Showing posts with label Air to Ground Missile. Show all posts
Showing posts with label Air to Ground Missile. Show all posts

09 August 2014

Standoff Land Attack Missile Extend Response (SLAM-ER)



Photo: Standoff Land Attack Missile Extend Response (SLAM-ER)

 Boeing ကုမ္ပဏီထုတ် SLAM ER ဒုံးကျည်ကိုအမေရိကန်ရေတပ်ရှိ Joint Forces နှင့် Carrier Battle Group တို့ တွင်အသုံးပြုရန်ရည်ရွယ်ထားပြီးရေတပ်သုံးတိုက်လေယာဉ်ပေါ်မှပစ်ခတ်ရန်ဖြစ်သည်။ SLAM ER ဒုံးကျည်မှာ Harpoon သင်္ဘောဖျက်ဒုံးကျည်အားအခြေခံထားပြီးလျှင်မြန်စွာလှုပ်လျားနေသည့်ပစ်မှတ်အားခွဲခြမ်းစိတ်ဖြာ၍ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိသည်။  

   Standoff Land Attack ဒုံးကျည်ကိုအဆင့်မြင့်တင်ထားသည့် SLAM ER ဒုံးကျည်တွင်အတောင်ပံများထည့်သွင်းထား၍ လေခွင်းအားကိုပိုမိုကောင်းမွန်အောင်ပြုလုပ်ထားပြီးအကွာအဝေးပိုမိုသွားရောက်နိုင်ခြင်းဒုံးကျည်ထိပ်ဖူးအားပိုမိုကောင်းမွန်အောင်ပြုလုပ်ထားခြင်းရန်သူ့ နယ်မြေအတွင်းသို့ပိုမိုထိုးဖောက်ဝင်ရောက်ခြင်း၊ GPS နှင့် INS လမ်းညွှန်စနစ်များအား improved ပြုလုပ်ထားခြင်းနှင့်ရန်သူအများအပြားအားခြေမှူန်းနိုင်အောင်ပြုလုပ်ထားခြင်းစသည့်အဆင့်မြင့်တင်မှူများပြုလုပ်ထားသည်။ SLAM ER ဒုံးကျည်ကိုပစ်လွှတ်ပြီးအချိန်တွင် အခြားပစ်မှတ်တစ်ခုအားပြန်လည်ချိန်ရွယ်၍လမ်းကြောင်းပြောင်းကာပစ်ခတ်နိုင်ပြီးပြောင်းလဲလွယ်သောပစ်မှတ်အားပစ်ခတ်နိုင်စွမ်းရှိသည်။ထို့ အပြင်ဒုံးကျည်ထိပ်တွင် real-time ပေးပို့ပေးသည့်ဗွီဒီယိုကင်မရာပါရှိကာ ပစ်မှတ်အားတိကျစွာဖျက်စီးပြီးစီးကြောင်းထိန်းချုပ်သူမှသိရှိနိုင်သည်။


SLAM ER ဒုံးကျည်၏အလျားမှာ ၄.၃၆ မီတာ၊ အချင်းဝက် ၃၄.၃ စင်တီမီတာ၊ အတောင်ပံအလျား ၂.၁၈ မီတာနှင့် အလေးချိန် ၆၆၈.၁ ကီလိုဂရမ်ရှိပြီးအမြန်နှူန်း High Subsonic ဖြင့်မိုင် ၁၅၀ (၂၂၈ ကီလိုမီတာ) အကွာအဝေးတွင်ရှိသောမိုးကုပ်စက်ဝိုင်းအလွန်မှ ပစ်မှတ်အားမှန်ကန်တိကျစွာပစ်ခတ်နိုင်စွမ်းရှိသည်။ Boeing ကုမ္ပဏီထုတ် SLAM ER ဒုံးကျည်ကို F/A-18E/F Super Hornet တိုက်လေယာဉ်များ၊ F/A-18C/D Hornet တိုက်လေယာဉ်များ၊ F-16 တိုက်လေယာဉ်များနှင့် F-15 တိုက်လေယာဉ်များတွင်တပ်ဆင်အသုံးပြုနိုင်ပြီး B-52 ဗုံးကျဲလေယာဉ်များ၊ B-2 Spirit ဗုံးကျဲလေယာဉ်များနှင့် B-1 Lancer ဗုံးကျဲလေယာဉ်များတွင် တပ်ဆင်အသုံးပြုသွားရန်အလားအလာရှိကာဒုံးကျည်တစ်စင်း၏တန်ဖိုးမှာအမေရိကန်ဒေါ်လာ ၅ သိန်းကျော်ရှိသည်။





PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...