10 October 2015

ဘင်္ဂလားဒေ့ရှ်လေတပ် Yak-130 ခေတ်မှီအမောင်းသင် အပေါ့စားတိုက်လေယာဉ်များလက်ခံရရှိ။

ဘင်္ဂလားဒေ့ရှ်လေတပ် အတွက်ဝယ်ယူထားသည့် ရုရှားထုတ် Yak-130 ခေတ်မှီအမောင်းသင် အပေါ့စားတိုက်လေယာဉ် ခြောက်စင်း ပထမအသုတ် လက်ခံရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Shah Amanat နိုင်ငံတကာလေဆိပ်တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ (၄) ရက်နေ့ညပိုင်းက အတည်ပြုပြောကြားလိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရုရှားထုတ် Yak-130 အမျိုးအစား အဆင့်မြင့်အမောင်းသင်လေယာဉ် (၁၄) စင်းအား ၀ယ်ယူထားပြီ ၂၀၁၅ ခုနှစ်တွင် လက်ခံရရှိမည်ဟု TASS သတင်းဌာနကဖော်ပြထားသည်။ အခြားဂျက်လေယာဉ် (၂) စင်းကိုလဲ၂၀၁၆ ခုနှစ်တွင် လက်ခံရရှိမည်ဟု ဖော်ပြထားပါသည်။"Yak-130"အမောင်းသင်ဂျက်လေယာဉ်သည် စတုတ္ထလွန်မျိုးဆက်တိုက်လေယာဉ်များနှင့်ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်များကိုမောင်းနှင်မည့်တိုက်လေယာဉ်မှုးများ အတွက် လေ့ကျင့်မောင်းနှင်ရန်ထုတ်လုပ်ထားသည့် အမောင်းသင်ဂျက်လေယာဉ်ဖြစ်ပြီး အပေါ့စားတိုက်လေယာဉ်အဖြစ်ပါ စစ်ဆင်ရေးများတွင် အသုံးပြုနိုင်သည်။ ၂၀၀၂ ခုနှစ်မှစ၍ Yak-130 အမောင်းသင်လေယာဉ်ကို ရုရှားလေတပ်တွင် အမောင်းသင် ဂျက်လေ့ကျင့်လေယာဉ်အဖြစ်စတင် အသုံးပြုခဲ့သည်။

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...