27 September 2015

First road test of new Thai DTI 8×8 wheeled Infantry Fighting Vehicle (IFV).

Defence Technology Institute  release photos of its 8×8 wheeled Infantry fighting vehicle  on the first road test. www.thaiarmedforce.com

ကာကူလ်စတပ်အပေါ့စားတင့်ဖျက်လက်နက်မျိုးကွဲနှစ်မျိုးဖြစ်တဲ့ M4 နဲ့  M1 ကိုနှိုင်းယှဉ်ပြသထားပုံ။


ကာကူလ်စတပ်အပေါ့စားတင့်ဖျက်လက်နက်ကိုဆွီဒင်နိုင်ငံက(၁၉၄၈)ခုနှစ်ကထုတ်လုပ်ခဲ့ပြီးစတင်အသုံးပြုခဲ့ကြတယ်။ဆွီဒင်ထုတ်ကာကူလ်စတပ်တင့်ဖျက်လက်နက်ကိုပဲတချိုနိုင်ငံတွေကပါပုံတူကူးယူပြီးကိုယ်ပိုင်ထုတ်လုပ်သုံးစွဲလာတာတွေလဲရှိပါတယ်။(အိမ်းနီးချင်းနိုင်ငံတွေမှာဆိုရင်အိန္ဒိယနိုင်ငံ။) အသုံးပြုတဲ့နိုင်ငံတွေကတော့ဗြိတိန်နဲ့ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်လောက်မှာတွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုနေကြပါတယ်။ကာကူလ်စတပ်တင့်ဖျက်လက်နက်ကိုအပေါ့စားတင့်ဖျက်လက်နက်(သို့ မဟုတ်) သံချပ်ကာဖျက်လက်နက်ဟု ယေဘုယခေါ်ဆိုနိုင်ပါတယ်။ဒီလက်နက်ရဲ့ဒီဇိုင်းကစစ်သုံးယာဉ်တွေသံချပ်ကာယာဉ်တွေအခိုင်အမာဆောက်ထားတဲ့ခံတပ်တွေနဲ့ တပ်ဖွဲ့ ဝင်တွေကို တိုက်ခိုက်ခြေမှုန်းဖို့ အဓိက ထုတ်လုပ်ထားပါတယ်။

ကာကူလ်စတပ်လက်နက် အရှည်က (၁)မီတာကျော်နဲ့ အလေးချိန်က ကျည်အပါအဝင် ၁၀ ကီလိုဂရမ်ကျော် လောက်လေးပါတယ်။မျိုးကွဲပေါ်မူတည်ပြီးအလေးချိန်အပြောင်းအလဲရှိပါတယ်။
ကာကူလ်စတပ်တင့်ဖျက်လက်နက်တွေထဲမှာ M2, M3 နဲ့ M4 ဆိုပြီး ယနေ့ သုံးနေတဲ့ မျိုးကွဲ ၃ မျိုးရှိပအတယ်။ M4 ကတော့နောက်ဆုံးပေါ်မနှစ်ကမှအမေရိကန်မှာပထမဆုံးထုတ်ပြသွားတယ် ခေတ်မှီတဲ့နောက်ဆုံးပေါ်မျိုးကွဲဖြစ်တယ်။ ပထမဆုံးမျိုးကွဲ M1 ကိုတော့ အသုံးမပြုတော့ဘူးလို့ ယူဆရပါတယ်။

ကာကူလ်စတပ်ကိုပစ်ခတ်ဖို့ အတွက် ကျည်ထိုးဖို့ နဲ့ ပစ်ခတ်ဖို့ အတွက်ဆိုပြီး လူနှစ်ဦးသုံးဖို့ သတ်မှတ်ထားတယ်။
အခြေအနေအရကျည်ထိုးသူနဲ့ပစ်ခတ်သူတစ်ယောက်ထဲပဲသုံးမယ်ဆိုရင်လဲပစ်ခတ်နိုင်ပါတယ်။ သို့ သော်ပစ်ခတ်နှုန်းကတော့ နည်းသွားပါလိမ့်မယ်။ကာကူလ်စတပ်တင့်ဖျက်လက်နက်မှာ အလေးချိန် ၃ ကီလိုလောက်လေးတဲ့ ၈၄ မမ ကျည်ကိုထည့်သွင်းပစ်ခတ်တယ်။ အဓိကသုံးတဲ့ကျည်အမျိုးအစားတွေကတော့ တင့်ဖျက်ကျည် လေကွဲကျည် ခွင်းကျည်
နဲ့ လင်းကျည် စသည် ကျည်အမျိုးအစားတွေရှိပါတယ်။

ကာကူလ်စတပ်တင့်ဖျက်လက်နက်ထိရောက်မှုအကွာတွေကတော့ တင့်တွေကို မီတာ ၁၅၀ အကွာအဝေးကနေ ပစ်ခတ်မှသာ ထိရောက်နိုင်ပြီးစစ်အခြေစိုက်စခန်းတွေခံစစ်စခန်းတွေကိုတော့ မီတာ ၇၀၀ ကျော်လောက်ကနေပြီးပစ်ခတ်တိုက်ခိုက်နိုင်ပါတယ်။ကာကူလ်စတပ်ကိုစကုပ်တွေနဲ့လေဆာရောင်ခြည်သုံးအကွာအဝေးတိုင်းကိရိယာတွေတပ်ပြီးအသုံးပြုလို့ လဲရတယ်။ နောက်ပိုင်းထွက်ရှိတဲ့ M4 ကာကူလ်စတပ် တင့်ဖျက်လက်နက်တွေမှာတော့နောက်ဆုံးပေါ်နည်းပညာတွေသုံးထားပြီး အလေးချိန်အားဖြင့် ၇ ကီလိုလောက်သာ လေးပါတော့တယ်။

Download High Resolution image @ http://i.imgur.com/2FgVD2f.jpg

15 September 2015

JL-10 ခေတ်မှီအမောင်းသင်ဂျက်လေယာဉ်

JL-10 ခေတ်မှီအမောင်းသင်ဂျက်လေယာဉ်

တရုတ်နိုင်ငံထုတ် Hongdu JL-10  advanced trainer လေယာဉ်ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (လေ) က PLAAF Public Day တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ပါသည်။ JL-10 ခေတ်မှီအမောင်းသင် ဂျက်လေယာဉ်ကို Hongdu Aviation Industry Corporation (HAIG) မှထုတ်လုပ်ထားပြီးလေတပ်နှင့်ရေတပ်တွင်လိုအပ်နေသည့်ခေတ်မှီအမောင်းသင်လေယာဉ်အတွက်ထုတ်လုပ်ထားခြင်းဖြစ်သည်။ JL-10 ၏ export အမည်မှာ L-15 Falcon ဖြစ်သည်။ ထိုင်ခုံနှစ်လုံပါ JL-10 အမောင်သင်လေယာဉ်သည် အလျား ၄၀ ပေ၊ တောင်ပံအလျား ၃၁ ပေ ရှိပြီး အမြင့် ၁၅.၈ ပေရှိပါသည်။ လေယာဉ်၏ empty weight မှာ ပေါင် ၉၉၀၀ ရှိပြီး Maximum Take-Off Weight မှာ အလေးချိန် ၁၄၃၀၀ ပေါင် ရှိပါသည်။အမောင်းသင်ဂျက်လေယာဉ်သည် တစ်နာရီလျင် အမြန်ဆုံး ၉၂၄ မိုင်အထိပျံသန်းနိုင်ပြီး အသံထက် ၁.၄ ဆ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပါသည်။ JL-10  တွင် ယူကရိန်းထုတ် Ivchenko Progress AI-222K-25 OR 2 x Ivchenko Progress AI-222K-25F afterburning turbofan engines ၂ လုံးတပ်ဆင်ထားသည်။ JL-10 လေယာဉ်ကို အပေါ့စား တိုက်လေယာဉ်အဖြစ်အသုံးပြုနိုင်ပြီး စစ်ဆင်နိုင်သည့် အချင်းဝက်မှာ ၃၄၅ မိုင်ရှိ၍ ferry range မှာ မိုင် ၂၀၀၀ ခန့် ရှိပါသည်။ JL-10 သည် တစ်မိနစ်လျင် ၃၉၃၅၀ ပေ နှုန်းဖြင့်တက်ရောက်နိုင်ပြီး အမြင့် ပေ ၅၂၅၀၀ အထိတက်ရောက် ပျံသန်းနိုင်ပါသည်။


PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...