15 December 2014

ရည်ရွယ်ချက် အမျိုးမျိုးဖြင့် တပ်ဆင်ပေးထားသော မတူညီသည့် ယာဉ်ယန္တရားများကို နေရာမှန်ကန်စွာဖြင့် ထိရောက်စွာ ပေါင်းစည်း အသုံးပြုနိုင်သည်အထိ လေ့ကျင့်



တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တင့်အမြောက်စက်ပစ်ကွင်းတွင် တင့်စွမ်းရည် သရုပ်ပြသခဲ့သည့် အရာရှိ ၊ စစ်သည်များအား အမှာစကား ပြောကြားစဉ်


နေပြည်တော် ၊ ၁၅-၁၂-၂၀၁၄

ကမ္ဘာ့ စစ်သမိုင်းတွင် တင့်တပ်ဖွဲ့ ၏ စမ်းဆောင်မှု ၊ ခြေလျင် နှင့် တင့်တပ်ဖွဲ့ တို့၏ ပူးပေါင်း စစ်ဆင်မှု စွမ်းရည်တို့ကြောင့် အောင်မြင်မှု ရရှိခဲ့သော စစ်ပွဲများစွာ ရှိခဲ့ကြောင်း ၊ သို့ဖြစ်၍ အရည်အသွေး တိုးတက် မြင့်မားလာအောင် ထိရောက်စွာ လေ့ကျင့်သွားရန် နှင့် နေရာဒေသ မရွေး ၊ အချိန်ကာလ မရွေး စစ်ဆင်နိုင်စွမ်း ရှိအောင် လေ့ကျင့်သွားရန် လိုကြောင်း ၊ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် တပ်ဆင် ပေးထားသော မတူညီသည့် ယာဉ်ယန္တရား များကို နေရာ မှန်ကန်စွာဖြင့် ထိရောက်စွာ ပေါင်းစည်း အသုံးပြု နိုင်သည်အထိ လေ့ကျင့် သွားရန် လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက်ပိုင်း တွင် တင့်စွမ်းရည် သရုပ်ပြသ ခဲ့သည့် အရာရှိ၊ စစ်သည်များအား အမှာ စကားပြောကြား ရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် တို့လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်း တွင် ကျောက်ဆည် တပ်နယ်၊ သံချပ်ကာ ယန္တရား သင်တန်းကျောင်း ရှိ တင့်အမြောက် စက်ပစ်ကွင်းတွင် တင့်စွမ်းရည် သရုပ်ပြသမှုအား ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ကျောင်းအုပ်ကြီး က Command Team Tower တွင် တင့်စွမ်းရည်နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

တင့်ယာဉ်မောင်း စွမ်းရည် သရုပ်ပြသခြင်းတွင် Mount ( တောင် ၊ ကန်ပေါင် ) အတားအဆီးကို ဖြတ်ကျော် မောင်းနှင်ခြင်း စွမ်းရည် ပြသစဉ်

တင့်ယာဉ်မောင်း စွမ်းရည် သရုပ်ပြသခြင်းတွင် တံတားခင်းတင့်ဖြင့် အတားအဆီးအား တံတားခင်း သရုပ်ပြစဉ်

ထို့နောက် တင့်စွမ်းရည် ပြသမှု အစီအစဉ်အား ဆက်လက် ဆောင်ရွက်ရာ တင့်ယာဉ် မောင်းစွမ်းရည် သရုပ်ပြသခြင်း တွင် Mount (တောင်၊ ကန်ပေါင်) အတားအဆီးကို ဖြတ်ကျော် မောင်းနှင်ခြင်း၊ တာယာကွင်း (လယ်ကန်သင်း၊ ကမူငယ်) အတားအဆီးကို ဖြတ်ကျော် မောင်းနှင်ခြင်း၊ တိုင်ဝင် တိုင်ထွက် အတားအဆီးများ ဖြတ်ကျော် မောင်းနှင်ခြင်း၊ ၃ ပေအမြင့်ရှိ မြေပြင် အတားအဆီးကို ဖြတ်ကျော် မောင်းနှင်ခြင်း မီးခိုးမှိုင်းကာ ချ၍ မောင်းနှင်ခြင်း နှင့် ရွှံ့ညွန် အတားအဆီးကို ဖြတ်ကျော် မောင်းနှင်ခြင်း တို့ကို လည်းကောင်း၊ တင့်အမြောက် စွမ်းရည် သရုပ်ပြသ ပစ်ခတ်ခြင်းတွင် ရပ်တည် ပစ်မှတ်အား ၁၈ဝဝ မီတာ၊ ၁၆ဝဝ မီတာ အကွာအဝေး တို့မှ ရပ်လျက်/ မောင်းနှင်လျက် အနေအထားဖြင့် ပစ်ခတ်ခြင်း၊ ရွေ့လျား ပစ်မှတ်အား မီတာ ၁၄ဝဝ အကွာ မှ ပစ်ခတ်ခြင်း တို့ကို လည်းကောင်း၊ တံတားခင်း တင့်ဖြင့် အတားအဆီး အား တံတားခင်း သရုပ် ပြသခြင်း တို့ကို လည်းကောင်း တင့်အမျိုးအစား ငါးမျိုးတို့ဖြင့် အစီအစဉ်တိုင်း စွမ်းရည်ပြသ ခဲ့ကြသည်။

စွမ်းရည်ပြသမှု အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က စွမ်းရည်ပြသမှုတွင် ပါဝင်သော အရာရှိ၊ စစ်သည်များအား အမှာစကား ပြောကြားရာတွင် သံချပ်ကာသည် ခြေလျင်တပ် နည်းတူ ရှေ့တန်းတွင် ချေမှုန်းရေး တိုက်ပွဲဝင်သော တိုက်ခိုက်ရေး တပ်ဖွဲ့ဖြစ်ကြောင်း၊ ပစ်အားနှင့် စစ်ကစားမှုသည် အလွန် အရေးကြီး၍ ထိရောက်စွာ အသုံးချတတ်ရန် လိုကြောင်း၊ တင့်နှင့် သံချပ်ကာ သည် ပြင်းထန် ထိရောက်စွာ လှုပ်ရှား စစ်ကစား နိုင်ပြီး ခြေလျင်တပ် နည်းတူ ရန်သူ့နယ်မြေကို တက်ရောက် သိမ်းပိုက် သည်အထိ အနီးကပ် ချီတက် ချေမှုန်းတိုက်ခိုက် နိုင်ကြောင်း၊ တင့်နှင့် သံချပ်ကာသည် သဘော သဘာဝ တူညီဟန် ရှိသော်လည်း လုပ်ဆောင်ချက် ကွဲပြားမှုများ ရှိသဖြင့် ခွဲခြား နားလည် တတ်ကျွမ်းရန် လိုကြောင်း၊ မိမိကိုယ်ကို မိမိ ယုံကြည်မှု ရှိရေး၊ မိမိတပ်အပေါ် ယုံကြည်မှုရှိရေး၊ တပ်မတော်အပေါ် ယုံကြည်မှု ရှိအောင် ဖြည့်ဆည်း လေ့ကျင့် တည်ဆောက် ပေးလျက်ရှိရာ မိမိကိုယ်ကိုကောင်းအောင် တည်ဆောက် ထိန်းသိမ်းသွားရန် လိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် မိတ္ထီလာ တပ်နယ်ရှိ တပ်မတော် အကြီးစား စက်ရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်၊ ဒုတိယ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် နှင့် စက်ရုံမှူး တို့က လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ ရှင်းလင်း တင်ပြသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာတပ်နယ်ရှိ တပ်မတော် အကြီးစားစက်ရုံ အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးစဉ်


ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းရှိ Forging Shop ၊ Founding Shop ၊ Machine Shop ၊ Assembly Shop များအတွင်း အဓိကအင်ဂျင် အစိတ်အပိုင်း ထုတ်လုပ်နေမှု အဆင့်ဆင့် အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ စက်ရုံတွင် အဓိက Engine အစိတ်အပိုင်းများ၊ Gear အစိတ်အပိုင်းများ နှင့် Heavy Duty Truck အင်ဂျင်များ ထုတ်လုပ်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

Source: Themyawadydaily
#မြ၀တီနေ့စဉ်

10 December 2014

15P self-propelled ယာဉ်အမြောက်



တရုတ်နိုင်ငံရှိ Sichuan Aerospace Industry Corporation (SCAIC) လက်နက်ကုမ္ပဏီမှဒီဇိုင်းဆွဲထုတ်လုပ်ထားသည့် 15P self-propelled ယာဉ်အမြောက်စနစ်မှာ လမ်းကြမ်းမောင်းလေးဘီးယက်(4x4) Shaanxi Automotive SX2110C ယာဉ်အားအခြေခံ၍တည်ဆောက်ထားပြီး နိုဝင်ဘာလအတွင်းကတရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် (၁၀) ကြိမ်မြောက် China International Aviation & Aerospace Exhibition 2014 (Airshow China 2014) တွင်ပထမဆုံးအကြိမ်ထုတ်ဖော်ပြသခဲ့သည်။ 15P ယာဉ်အမြောက်စနစ်မှာလေကြောင်းချီတပ်ဖွဲ့ များနှင့်ရုတ်ခြည်းတန်ပြန်တိုက်ခိုက်ရေးတပ်ဖွဲ့ များအသုံးပြုနိုင်သည့်ယာဉ်တင်အမြောက်လဲဖြစ်သည်။


15P ယာဉ်တင်အမြောက်စနစ်မှာအမိုးပွင့်ဖြစ်ပြီး ယာဉ်၏ရှေ့ပိုင်းတွင် ဒရိုင်ဘာနှင့်ကွန်မန်ဒါအတွက်ထိုင်ခုံပါရှိသည်။ ယာဉ်မှာလက်နက်ငယ်ပစ်ခတ်တိုက်ခိုက်မှူဒဏ်အားခံနိုင်ရည်ရှိသည်။15P ယာဉ်တင်အမြောက်စနစ်၏ပင်မလက်နက်မှာ ၁၀၅ မမ ဟောင်ဝဇ္ဇာအမြောက်ဖြစ်ပြီးယာဉ်၏နောက်ပိုင်းတွင်ချိတ်ဆက်ထားသည်။ ထို့ အပြင်အရန်လက်နက်အဖြစ် ၁၂.၇ မမ စက်သေနတ်ကြီးအားဆုံလည်ဖြင့်တပ်ဆင်ထားပြီးအနိပ့်ပျံလေယာဉ်ရဟတ်ယာဉ်များနှင့်မြေပြင်ရှိပစ်မှတ်များအားပစ်ခတ်တိုက်ခိုက်နိုင်သည်။


 ယာဉ်တင်အမြောက်စနစ်၏အရှေ့ပိုင်းတစ်ဖက်တချက်စီတွင် မီးခိုးဗုံးပစ်လောင်ချာလေးလုံးစီအားတပ်ဆင်ထားကြောင်းတွေ့ ရသည်။ 15P ယာဉ်တင်အမြောက်စနစ်တွင်တပ်ဆင်ထားသည့် ၁၀၅ မမ အမြောက်မှာ ၁၀.၈ ကီလိုမီတာအကွာအဝေးအထိပစ်ခတ်နိုင်ပြီး NATO "စံ"ပြုထုတ်လုပ်ထားသည့်မည်သည့် ၁၀၅ မမ ကျည်နှင့်မဆိုထည့်သွင်းပစ်ခတ်နိုင်ကာ projectiles ပါရှိသည့် ၁၀၅ မမ အမြောက်ကျည်များဖြင့်လဲပစ်ခတ်နိုင်သည်။ ထို့ အပြင် 15P ယာဉ်တင်အမြောက်စနစ်အားတင့်ဖျက်အမြောက်(သို့ ) ပစ်ကူယာဉ်အဖြစ်လဲအသုံးပြုနိုင်သည်။ ယာဉ်တင်အမြောက်စနစ်၏စုစုပေါင်းအလေးချိန်မှာ ၁၅ တန်ခန့် ရှိပြီး driver, commander နှင့် ၁၂.၇ မမ gunner အပါအဝင်စစ်သည်ရှစ်ဦးမှယာဉ်တင်အမြောက်အားထိန်းချုပ်ပစ်ခတ်ပါသည်။ 15P အမြောင်တင်ယာဉ်မှာတစ်နာရီလျှင် ၁၀၀ ကီလိုမီတာ အမြန်နှူန်းဖြင့်မောင်းနှင်နိုင်ပြီး ၁.၁ မီတာ(၃ ပေကျော်) ရှိသည့်ရေအနက်အား ကြိုတင်ပြင်ဆင်ခြင်းမပြုပဲဖြစ်ကူးနိုင်သည်။ ယာဉ်တင်အမြောင်စနစ်တွင်နိုင်ငံတကာစံနှူန်းများအတိုင်းရေဒီယိုဆက်သွယ်ရေးကိရိယာများ၊ ဘီးအပိုတစ်လုံးနှင့် self-recovery winch တစ်လုံးလဲတပ်ဆင်ထားသည်။

(Photos by Army Recognition)



06 December 2014

AGM-65 Maverick ဒုံးကျည်

အမေရိကန်လေတပ်သုံး မြေပြင်တိုက်ခိုက်ရေး A-10C လေယာဉ်ပေါ်မှ AGM-65 Maverick ဒုံးကျည်အားပစ်ခတ်နေပုံ



အမေရိကန်ထုတ်ပဲ့ထိန်းစနစ်သုံး AGM-65 Maverick ဒုံးကျည်မှာဝေဟင်မှမြေပြင်ပစ်ဒုံးကျည် အမျိုးအစားဖြစ်ပြီးအနီးကပ်ပစ်ကူပေးရာတွင်အသုံးပြုသည်။ AGM-65 ဒုံးကျည်၏ဒီဇိုင်းမှာသံချပ်ကာယာဉ်များ၊လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊
စစ်သင်္ဘောများ၊မြေပြင်မှအဆောက်အအုံများနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များအားတိုက်ခိုက်နိုင်ရန်ဒီဇိုင်းဆွဲထားသည့် tactical ဒုံးကျည်ဖြစ်ပြီး အကွာအဝေး ၂၂ ကီလိုမီတာ (၁၂ မိုင်) ကျော်အထိပစ်ခတ်နိုင်စွမ်းရှိသည်။ AGM-65 ဒုံးကျည်တွင် electro-optical ပဲ့ထိန်းစနစ်သုံးဒုံးကျည်၊ laser ပဲ့ထိန်းစနစ်သုံးဒုံးကျည်နှင့် infra-red ပဲ့ထိန်းစနစ်သုံးဒုံးကျည်ဟူ၍ခွဲခြားထားပြီး ဒုံးကျည်ထိပ်ဖူးတွင် delayed-action fuze (သို့ ) fuze ကိုတပ်ဆင်အသုံးပြုထားသည်။
AGM-65 Maverick ဒုံးကျည်ကိုဗီယက်နမ်စစ်ပွဲ၊အီရတ်-အီရန်စစ်ပွဲ၊ပါရှန်ပင်လယ်ကွေ့ စစ်ပွဲ၊အီရန်စစ်ပွဲနှင့်လစ်ဗျားပြည်တွင်းစစ်ပွဲတွင်အသုံးပြုခဲ့ပြီးဥရောပတွင်အများအသုံးပြုသည့်ဒုံးကျည်လဲဖြစ်သည်။

 

05 December 2014

ဘင်္ဂလားဒေ့ရှ်ရေတပ်အတွက်တည်ဆောက်ထားသည့် Type 056 ကော်ဗက်စစ်ရေယာဉ်ရေချ




ဘင်္ဂလားဒေ့ရှ်ရေတပ်အတွက်တည်ဆောက်ထားသည့် Type 056 (Jiangdao class) အတန်းအစားကော်ဗက်စစ်ရေယာဉ် Shadhinota (F111) အားနိုဝင်ဘာလ(၃၀) ရက်နေ့ကတရုတ်နိုင်ငံရှိ"Wuchang"သင်္ဘောကျင်းတွင်ရေချခဲ့ကြောင်းသိရှိရသည်။


Type 056 (Jiangdao class) ကော်ဗက်စစ်ရေယာဉ်အကျဉ်း။
========================

Type 056 ကော်ဗက်စစ်ရေယာဉ်ကို Chinese shipyard CSSC (China State Shipbuilding Corporation) မှဦးစီး၍တည်ဆောက်ပြီးယခုလက်ရှိတရုပ်ရေတပ်မှအစီးရေ ၂၀ ကျော်မှာယူထားသည့်ကော်ဗက်စစ်ရေယာဉ်ဖြစ်သည်။ Type 056 ကော်ဗက်စစ်ရေယာဉ်မှာ အလျား ၈၉ မီတာ၊တန်ချိန် ၁,၃၆၅ တန်မှ ၁,၄၄၀ တန်ခန့်ရှိပြီး ရေမိုင် (၁၈ မိုင်) နှုန်းဖြင့် မိုင်၂,၀၀၀ ခန့် စစ်ဆင်နိုင်သည်။ ကော်ဗက်စစ်ရေယာဉ်မှာ တစ်နာရီလျှင်အမြန်နှုန်းရေမိုင်(၂၈)မိုင်အထိခုတ်မောင်းနိုင်သည်။ Type 056 ကော်ဗက်စစ်ရေယာဉ်၏ဒီဇိုင်းမှာခေတ်မှီလက်နက်များအာရုံခံကိရိယာများနှင့်ရေဒါလွတ်နည်းပညာများပေါင်းစပ်ထားတဲ့ခေတ်မှီကော်ဗက်စစ်ရေယာဉ်တစ်စီးလဲဖြစ်သည်။

Type 056 ကော်ဗက်စစ်ရေယာဉ်၏အဓိအားဖြင့်လုပ်ဆောင်ရမည့်တာဝန်မှာကင်းလှည့်ရေယာဉ်အဖြစ်တာဝန်ထမ်းဆောင်ခြင်း၊ပင်လယ်ပြင်တွင်အစောင့်အရှောက်အနေဖြင့်လိုက်ပါတာဝန်ယူခြင်း၊ရေငုတ်သင်္ဘောစစ်ဆင်ရေးများတွင်ပါဝင်ခြင်း၊သီးခြားစစ်ဆင်ရေးဆင်ရေးပြုလုပ်ခြင်းနှင်အခြားတပ်ဖွဲ့ များနှင့်ပူပေါင်းစစ်ဆင်ရေးပြုလုပ်ခြင်းတို့ပဲဖြစ်ပါသည်။ တရုပ်ရေတပ်တွင် အသုံးပြုမည့် Type 056 ကော်ဗက်စစ်ရေယာဉ်အမျိုးအစားအများမှာ
patrol အမျိုးအစား၊ ASW အမျိုးအစား၊
ASuW အမျိုးအစား၊ AAW အမျိုးအစားနှင့်
commander အမျိုးအစားဟူ၍ခွဲခြားထားသည်။ Type 056 ကော်ဗက်စစ်ရေယာဉ်မှာအမျိုးအစားကွဲ အများအပြားရှိသော်လည်းပြည်ပသို့တင်ပို့ရောင်းချသည့်ကော်ဗက်စစ်ရယာဉ်အမျိုးအစားမှာဝယ်သူ၏လိုအပ်ချက်ကိုလိုက်၍လိုအက်သည့်လက်နက်များအီလက်ထရောနစ်ကိရိယာများကိုတပ်ဆင်ပေးပါသည်။ ယနေ့အချိန်အထိပြည်ပသို့တင်ပို့ရောင်းချခဲ့သည့်အမျိုးအစား (၃)မျိုးရှိပြီးစစ်ရေယာဉ်ရဲ့ဒီဇိုင်းမှာပုံစံတူညီပြီးလက်နက်အပိုင်းတွင်သာအနည်းငယ်အပြောင်းအလဲရှိပါသည်။


Type 056 ကော်ဗက်စစ်ရေယာဉ်မှာတပ်ဆင်ထားတဲ့လက်နက်များမှာရေယာဉ်၏ဦးပိုင်းတွင် ၇၆ မီလီမီတာ H/PJ-26 Main Gun အမြောက်တစ်လက် (ရုရှားထုတ် AK-176 နှင့်ပုံစံတူ)၊
၃၀ မီလီမီတာ H/PJ-17 စက်အမြောက် (auto/manual) ၂ လက်၊ ၃၂၄ မီလီမီတာတော်ပီတို ပစ်စင် ၂ ခု (၆ စင်း) (သို့ ) Type 3200 ASW rocket launchers နှစ်စုံ၊ YJ-83 (C-803)  အမျိုးအစားသင်္ဘောဖျက်ဒုံး(၄)စင်းနှင့်လေကြောင်းရန်ကာကွယ်ရေးအတွက် AJK-10( HQ-10) / FL-3000N (Chinese RIM-116 Rolling Airframe Missile) အမျိုးအစား တာတိုပစ် ဒုံး ၈ စင်းပါဘလော့တစ်ခုတပ်ဆင်ထားသည်။ ထို့ အပြင်ကော်ဗက်စစ်ရေယာဉ်ပေါ်တွင် Z-9C ကဲ့သို့ အပေါ့စားရဟတ်ယာဉ်တက်ဆင်းပြုလုပ်နိုင်ရန်ရဟတ်ယာဉ်ကွင်းလဲပါရှိပါသည်။

တရုတ်ရေတပ်မှ Type 056 ကော်ဗက်စစ်ရေယာဉ်များကို Jianghu class ဖရီးဂိတ်များနှင့် Type 037 ကင်းထောက့်စစ်ရေယာဉ်များ၏နေရာတွင်အစားထိုးသွားမည်ဖြစ်ပြီးတရုပ်ရေတပ်ရဲ့ပင်မကြောရိုးဖြစ်လာမဲ့ခေတ်မှီကော်ဗက်စစ်ရေယာဉ်အမျိုးအစားလဲဖြစ်ကြောင်းသိရှိရသည်။


(Photo: Army Recognition)


PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...