28 July 2014

PTL-02 တင့်ဖျက်ယာဉ် (သို့ ) PTL-02 Fire Support Vehicle (FSV)




(ဓါတ်ပုံ- တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်စစ်ရေးပြခန်းတွင်တွေ့ ရသည့် PTL-02 ၁၀၀ မမ တင့်ဖျက်ယာဉ်)

PTL-02 တင့်ဖျက်ယာဉ်တွင် ၁၀၀ မမ (သို့ ) ၁၀၅ မမ အမြောက်တပ်ဆင်ထားပြီး တရုတ်နိုင်ငံရှိ Norinco လက်နက်ကုမ္ပဏီမှဒီဇိုင်းဆွဲထုတ်လုပ်ထားသည်။ PTL-02 တင့်ဖျက်ယာဉ်၏ဒီဇိုင်းမှာသံချပ်ကာယာဉ်များ၊ဘန်ကာများ၊ရန်သူ့ ခံစစ်များနှင့်လှူပ်ရှားနေသည့်ပစ်မှတ်များအားပစ်ခတ်ဖျက်ဆီးရန်ဒီဇိုင်းဆွဲထုတ်လုပ်ထားသော်လည်း ပင်မတိုက်ပွဲဝင်တင့်ကား (MBT) များကိုဖျက်ဆီးနိုင်ခြင်းမရှိကြောင်းသိရှိရသည်။ PTL-02 တင့်ဖျက်ယာဉ်တွင်နည်းပညာများပြည့်စုံစွာတပ်ဆင်ထားပြီးကုန်ကျစရိတ်အနည်းဆုံးနှင့်အလွယ်တကူသယ်ယူပို့ဆောင်အသုံးပြုနိုင်အောင်ပြုလုပ်ထားသည်။ တရုတ်နိုင်ငံမှ PTL-02 တင့်ဖျက်ယာဉ်ကို ၂၀၀၄-၂၀၀၅ ခုနှစ်မှစတင်၍အစီးရေအနည်ငယ်သာ ထုတ်လုပ်ခဲ့ပြီးစတင်အသုံးပြုခဲ့သည်။

  PTL-02 တင့်ဖျက်ယာဉ်တွင် ၁၀၀ မမ high-pressure, low-recoil smoothbore အမြောက် (သို့ ) ၁၀၅ မမ low-recoil (muzzle brake) အမြောက်ကိုပင်မလက်နက်အဖြင့် တပ်ဆင်အသုံးပြုထားသည်။ Type 86 towed anti-tank gun မှဆင်းသက်လာသည့် ၁၀၀ မမ အမြောက်နှင့် ၁၀၅ မမ အမြောက်တွင်သံချပ်ကာဖောက်ကျည် (APFSDS) ၊ ဖျက်အားပြင်း HEAT ကျည်နှင့် HE ကျည်များထည့်သွင်းပစ်ခတ်နိုင်သည်။ တင့်ဖျက်ယာဉ်၏ကျည်ထိုးစနစ်မှာ Manual (ခေါ်) လက်ထိုးဖြစ်ပြီး တစ်မိနစ်လျှင် ၈ တောင့်မှ ၁၀ တောင့်အထိပစ်ခတ်နိုင်သည်။
တင့်ဖျက်ယာဉ်တွင်သယ်ဆောင်နိုင်သည့်ကျည်ပမာဏမှာ ၁၀၀ မမ (သို့ ) ၁၀၅ မမ ကျည် (၃၀) တောင့်၊ ၁၂.၇ မမ ကျည် (၄၈၀) တောင့်နှင့် ၇.၆၂ မမ ကျည် (၈၀၀) တောင့်ပါရှိသည်။ တင့်ဖျက်ယာဉ်၏ အမြောက်တွင်ပစ်မှတ်အားတိကျစွားပစ်ခတ်နိုင်ရန် Type 37A light-spot fire control system , night vision နှင့် laser rangefinder များလဲတပ်ဆင်ထားသည်။ တင့်ဖျက်ယာဉ်တွင် အရန်လက်နက်ငယ်ဖြစ်သည့် ၇.၆၂ မမ စက်သေနတ်ကို ပင်မအမြောက်နှင့်တွဲဖက်ထားပြီး ၁၂.၇ မမ လေယာဉ်ပစ်စက်သေနတ်ကိုယာဉ်၏အမိုးပေါ်တွင်တပ်ဆင်ထားသည်။ ထို့ အပြင်တင့်ဖျက်ယာဉ်၏ဆုံလည်တစ်ဖက်တချက်စီတွင် မီခိုးဗုံးပစ်လောင်ချားသုံးခု/လေးခုစီတပ်ဆင်ထားသည်။ 

    PTL-02 တင့်ဖျက်ယာဉ်မှာ WZ 551 (ZSL92) 6x6 ယာဉ်အားအခြေခံထားပြီး အလျား ၈.၃ မီတာ (အမြောက်အပါအဝင်)၊ အကျယ် ၂.၈၆ မီတာနှင့် အမြင့် ၃.၁၅ မီတာရှိပြီး အလေးချိန် ၁၉ တန်ရှိကာတပ်ဖွဲ့ ဝင်ငါးဦးမှတင့်ဖျက်ယာဉ်အားထိန်းချုပ်ပစ်ခတ်မောင်းနှင်သည်။
တင့်ဖျက်ယာဉ်တွင်မြင်ကောင်ရေ ၃၂၀ (2,500r/min) ထုတ်လုပ်ပေးနိုင်သည့် ဂျာမနီဒီဇိုင်း BF8L413F 4-stroke, 8-cylinder, turbo-charged, air-cooled ဒီဇယ်အင်ဂျင်ကိုအသုံးပြုထားပြီး လမ်းပေါ်တွင်အမြန်ဆုံး ၈၅ ကီလိုမီတာ အထိမောင်းနှင်နိုင်ကာအကွာအဝေး ကီလိုမီတာ ၆၀၀ အထိစစ်ဆင်နိုင်သည်။ တင့်ဖျက်ယာဉ်တွင်တပ်ဆင်ထားသည့် ဂီယာဘောက်မှာ ရှေ့ဂီယာ (၉) ချက်နှင့်နောက်ဂီယာ (၁) ချက်ပါရှိသည်။ PTL-02 တင့်ဖျက်ယာဉ်တွင်တပ်ဆင်ထားသည့်စတီယာရင်အုံ၊လွတ်လပ်စွာလှူပ်ရှားနိုင်သည့်ဆိုင်းထိန်းစနစ်များနှင့် central inflating system (central type pressure regulation system ) များအား Power assisted ပြု၍လှူပ်ရှားမောင်းနှင်အသုံးပြုထားသည်။ တင့်ဖျက်ယာဉ်တွင် တပ်ဆင်ထားသည့် သံချပ်ကာ၏ခံနိုင်သည့်ပမာဏမှာ ၁၂.၇ မမ ကျည်နှင့်လက်နက်ကြီးအမြောက်ကျည်ဆန်မှပဲ့ထွက်လာသည့်အပိုင်းအစများ၏ဒဏ်ကိုခံနိုင်ရည်ရှိသည်။

  PTL-02 တင့်ဖျက်ယာဉ်တွင် Standard equipment များဖြစ်သည့်ဓါတုဇီဝနှင့်နျူကလီယားလက်နက်များရန်မှကာကွယ်နိုင်သည့်စနစ်၊ GPS စနစ်၊ ညကြည့်စနစ်၊အလိုအလျောက်မီးငြိမ်းသတ်သည့်စနစ်၊ Fire Control System, air conditioning စနစ်နှင့်စက်သွယ်ရေးကိရိယာများတပ်ဆင်ထားပြီး Main Gun (ခေါ်) ပင်မအမြောက်အား Fire Control System ဖြင့်ချိတ်ဆပ်ထားကာလှူပ်ရှားနေသည့်ပစ်မှတ်များအား ရပ်နေ/ရွေ့ လျားနေရင်းချိန်တွယ်ပစ်ခတ်နိုင်သည်။ တင့်ဖျက်ယာဉ်တွင် အသုံးပြုထားသည့် Fire Control System နှင့် Observation system ကို Type 88 ပင်မတိုက်ပွဲဝင်တင့်ကားမှ ကူးယူထားကြောင်းသိရသည်။
 
ပြည်ပတင်ပို့ သည့် PTL-02 တင့်ဖျက်ယာဉ် (ခေါ်) Fire Support ယာဉ် (Export version) ၏ဆုံလည်မှာ (wedge-shaped) ပုံသ္ဌာန်ရှိပြီးအလွယ်တကူခွဲခြားသိမြင်နိုင်သည်။ ထို့ အပြင်ပြည်ပတင်ပို့ သည့် တင့်ဖျက်ယာဉ်များမှာ ၁၀၅ မမ အမြောက်ကိုအသုံးပြုထားပြီး NATO စံချိန်အတိုင်းထုတ်လုပ်ထားသည့် ၁၀၅ မမ ကျည်ဖြင့်လဲထည့်သွင်းပစ်ခတ်နိုင်ကြောင်းသိရှိသည်။


















(Photos: Army Recognition, Today-Military & The People's Liberation Army)


စည်သူ
28, July 2014

RQ-11B Raven အပေါ့စားမောင်းသူမဲ့လေယာဉ်



  RQ-11B Raven အပေါ့စားမောင်းသူမဲ့လေယာဉ်ငယ်မှာ 
ရုတ်ခြည်းလျှင်မြန်စွာတပ်ဖြန့် နိုင်ရန်၊ဆက်သွယ်ရေးနှင့်စစ်ဆင်ရေးများတွင်မြန်ဆန်စွာရွေ့လျားနိုင်အောင်ဒီဇိုင်းဆွဲထုတ်လုပ်ထားပြီး ထောက်လှမ်းခြင်း၊ကင်းထောက်ခြင်း၊ စောင့်ကြည့်ခြင်းနှင့်စစ်သတင်းများရယူခြင်းလုပ်ငန်းများလုပ်ဆောင်နိုင်သည့် မောင်းသူမဲ့လေယာဉ်ငယ်ဖြစ်သည်။ Raven အပေါ့စားမောင်းသူမဲ့လေယာဉ်ငယ်ကို အမေရိကန်နိုင်ငံမှ ၂၀၀၄ ခုနှစ်မှစတင်၍ အစီးရေ ၁၉,၀၀၀ ကျော်ထုတ်လုပ်ခဲ့ပြီး အမေရိကန်လေတပ်၊ကြည်းတပ်၊မရိန်းတပ်နှင့်အထူးတပ်ဖွဲ့ ဝင်များတွင်စတင်အသုံးပြုခဲ့ကြသည်။ မောင်းသူမဲ့လေယာဉ်ငယ်ကို စစ်သုံးယာဉ်ပေါ်မှ Remote controlled အသုံးပြု၍ Manually (သို့ မဟုတ်) ခောတ်မှီအီလက်ထရွန်နစ်နည်းပညာများနှင့် GPS လမ်းညွှန်စနစ်သုံးအလိုအလျောက်မောင်းနှင်သည့်စနစ်ဖြင့်ထိန်းချုပ်မောင်းနှင်အသုံးပြုနိုင်သည်။ မောင်းသူမဲ့လေယာဉ်ငယ်၏ ရှေ့အောက်ပိုင်းတွင် Electro-optics ကင်မရာနှင့်အနီအောက်ရောင်ခြည်သုံး (IR) ကင်မရာတပ်ဆင်ထားပြီး သိမ်းငှက်ကဲ့သို့ လေတွင်ပျံဝဲကာ မြေပုံရိုက်ကူးခြင်းကွန်ပြူတာနှင့်ချိတ်ဆက်၍စစ်ဆင်ရေးအတွက်ကြိုတင်စီစဉ်နိုင်ခြင်း၊ဗွီဒီယိုရိုက်ကူးမှတ်တမ်းတင်နိုင်ခြင်းတို့ ပြုလုပ်နိုင်သည်။


   
   (ဓါတ်ပုံ-RQ-11B Raven အပေါ့စားမောင်းသူမဲ့လေယာဉ်အားအနီးကပ်တွေ့ မြင်ရပုံ။)

   Raven မောင်းသူမဲ့လေယာဉ်ငယ်၏ အလျားမှာ ၃ ပေ၊ အတောင်ပံအလျား ၄ ပေခွဲနှင့် အလေးချိန် ၄.၂ ပေါင်ရှိသည်။မောင်းသူမဲ့လေယာဉ်ငယ်မှာ တစ်နာရီလျှင် ၅၆ ကီလိုမီတာနှူန်းဖြင့်အမြင့် မီတာ ၃၀ မှ ၁၅၂ မီတာ အထိတက်ရောက်ပျံသန်းနိုင်ပြီး လေထဲတွင် မိနစ် ၆၀ မှ မိနစ် ၉၀ အထိပျံသန်းနိုင်ကာအကွာအဝေး(၁၀)ကီလိုမီတာအထိသွားရောက်နိုင်သည်။ Raven မောင်းသူမဲ့လေယာဉ်ငယ်တွင် ထင်ရှားသည့်ပင်ကိုလက္ခဏာများမှာ ပြေးလမ်းမလိုအပ်ခြင်း၊သေးငယ်ပေါ့ပါး၍လက်ဖြင့်ပစ်လွှတ်နိုင်ခြင်း၊အလိုအလျောက်ထိန်းချုပ်ပျံသန်း၍အလိုအလျောက်ဆင်းသက်နိုင်ခြင်း၊ရေစိုခံ၍အကြမ်းခံနိုင်ခြင်း၊ကြမ်းတမ်းတဲ့ရာသီဥတုအခြေအနေတွင်းယုံကြည်စိတ်ချစွာအသုံးပြုနိုင်ခြင်း၊ သတင်းအချက်အလတ်များအားအချိန်နှင့်တပြေးညီပေးပို့ နိုင်ခြင်းနှင့်စစ်မြေပြင်၍တပ်ဖွဲဝင်များအားထိထိရောက်ရောက်ကာကွယ်ပေးနိုင်ခြင်း တို့ ပြုလုပ်နိုင်ပြီးတပ်ဖွဲ့ ဝင်များအတွက် စစ်ဆင်ရေးများတွင်အရေးပါသည့်မောင်းသူမဲ့လေယာဉ်ငယ်ဖြစ်ကြောင်းဖော်ပြလိုက်သည်။


 (မောင်းသူမဲ့လေယာဉ်ငယ်အားပစ်လွှတ်နေပုံ)


 
 (မောင်းသူမဲ့လေယာဉ်ငယ်အားလွှတ်တင်ရန်တပ်ဆင်နေပုံ)



မောင်းသူမဲ့လေယာဉ်အား ထိန်းချုပ်မောင်းနှင်သူ (ညာဘက်) 



စည်သူ
28, July 2014

25 July 2014

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်မှ Atago class ဖျက်သင်္ဘော

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်မှ Atago class ဖျက်သင်္ဘော



Atago class ဖျက်သင်္ဘောမှာဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်တွင် အသုံးပြုနေသည့် Kongō class ဖျက်သင်္ဘောကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားသည့်ဖျက်သင်္ဘောဒီဇိုင်းအသစ်တစ်မျိုးဖြစ်ပြီး အမေရိကန်ရေတပ်မှ Arleigh Burke-class (Flight IIA) ဖျက်သင်္ဘော၏မျိုးကွဲတစ်မျိုးလဲဖြစ်သည်။ Atago class ပဲ့ထိန်းဒုံးတပ်ဖျက်သင်္ဘောအား Mitsubishi Heavy Industries ကုမ္ပဏီမှဂျပန်ကိုယ်ပိုင်ကာကွယ်ရေးစစ်တပ်အတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်းနှစ်စီးတည်းဆောက်ပေးခဲ့သည်။ Atago အတန်းအစားထဲမှပထမဆုံးဖြစ်သည့် JS Atago (DDG-177) ဖျက်သင်္ဘောအား ၂၀၀၅ ခုနှစ်တွင်ရေချခဲ့ပြီး ၂၀၀၇ ခုနှစ်ခုနှစ်တွင်တပ်တော်ဝင်ခဲ့သည်။ ထို့ နောက်ဒုတိယမြောက်အစီး JS Ashigara (DDG-178) ဖျက်သင်္ဘောအား ၂၀၀၈ ခုနှစ်တွင်တပ်တော်ဝင်စေခဲ့သည်။ Atago class ဖျက်သင်္ဘောတစ်စီး၏ ကုန်ကျစရိတ်မှာအမေရိကန်ဒေါ်လာ ၁.၄၈ ဘီလီယံ ကျော်ရှိသည်။ Atago class ဖျက်သင်္ဘော၏အလျားမှာ ၁၇၀ မီတာ၊ တန်ချိန် ၈,၄၈၈ တန် (Full load တန်ချိန် ၁၀,၀၀၀ ကျော်) ရှိပြီးအရာရှိနှင့်ရေတပ်သား ၃၀၀ လိုက်ပါတာဝန်ထမ်းဆောင်နိုင်သည်။ Atago class ဖျက်သင်္ဘောတွင်အင်ဂျင်လေးလုံးနှင့်ပန်ကာဒလတ်နှစ်ခုတပ်ဆင်ထားပြီးအမြန်ဆုံးရေမိုင် ၃၀ ( ၁ နာရီလျှင် ၅၅.၅၆ ကီလိုမီတာ) နှူန်းဖြင့်ခုတ်မောင်းနိုင်သည်။ Atago class ဖျက်သင်္ဘောမှာရေမိုင် (၂၀) နှူန်းဖြင့် ခရီးမိုင် ၄,၅၀၀ ခန့်စစ်ဆင်နိုင်စွမ်းရှိသည်။

    Atago class ဖျက်သင်္ဘောတွင်တပ်ဆင်ထားသည့် Main Gun မှာ Kongō class ဖျက်သင်္ဘောတွင်အသုံးပြုထားသည့်အမြောက်များနှင့်မတူပဲ ကယ်လီဗာမြင့်တင်ထားသည့် နောက်ဆုံးပေါ်ရေတပ်သုံး Mark 45 Mod 4 ၅ လက်မ (၆၂ ကယ်လီဗာ) အမြောက်ကိုတပ်ဆင်ထားကာ အကွာအဝေး ၃၈ ကီလိုမီတာ အထိပစ်ခတ်နိုင်စွမ်းရှိသည်။ Atago class ဖျက်သင်္ဘောတွင်အသုံးပြုထားသည့် Mark 45 Mod 4 အမြောက်ကိုအမေရိကန်ဆီမှလိုင်စင်ယူ၍ဂျပန်နိုင်ငံမှထုတ်လုပ်ထားခြင်းဖြစ်သည်။ Atago class ဖျက်သင်္ဘောတွင် ပင်မလက်နက်အဖြင့် VLS စနစ်သုံး Mark 41 အမျိုးအစား ဒုံး ၆၄ စင်းပါပစ်စင်တစ်ခုနှင့် ဒုံး ၃၂ စင်းပါပစ်စင်တစ်ခုပါရှိသည်။ ယင်း Mark 41 ဒုံးပစ်စင်ထဲတွင် လေကြောင်းရန်ကာကွယ်ရေးအတွက် တာလတ်ပစ် RIM66 SM-2 Block IIIA ဒုံးကျည်များ၊ ရေငုတ်သင်္ဘောဖျက် RUM-139 VL-ASROC ဒုံးကျည်များ၊ ဒုံးကျည်ကာကွယ်ရေးအတွက် RIM-161 SM-2 ဒုံးခွင်းဒုံးများနှင့်လေကြောင်းရန်ကာကွယ်ရေးအတွက် တာလတ်ပစ် RIM-162 ESSM ဒုံးကျည်များတပ်ဆင်ထားသည်။ Atago class ဖျက်သင်္ဘောတွင်တပ်ဆင်ထားသည့် အခြားလက်နက်များမှာ Mark 15 Block II Phalanx CIWS လက်နက်စနစ် (၂) စုံ၊ Mk-46/Type 73 ၃၂၄ မီလီမီတာ တော်ပီဒိုသုံးစင်းပါ Type 68 ပစ်စင် (၂) ခုနှင့် RGM-84 Harpoon သင်္ဘောဖျက်ဒုံး (သို့ ) Type 90 SSM-1B သင်္ဘောဖျက်ဒုံး (၄) စင်းတပ်ဆင်ထားသည်။

Atago class ဖျက်သင်္ဘော၏နောက်ဘက်တွင်
ရဟတ်ယာဉ်ဆင်းတက်ပြုလုပ်နိုင်သည့်ရဟတ်ယာဉ်ကွင်းပါရှိပြီးရေတပ်သုံး SH-60K Seahawk ရဟတ်ယာဉ်တစ်စီးအသုံးပြုထားကာ ရဟတ်ယာဉ်တစ်စင်းထားသိုနိုင်ရန် hangar ပါရှိသည်။
 

Atago class ဖျက်သင်္ဘောတွင်တပ်ဆင်ထားသည့်ခောတ်မှီရေဒါ၊ဆန်ဆာနှင့်အီလက်ထရောနစ်ကိရိယာများမှာ-

၁။) AN/SPY-1D(V) passive electronically scanned array radar (Air Search Radar)
၂။) AN/OPS-28 Surface Search Radar
၃။) AN/SQS-53C Sonar
၎။) AN/SPG-62 Fire Control Radar x 3
၅။) AN/SQQ-89 Undersea Warfare Combat System
၆။) Mark 46 Optronic director
၇။) Mark 116 Fire Control System
၈။) Mark 160 Fire Control System
၉။) NOLQ-2 Electronic Warfare System
၁၀။) Mark 36 Mod 12 SBROC တို့ ဖြစ်သည်။





































Source photos: wiki & www.seaforces.org

စည်သူ
24, July 2014

17 July 2014

ပါကစ္စတန်နယ်စပ်ရှိတာလီဘန်စစ်စခန်းအားပါကစ္စတန်တပ်ဖွဲ့ ဝင်များနှင့် ပါကစ္စတန် SSG အထူးတပ်ဖွဲ့ ဝင်များဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာတွင်ဖမ်းဆီရမိတဲ့လက်နက်ခဲယမ်းများ။

ပါကစ္စတန်နယ်စပ်ရှိတာလီဘန်စစ်စခန်းအားပါကစ္စတန်တပ်ဖွဲ့ ဝင်များနှင့် ပါကစ္စတန် SSG အထူးတပ်ဖွဲ့ ဝင်များဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ရာတွင်ဖမ်းဆီရမိတဲ့လက်နက်ခဲယမ်းများ။

Source Photos: Pakistan Defence 


(ပါကစ္စတန် SSG တပ်ဖွဲ့ ဝင်များ)


ဖမ်းဆီရမိတဲ့လက်နက်ခဲယမ်းများနှင့်ပါကစ္စတန်တပ်ဖွဲ့ ဝင်တစ်ဦး



  
(ပါကစ္စတန် SSG တပ်ဖွဲ့ ဝင်တစ်ဦး)


(ပါကစ္စတန် SSG တပ်ဖွဲ့ ဝင်တစ်ဦး)



(ဖမ်းဆီရမိတဲ့လက်နက်ခဲယမ်းများ)



(ဖမ်းဆီရမိတဲ့လက်နက်ခဲယမ်းများ)









(ဖမ်းဆီရမိတဲ့လက်နက်ခဲယမ်းများ)





  
(ပါကစ္စတန်စစ်တပ်မှတပ်ဖွဲ့ ဝင်တနှင့်SSG တပ်ဖွဲ့ ဝင်များ)


(ပါကစ္စတန်စစ်တပ်မှတပ်ဖွဲ့ ဝင်တစ်ဦးနှင့်SSG တပ်ဖွဲ့ ဝင်တစ်ဦး)
















(ဖမ်းဆီရမိတဲ့လက်နက်ခဲယမ်းများနှင့် SSG တပ်ဖွဲ့ ဝင်များ)


(ဖမ်းဆီရမိတဲ့လက်နက်ခဲယမ်းများ)



(ဖမ်းဆီရမိတဲ့လက်နက်ခဲယမ်းများ)

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...