Showing posts with label Combat Engineer Vehicles. Show all posts
Showing posts with label Combat Engineer Vehicles. Show all posts

08 July 2014

ဂျာမနီထုတ် LEGUAN တံတားထိုးယာဉ်

ဂျာမနီထုတ် LEGUAN တံတားထိုးယာဉ်


LEGUAN တံတားထိုးယာဉ်ကို ဂျာမနီနိုင်ငံရှိ Krauss-Maffei Wegmann ကုမ္ပဏီမှထုတ်လုပ်ထားပြီး Leopard 2 တင့်အားအခြေခံထားသည့်စစ်အင်ဂျင်နီယာသုံးတံတားထိုးယာဉ်ဖြစ်သည်။ ဂျာမနီထုတ် LEGUAN တံတားထိုးယာဉ်မှာ ၂၆ မီတာအရှည်ရှိသည့်တံတားတစ်စင်း (သို့ ) ၁၄ မီတာအရှည်ရှိသည့် တံတားနှစ်စင်းပြုလုပ်နိုင်ပြီး ၂၆ မီတာအရှည်ရှိသည့်တံတားတစ်စင်းထိုးရန်အချိန် ၆ မိနစ်သာလိုအပ်ပြီး ၁၄ မီတာရှည်သည့်တံတားတစ်စင်းထိုးရန် အချိန် ၅ မိနစ်သာလိုအပ်မည်။ ထို့ အပြင်တံတားအားစတင်အသုံးပြုနိုင်ရန်အချိန် ၈ မိနစ်ခန့်သာလိုအပ်မည်ဖြစ်သည်။ 
Leguan တံတားထိုးယာဉ်အားအသုံးပြု၍ တံတားထိုးရန်စစ်သည်တစ်ဦးသာလိုအပ်ပြီးအကွာအဝေးတိုင်းတာတွက်ချက်ရန် CCD ကင်မရာပါရှိကာနေ့ ညအသုံးပြုနိုင်သည်။
LEGUAN တံတားထိုးယာဉ်ခံနိုင်ရည်ရှိသည့်ဝန်မှာ MLC 80 ဖြစ်သည်သည်။ ဇွန်လ ၂၆ ရက်နေ့က ကဆွီဒင်နိုင်ငံမှဂျာမနီထုတ် Leopard 2 တင့်အားအခြေခံထားသည့်စစ်အင်ဂျင်နီယာသုံး LEGUAN တံတားထိုးယာဉ် သုံးစီးနှင့်အတူလေ့ကျင့်ရေးကိရိယာများအား ယူရို ၃၄ သန်းဖြင့်ဝယ်ယူခဲ့ပြီး Leopard 2 တင့်ကိုအခြေခံထားသည့် LEGUAN တံတားထိုးယာဉ်အသုံးသည့်သုံးနိုင်ငံမြောက်လဲဖြစ်လာခဲ့သည်။

















 (Source Photos: KMW & Defesa Global)

စည်သူ
08, July 2014

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...