29 July 2015

China conducts live firing drill in disputed South China Sea

တောင်တရုတ်ပင်လယ်ပြင်ရှိရေပိုင်နက်အငြင်းပွားနေသည့်နေရာအနီးတွင်တရုတ်ရေတပ်ကကစစ်ရေးလေ့ကျင့်မှုတစ်ခုကိုအင်္ဂါနေ့ကပြုလုပ်ခဲ့ကြောင်းတရုတ်သတင်းစာများတွင်ဖော်ပြထားသည်။၎င်းစစ်ရေးလေ့ကျင့်မှုတွင်တရုတ်ရေတပ်မှစစ်ရေယာဉ်အနည်းဆုံးအစင်း ၁၀၀ ကျော် ခန့် ပါဝင်ပြီး အမှတ် (၂) အမြောက်တပ်မကြီးမှ ဒုံးတပ်ရင်းများနှင့်ဒါဇင်ပေါင်းများစွာသောလေယာဉ်များပါဝင်သည်ဟုဖော်ပြထားသည်။ "Live firing drill" စစ်ရေးလေ့ကျင့်မှုတွင်ဒါဇင်းပေါင်းများစွာသောဒုံးများ၊တော်ပီဒိုများ၊ထောင်ပေါင်းများစွာသောအမြောက်ကျည်များနှင့်ဗုံးများအသုံးပြုခဲ့ကြပြီးရေတပ်လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့်ကြိုတင်သတိပေးစနစ်များအားစမ်းသပ်ခဲ့ကြကြောင်းသိရသည်။

(Photo: AFP/Ted Aljibe)

Sneak Peek – Bulldog Mortar Carrier System

Defense News Musk, Hawking Join Call for Ban on AI Weaponry

From Defense News Musk, Hawking Join Call for Ban on AI Weaponry http://defnews.ly/1Scd9DF

28 July 2015

Russian's Navy Day 2015

ဇူလိုင်လ(၂၆)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တဲ့ "ရုရှားရေတပ်မတော်နေ့ " အခမ်းအနားတွင် ရုရှားရေတပ်မတော်သုံး Krivak-class အတန်းအစား"Ladny"ဖရီးဂိတ်စစ်ရေယာဉ်ပေါ်မှသင်္ဘောဖျက်ဒုံးပျံတစ်စင်းအားသရုပ်ပြပစ်ခတ်စဉ်ပေါက်ကွဲမှုဖြစ်ပွားပုံရိုက်ကူးထားပုံ။။ယင်းပေါက်ကွဲမှုကြောင့်ရေယာဉ်ပေါ်လိုက်ပါသူတစ်ဦးတစ်ယောက်မှဒဏ်ရာမရရှိကြောင်းသိရသည်။ 



26 July 2015

"ဝ"တပ်ဖွဲ့ နှင့်တရုတ်ထုတ် HJ-8 ATGM


"ဝ" အထူးဒေသ(၂) တပ်ဖွဲ့ များတွင် တရုတ်နိုင်ငံထုတ် HJ-8 (Red Arrow-8) wire-guided တင့်ဖျက်ဒုံး (ATGM) များပိုင်ဆိုင်ထားကြောင်းနှင့်လေ့ကျင့်ပစ်ခတ်နေကြောင်း Jane's ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံထုတ် ဒုတိယမျိုးဆက် HJ-8 တင့်ဖျက်ဒုံးစနစ်တွင် wire-guided ပဲ့ထိန်းလမ်းညွှန် စနစ်ကိုအသုံးပြုထားပြီး ၁၉၈၀ ခုနှစ်နောက်ပိုင်းတွင် Norinco ကုမ္ပဏီက စတင်ထုတ်လုပ်ခဲ့သည်။၎င်းဒုံးစနစ်ကိုပါကစ္စတန်နိုင်ငံထုတ်လုပ်ခွင့်လိုင်စင်ယူ၍ Baktar-Shikan အမည်ဖြင့် Kahuta Research Laboratories တွင်ထုတ်လုပ်၍အသုံးပြုသည်။

HJ-8 တင့်ဖျက်ဒုံးစနစ်သည် အလျား ၁၅၆၆ မီလီမီတာ၊အချင်း ၁၂၀ မီလီမီတာနှင့်အလေးချိန် ၂၅ ကီလိုဂရမ်ရှိသည်။ ပဲ့ထိန်းတင့်ဖျက်ဒုံးသည် မီတာ ၃၀၀၀ မှ မီတာ မီတာ ၄၀၀၀ (၂.၅ မိုင်)  အကွာအဝေးအထိပစ်ခတ်နိုင်ပြီး missile ၏အမြန်နှုန်းမှာတစ်စက္ကန့် လျှင် ၇၂၁ ပေ ရှိသည်။ ၎င်းတင့်ဖျက်ဒုံးစနစ်သည်တန်ပြန်ပေါက်ကွဲအားသုံး ကျည်ကာများ(ERA)တပ်ဆင်ထားတဲ့တင့်များနှင့်သံချပ်ကာယာဉ်များကိုပင်ပစ်ခတ်ဖျက်စီးနိုင်စွမ်းလဲရှိပြီး HEAT ထိပ်ဖူးကို တပ်ဆင်ထားသည်ဟုသိရသည်။ HJ-8 သည်ဒေါင့်သုံးချောင်း ပေါ်တွင်တပ်ဆင်ထားသည့် tube-launched အမျိုးအစားဖြစ်ပြီး SACLOS wire guided ကိုအသုံးပြုထားသည်။ ဝါယာကြိုးလမ်းညွှန်စနစ်ကိုအသုံး ပြုထားသည့် HJ-8 တင့်ဖျက်ဒုံးစနစ်သည် အမေရိကန်ထုတ် BGM-71 TOW နှင့်ပြင်သစ်+ဂျာမနီထုတ် MILAN / Euromissile HOT တက်ဖျက်ဒုံးစနစ်များကိုယှဉ်ပြိုင်နိုင်ပြီး အနောက်ဥရောပသုံးနိုင်ငံမှတင်ဖျက်ဒုံးစနစ်များ၊အရှေ့အလယ်ပိုင်းနှင့်အာရှမှတင့်ဖျက်ဒုံးစနစ်များကိုပေါင်းစပ်ကာထုတ်လုပ်ထားသည့်တင့်ဖျက်ဒုံးစနစ်လဲဖြစ်သည်။

HJ-8 တင့်ဖျက်ဒုံးစနစ်တွင်ပါဝင်သည့် ဒေါင့်သုံးချောင်း (tripod) ကို အမေရိကန်ထုတ် BGM-71 TOW  မှလည်ကောင်း၊ ပစ်မှတ်ချိန်ရွယ်သည့်စနစ်ကို ပြင်သစ်+ဂျာမနီထုတ် MILAN မှလည်ကောင်း ဒုံးစနစ်တွင် ထည့်သွင်းပစ်ခတ်ရသည့် missile ကို ဗြိတိန်ထုတ် Swingfire ကိုလည်ကောင်းတုပ၍ ထုတ်လုပ်ထားသည့် ခေတ်မှီတင်ဖျက်ဒုံးစနစ်တစ်မျိုးဖြစ်သည်။ ယနေ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်တွင် HJ-8B တင့်ဖျက်ဒုံးစနစ်ကို WZ-9 ရဟတ်ယာဉ်များနှင့် Mi-17 ရဟတ်ယာဉ်များပေါ်တွင် စံအဖြစ်တပ်ဆင်အသုံးလျှက်ရှိပါသည်။တင့်ဖျက်ဒုံးစနစ်ကိုသံချပ်ကာယာဉ်၊ရဟတ်ယာဉ်နှင့်ဒေါင့်သုံးချောင်းပ်ါတွင်တင်၍လည်ကောင်းအသုံးပြုပစ်ခတ်နိုင်ပြီးနိုင်ငံပေါင်း ၁၈ နိုင်ငံကျော်တွင် ယနေ့ အသုံးပြုလျှက်ရှိသည်။ HJ-8 စနစ်တွင် ထုတ်လုပ်ထားသည့်မျိုးကွဲများထဲတွင် HJ-8A သည် extended-range ဖြစ်ပြီး HJ-8B သည်
ရဟတ်ယာဉ်ပေါ်မှ ပစ်လွှတ်သည်အမျိုးအစားဖြစ်ကာ HJ-8C သည် ERA တပ်ဆင်ထားသည့်တင့်များကို တန်ပြန် တိုက်ခိုက်ရန်ထုတ်လုပ်ထားသည့်အမျိုးအစားဖြစ်သည်။

HJ-8 အခြားမျိုးကွဲများ -

HJ-8D တွင် Tandem warhead တပ်ဆင်ထား။
HJ-8E သည် B နှင့် C ကိုအဆင့်မြင့်တင်ထားပြီး range တိုးထားသည့် အမျိုးအစား။
HJ-8F သည် Bunker buster အမျိုးအစား။
HJ-8FAE တွင် Thermobaric Warhead တပ်ဆင်ထား။
HJ-8L သည် အပေါ့စားဒီဇိုင်း (Lighter weight Model)
HJ-8H သည် HJ-8E အား Modernized ထားသည့်အမျိုးအစားနှင့်
HJ-8S သည် anti-ship role အတွက်ထုတ်လုပ်ထားသည့် အမျိုးအစားဖြစ်သည်။

Replenishment-at-sea exercise

SOUTH CHINA SEA (July 21, 2015) Sailors aboard the littoral combat ship USS Fort Worth connect a fuel line during a replenishment-at-sea exercise with the Military Sealift Command fleet replenishment oiler USNS Pecos (T-AO 197) and the Republic of Singapore navy as part of Cooperation Afloat Readiness and Training (CARAT) Singapore 2015. CARAT is an annual, bilateral exercise series with the U.S. Navy, U.S. Marine Corps and the armed forces of nine partner nations.

(U.S. Navy photo by Mass Communication Specialist 2nd Class Joe Bishop/Released)

Download High Resolution image @ http://www.navy.mil/management/photodb/photos/150721-N-MK881-789.JPG

23 July 2015

Launched the ninth Littoral Combat Ship (LCS-9)

The Lockheed Martin-led team launched the ninth littoral combat ship (LCS), USS Little Rock (LCS 9) at the Marinette Marine Corporation (MMC) shipyard.

Following christening and launch, USS Little Rock will continue to undergo outfitting and testing before delivery to the U.S.Navy later this year.

The USS Little Rock is one of seven littoral combat ships under construction at MMC.

The industrial team is building the Freedom variant of the LCS, and has already delivered two ships, USS Freedom (LCS 1) and USS Fort Worth (LCS 3).

USS Milwaukee (LCS 5) was christened and launched in 2013, and is slated to be delivered to the Navy this fall. USS Detroit (LCS 7) was launched in 2014. USS Sioux City (LCS 11) is in construction, and USS Wichita (LCS 13) had its keel laid in February 2015. USS Billings (LCS 15), USS Indianapolis (LCS 17) and USS St. Louis (LCS 19) are in the construction phase.

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်သုံး Z-10 တိုက်ခိုက်ရေးရဟတ်ယာဉ်များ

22 July 2015

Littoral Combat Ship (LCS-9) Commissioning

MARINETTE, Wis., (July 18, 2015) The littoral combat ship Pre-Commissioning Unit (PCU) Little Rock (LCS 9) is launched into the Menominee River in Marinette, Wisc. after a christening ceremony at the Marinette Marine Corporation shipyard.

(U.S. Navy photo/Released)

Download High Resolution image @ http://www.navy.mil/management/photodb/photos/150720-N-ZZ999-115.JPG

21 July 2015

Poland Launches Su-22 Fighter-bomber Fighter Upgrades

မလေးရှားရေတပ်သုံး Scorpene-class ရေငုပ်သင်္ဘောများ

မလေးရှားရေတပ်တွင်အသုံးပြုနေသည့် Scorpene-class အတန်းအစား ရေငုပ်သင်္ဘောများကို ပြင်သစ်နိုင်ငံအခြေစိုက် DCNS ကုမ္ပဏီမှ တည်ဆောက်ပေးထားပြီး၂၀၀၉ ခုနှစ် တွင်လွဲပြောင်းရယူခဲ့သည်။ Scorpene-class သည်ဒီဇယ်အင်ဂျင်သုံးတိုက်ခိုက်ရေးရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပြီးရေအောက်တွင်ဆူညံမှုနည်းပါးကာအနီးအောက်ရောင်ခြည်နှင့်သံလိုက်စက်ကွင်းဖမ်းယူနိုင်မှုအနည်းဆုံးဖြစ်အောင်ဒီဇိုင်းဆွဲပြုလုပ်ထားသည့်ရေငုပ်သင်္ဘောဖြစ်သည်။၎င်းရေငုပ်သင်္ဘောများသည်ပင်လယ်ရေမျက်နှာပြင်ရှိပစ်မှတ်များကိုတိုက်ခိုက်ရန်နှင့်ရေငုတ်သင်္ဘောတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်ဒီဇိုင်းရေးဆွဲထား သည်။

Scorpene-class အတန်းအစား ရေငုပ်သင်္ဘောသည် အလျား ၆၆.၄ မီတာ၊ တန်ချိန် ၁,၆၀၀ ခန့် ရှိသည်။ရေအောက်တွင်ရေမိုင်(၂၀)နှုန်းဖြင့် ခုတ်မောင်းနိုင်ပြီး ရေအောက်အနက် မီတာ ၃၅၀ ကျော်အထိငုပ်လျှိုနိုင်ကာပင်လယ်ရေမျက်နှာပြင်တွင်ရေမိုင်(၁၂)မိုင်နှုန်းဖြင့်ခုတ်မောင်းနိုင်ပါသည်။ စစ်ဆင်နိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၁,၀၀၀ မှ ၁၂,၀၀၀ ကြားရှိပြီး ပင်လယ်ပြင်တွင် ရက်ပေါင်း(၅၀)ခန့် တာဝန် ထမ်းဆောင်နိုင်ပါသည်။ ရေယာဉ်ပေါ်တွင်အရာရှိနှင့်ရေတပ်သား (၃၂) ဦးသာလိုက်ပါနိုင်သည်။

ရေငုပ်သင်္ဘောပေါ်တွင်လက်နက်များအဖြစ် ၅၃၃ မီလီမီတာ တော်ပီဒိုပစ်လောင်ချာ ၆ စင်းပါရှိသည်။၎င်းတော်ပီဒိုပစ်လောင်ချာမှ Black Shark homing တော်ပီဒိုများနှင့်  ကီလိုမီတာ ၅၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သည့် SM 39 Exocet သင်္ဘောဖျက်ဒုံးများကို ရေအောက်မှပစ်ခတ်နိုင်စွမ်းရှိသည်။ မလေးရှားရေတပ်သုံး Scorpene-class တွင် air-independent propulsion (AIP) စနစ်တပ်ဆင်ထားခြင်းမရှိသော်လည်းခေတ်မှီစနစ်များထည့်သွင်း၍တပ်ဆင်အသုံးပြုနိုင်အောင်ဒီဇိုင်းဆွဲထုတ်လုပ်ထားသည်။မလေးရှားရေတပ်တွင် Scorpene-class အတန်းအစားထဲမှ Tunku Abdul Rahman နှင့်Tun Razak အမည်ရှိရေငုပ်သင်္ဘောနှစ်စင်းအသုံးပြုလျှက်ရှိပါသည်။

20 July 2015

Piranha 3C 8x8 သံချပ်ကာလူသယ်ယာဉ်(Upgrade)

ဘယ်လ်ဂျီယံတပ်မတော်က slat armour  တပ်ဆင်၍ အဆင့်မြင့်တင်ထားသည့် Piranha 3C 8x8 သံချပ်ကာ လူသယ်ယာဉ်အား ဇူလိုင်လ (၂၁) ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် National Day စစ်ရေးပြအခမ်းအနားတွင် ထုတ်ဖော်ပြသသွားမည်။

Photos by Army Recognition

16 July 2015

အမေရိကန်ဆီမှ ဝယ်ယူထားသည့် F-16C/D တိုက်လေယာဉ် ၃၆ စင်းထဲမှ ပထမဆုံးတိုက်လေယာဉ် လေးစင်း အီရတ်လေတပ်လက်ခံရရှိ။

R-36M တိုက်ချင်းပစ်ဒုံးပျံများ

R-36M တိုက်ချင်းပစ်ဒုံးပျံများ (ရုရှား)

ရုရှားနိုင်ငံထုတ် R-36M (SS-18 Satan) ဒုံပျံသည် ကမ္ဘာပေါ်တွင် အဝေးဆုံးပစ်ခတ်နိုင်သည့် တိုက်ချင်းပစ် ဒုံးပျံဖြစ်ပြီး အလေးချိန် ၈.၈ တန် ရှိသော ထိပ်ဖူးကို သယ်ဆောင်နိုင်ကာ ကီလိုမီတာ ၁၆,၀၀၀ အထိပစ်ခတ် နိုင်ပါသည်။ R-36M ဒုံပျံတွင် ကီလိုမီတာ ၁၁,၂၀၀  ပစ်ခတ်နိုင်သည့် Mod 1 မှ ကီလိုမီတာ ၁၆,၀၀၀ (၉၉၄၀ မိုင်) အထိ ပစ်ခတ်နိုင်သော Mod 6 အထိ အကွာအဝေးမတူသော ဒုံးမျိုးကွဲ ၆ မျိုး ထုတ်လုပ်ထားပါသည်။

R-36M ဒုံပျံများကို မြေပြင်အခြေစိုက် မြေအောက်ဒုံးပစ်စင် များမှပစ်ခတ်နိုင်ရန်အတွက်သာဒီဇိုင်းဆွဲထားပြီး နျူးကလီးယား ထိပ်ဖူးတစ်စင်းတပ်ဆင်ထားကာ အခြားဒုံးမျိုးကွဲများတွင် MIRV ထိပ်ဖူး ၈ စင်း မှ ၁၀ စင်းအထိ တပ်ဆင်ထားပါသည်။ ထိပ်ဖူးတစ်စင်းတွင် နျူးကလီးယားအလေးချိန် ၅၀kt မှ ၇၅၀kt အထိ တပ်ဆင်ထားပါသည်။ ပထမဆုံးမျိုးကွဲဖြစ်သည့် R-36M (Mod 1) ဒုံးပျံကို ဆိုဗီယက်မဗျူဟာမြောက် ဒုံးတပ်ဖွဲ့  က
၁၉၇၅ ခုနှစ်တွင် စတင်တပ်ဖြန့် ချထားခဲ့သည်။ R-36M ဒုံးပျံသည် အလျား ၃၆.၃ မီတာ အချင်းဝက် ၃ မီတာ ရှိပြီး အလေးချိန် ၂၀၉ တန်မှ၂၁၁ တန် ကြားရှိပါသည်။
ဒုံးပျံတွင် လောင်စာအရည်သုံး အင်ဂျင်ကိုအသုံးပြုထားပြီး အဆင့်နှစ်ဆင့်ပါရှိကာ တစ်စက္ကန့် လျှင် ၇.၉ ကီလိုမီတာ
အမြန်နှုန်းဖြင့်ပျံသန်းနိုင်ပါသည်။ဒုံးပျံတွင်တပ်ဆင်ထားသည့်နျူးကလီးယားထိပ်ဖူးမှာအလွန်လေးလံသောကြောင့်မြင့်မားသည့်အမြန်နှုန်းဖြင့်ပစ်မှတ်များအား တဟုန်ထိုး တိုက်ခိုက်နိုင်စွမ်းရှိပါသည်။ ဒုံးပျံတွင် ထိပ်ဖူး ၁ စင်းမှ ၁၀ စင်း အထိ သယ်ဆောင်နိုင်ပြီး ရန်သူအားလှည့်စားရန် ထိပ်ဖူးအတု အစင်း ၄၀ အထိပါရှိကာ ဒုံးပျံကာကွယ်ရေးစနစ်များက ကြားဖြတ်တိုက်ခိုက်ရန် အလွန်ခက်ခဲသည့်ဒုံးပျံလဲဖြစ်သည်။

R-36M ဒုံးပျံတစ်စင်းတွင်တပ်ဆင်ထားသည့် MIRV ထိပ်ဖူးများမှာ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်သုံးခုအား ပျက်စီးအောင် တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု အချို့ သော့ အစီရင်ခံစာများတွင်ဖော်ပြထားသည်။သက်တမ်းကုန်ဆုံးတော့မည့် R-36M တိုက်ချင်းပစ်ဒုံးပျံ အရေအတွက်ကို ရုရှားနိုင်ငံက တဖြည်းဖြည်း လျော့ချလာခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် R-36M ဒုံးပျံ ၅၉ စင်းသာရှိတော့သည်။ R-36M ဒုံးပျံမျိုးကွဲများထဲမှ အစင်း ၄၀ ခန့် ရှိသော R-36MUTTKh နှင့် R-36M2 ဒုံးပျံများကို ၂၀၁၉ ခုနှစ်အထိ သက်တမ်းတိုးမြင့်ထားသည်။ ရုရှားနိုင်ငံက R-36M တိုက်ချင်းပစ်ဒုံးပျံများအပြင် ပို၍ ခောတ်မှီသော Topol-M ဒုံးပျံများ RS-24 Yars ဒုံးပျံများနှင့် RS-26 Rubezh ဒုံးပျံများကိုလဲ တပ်ဖြန့် ချထားသည်။

စည်သူ
၂၀၁၅ ခုနှစ် ဇူလိုင် ၁၆

14 July 2015

T-14 Armata ပင်မတိုက်ပွဲဝင်တင့်ကား

T-14 Armata ပင်မတိုက်ပွဲဝင်တင့်ကား

၂၀၁၁ခုနှစ်မှစတင်၍ရုရှားနိုင်ငံက"Armata"အမည်ရှိနောက်ဆုံးပေါ်ပင်မတိုက်ပွဲဝင်တင့်ကားကိုလျှိုဝှက်စွာစတင်ထုတ်လုပ်ခဲ့သည်။ ယခင်က ရည်ရွယ်ထားသည့် T-95 တင့်ကား ထုတ်လုပ်မည့် အစီအစဉ်ကို ပယ်ဖျက်၍ "Armata"တင့်ကား အားစတင်ထုတ်လုပ်ခဲ့ခြင်းလဲဖြစ်သည်။၂၀၁၅ ခုနှစ် အောင်ပွဲခံနေ့ (Victory Day) စစ်ရေးပြအခမ်းအနားတွင် နောက်ဆုံးပေါ်"Armata"တင့်ကားအားကမ္ဘာကိုထုတ်ဖော်ပြသခဲ့ပြီး ၎င်းတင့်ကား (၃၂) စီးကို မကြာခင် ရုရှားစစ်တပ်သို့  စတင်လွဲအပ်ပေးသွားမည်ဟုသိရသည်။ ယနေ့ လက်ရှိ ရုရှားစစ်တပ်တွင် အသုံးပြုနေသည့် T-90,T-80 နှင့် T-72 တင့်နေရာများတွင်လဲ Armata တင့်များကို အနာဂါတ်တွင် အစားထိုးအသုံးပြုသွားရန်ရည်ရွယ်ထားကြောင်းသိရသည်။

Armata တင့်သည် T-90 မျိုးဆက်ရဲ့နောက်ဆုံးထုတ် T-90MS တင့်အားအခြေခံ၍ပြန်လည်ပြင်ဆင် ထုတ်လုပ်ထားခြင်းဖြစ်နိုင်ကြောင်းနှင့်ပယ်ဖျက်ခဲ့သည့် T-95 တင့်နှင့်အနည်းငယ်တူညီနိုင်ကြောင်းခန့် မှန်းရသည်။
သတင်းပေါက်ကြားမှုမရှိစေပဲလျှိုဝှက်စွာ ထုတ်လုပ်လျှက်ရှိသည့် Armata တင့်တွင်မျိုးဆက်သစ် "Malakhit" တန်ပြန်ပေါက်ကွဲအားသုံးကျည်ကာများတပ်ဆင်ထားမည်ဖြစ်ပြီး Afganit active protection စနစ်အသစ်များ တပ်ဆင်ထားသည်။ T-90 တင့်တွေမှာတပ်ဆင်ထားသည့် 2A46M အမြောက်ထက်ပို၍အဆင့်မြင့်သည့် 2A82 125mm ပြောင်းချောအမြောက်ကို Armata တင့်တွင် တပ်ဆင်ထားပြီးအမြောက်ဆုံလည်မှာလူဖြင့်ထိန်းချုပ်ရန်မလိုသည့် unmanned turret ဖြစ်သည်။ unmanned turret ပေါ်တွင်တပ်ဆင်ထားသည့် 2A82 ၁၂၅ မမ အမြောက်တွင် အလိုအလျောက်ကျည်ထိုးစနစ်ကိုအသုံးပြုထားပြီးပဲ့ထိန်းတင့်ဖျက်ကျည်များကိုလဲအမြောက်ထဲတွင်ထည့်သွင်းပစ်ခတ်နိုင်သည်။ တင့်ထဲတွင်ပဲ့ထိန်းတင့်ဖျက် missile အပါအဝင် ၁၂၅ မမ ကျည် (၄၅)တောင့်ထားသိုရင်နိုင်ရန်ကျည်သိုလှောင်ခန်းပါရှိသည်။ ၎င်းပဲ့ထိန်းတင့်ဖျက်ကျည်များမှာအနိမ့်ပျံရဟတ်ယာဉ်များကိုပင်ပစ်ခတ်နိုင်စွမ်းရှိပြီး ၅ ကီလိုမီတာမှ ၁၂ ကီလိုမီတာ အထိ ပစ်ခတ်နိုင်စွမ်းရှိသည်။ တင့်ထဲတွင်တပ်ဆင်ထားသည့် Automatic fire control system, Fire detection and suppression system နှင့် Battlefield Management System စနစ်များမှာမျိုးဆက်သစ်စနစ်အသစ်များဖြစ်သည်။ တင့်ပေါ်တွင်အရန်လက်နက်အဖြစ် remote control ဖြင့်ပစ်ခတ်ရသည့် ၇.၆၂ မမ စက်သေနတ်ကို turret ပ်ါတွင် တပ်ဆင်ထားသည်။

Armata တင့်တွင် crew သုံးဦးသာ ပါဝင်ပြီး တင့်တပ်ဖွဲ့ သားများအတွက်အကောင်းဆုံးအကာအကွယ်ပေးနိုင်သည့်သံချပ်ကာအခန်းများတပ်ဆင်ထားသည်။ကျည်ထိုးအခန်းနှင့်ခဲယမ်းမီးကျောက်သိုလှောင်အခန်းများနှင့်လဲသီးသန့်ခွဲခြားထားသည်။ Armata တင့်တွင်မြင်ကောင်းရေ ၁,၂၀၀ အားရှိ A-82-2 တာဘိုဒီဇယ်အင်ဂျင်တပ်ဆင်ထားပြီး၎င်းအင်းဂျင်မှာရုရှားထုတ်တင့်အင်ဂျင်များထဲတွင်ပိုမိုကောင်းမွန်တဲ့မျိုးဆက်သစ်အင်ဂျင်တစ်မျိုးလဲဖြစ်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၉၀ အထိမောင်းနှင်နိုင် ကာ ကီလိုမီတာ ၅၀၀ စစ်ဆင်နိုင်သည်။ တင့်တစ်စီးလုံး၏ အလေးချိန်မှာ ၄၈ တန်ခန့် ရှိသည်။

ရုရှားစစ်တပ်တစ်ခုလုံးအတွက်အနာဂါတ်တွင်ထုတ်လုပ်မည့်သံချပ်ကာယာဉ်များဖြစ်သော Self-propelled ယာဉ်တင်အမြောက်စနစ်များ သံချပ်ကာတိုက်ယာဉ်များ စစ်အင်ဂျင်နီယာသုံးဆယ်တင်ရေး "recovery" ယာဉ်များ လေကြောင်းရန်ကာကွယ်ရေးစနစ်သုံးယာဉ်များ ထောက်ပို့ ယာဉ်များနှင့်အခြာသံချပ်ကာယာဉ်များကို Armata တင့်တွင်အသုံးပြုထားသည့် platform ကိုအသုံးပြုကြတော့မည်ဖြစ်သည်။ လက်ရှိတွင် Armata တင့် platform ကိုအခြေခံ၍ထုတ်လုပ်ထားသည့် အခြားမျိုးကွဲယာဉ်နှစ်မျိုးဖြစ်သောသံချပ်ကာဆယ်တင်ရေးယာဉ်နှင့်အကြီးစားတိုက်ခိုက်ရေးယာဉ်များကို ၂၀၁၃ ခုနှစ်တွင် ရှေးပြေးအဆင့် (Prototype) စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် Victory Day စစ်ရေးပြအခမ်းအနားတွင် တိုက်ယာဉ်များ ပါဝင်ပြသလာသည်ကိုတွေ့ ရသည်။

Si Thu
13rd July, 2015

12 July 2015

ဗီယက်နမ်ကမ်းခြေစောင့်တပ်က Advance ရေယာဉ်အသစ်နှစ်စီးလကမခံရရှိ

ဗီယက်နမ်နိုင်ငံကာကွယ်ရေးဝန်ကြီးလက်အောက်ခံ Song Thu Corporation မှ တည်ဆောက်ထားသည့် Coast Guard သုံး Advance ရေယာဉ်အသစ်နှစ်စီး (CSB 8002 နှင့် CBS 9004) အား ဇူလိုင်လ (၉) ရက်နေ့ က ဗီယက်နမ်ကမ်းခြေစောင့်တပ်သို့  လွဲပြောင်းပေးအပ် ခဲ့ကြောင်းသိရသည်။ CSB 8002 ရေယာဉ်သည်နိုင်ငံတကာစံနှုန်းနှင့်အညီတည်ဆောက်ထားသည့် ရေကြောင်းရဲတပ်ဖွဲ့ သုံးအမျိုးအစား ဖြစ်ပြီး ၂၃ မမ စက်အမြောက်နှစ်လက်နှင့် ၁၄.၅ မမ စက်သေနတ်ကြီးနှစ်လက်တပ်ဆက်ထားသည်။ရေယာဉ်ပေါ်တွင်အရေးပေါ်ခွဲစိတ်ကုသရန်ခွဲစိတ်ခန်းနှင့်ခေတ်မှီဆေးခန်းများလဲပါရှိပြီးကယ်ဆယ်ရေးအတွက် boatတစ်စုံ နှင့်ရဟတ်ယာဉ်ကွင်းပါရှိသည်။ရေယာဉ်သည်အမြန်ဆုံးရေမိုင်(၂၁)မိုင်နှုန်းဖြင့်ခုတ်မောင်းနိုင်ပြီး ခရီးမိုင် ၅၀၀၀ ခန့် ခရီးနှင်နိုင်သည်။ CBS 9004 သည် ဗီယက်နမ်ကမ်းခြေစောင့်တပ်တွင်ခေတ်အမှီဆုံးကယ်ဆယ်ရေးနှင့်ဆွဲသင်္ဘောအမျိုးအစားရေယာဉ်ဖြစ်ပြီးခေတ်မှီကိရိယာများတပ်ဆင်ထားကာ ပင်လယ်ပြင်တွင် တစ်လခန့် တာဝန်ထမ်းဆောင်နိုင်သည်။

(Photos: congnghe & vietbao)

11 July 2015

တရုတ်လေယာဉ်တင်သင်္ဘောကြီး "Liaoning"ပေါ်မှ J-15 တိုက်လေယာဉ်များ။

LCS-9

အမေရိကန်ရေတပ်အတွက်တည်ဆောက်ထားသည့် Freedom-class အတန်းထဲမှ ၉ စင်းမြောက် Littoral Combat Ship ကို ဇူလိုင်လ ၁၈ ရက်နေ့ တွင် USS Little Rock (LCS-9) ဟုအမည်ပေး အခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

Source: Lockheed Martin

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...