်ပေးညွှန်ကြားပြီး အလိုအလျောက်ထိန်းချုပ်၍လည်ကောင်း အသုံးပြုနိုင်ပါသည်။ 


Little Bird မောင်းသူမဲ့ရဟတ်ယာဉ်ကို ၂.၇၅ လက်မ ဒုံးကျည်များ၊ 

၁၂.၇ မီလီမီတာ 

GAU-19 စက်သေနတ်နှင့် လေဆာပဲ့ထိန်းလမ်းညွှန်စနစ်ပါတင့်ဖျက်ဒုံးများတပ်ဆင်အသုံးပြုနိုင်ပါသည်။


စည်သူ 
21, Oct 13 

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...