13 August 2016

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက H225M Caracal ရဟတ်ယာဉ် အစင်း ၃၀ ဝယ်ယူ

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနသည်ဘက်စုံသုံး H225M Caracal ရဟတ်ယာဉ် အစင်း ၃၀  ဝယ်ယူရန်အတွက် Airbus Helicopters ကုမ္ပဏီနှင့်သဘောတူစာချုပ်ကို မကြာသေးခင်က ချုပ်ဆိုလိုက်သည်။ ၄င်းရဟတ်ယာဉ်များကိုကူဝိတ်လေတပ်နှင့် ကူဝိတ်အမျိုးသားလုံခြုံရေးတပ်တို့ တွင် အသုံးပြုသွားမည်ဖြစ်သည်။ H225M Caracal ရဟတ်ယာဉ်များကိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ရေတပ်စစ်ဆင်ရေးများနှင့်စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအပြင်အခြားစစ်ဆင်ရေးအမျိုးမျိုးများတွင်လည်းအသုံးပြုနိုင်သည့်ရဟတ်ယာဉ်ဖြစ်သည်။ H225M Caracal ရဟတ်ယာဉ်များကို ပြင်သစ်၊ မက္ကဆီကို၊ ဘရာဇီး၊ မလေးရှားနှင့်ထိုင်းနိုင်ငံတို့ တွင်လည်းအသုံးပြုလျက်ရှိသည်။

Source Photo: http://www.airbushelicopters.com/website/docs_wsw/RUB_271/tile_2870/20151001_Infographic_H225M_poster_EN_low.jpg


09 August 2016

ထိုင်းဘုရင့်တပ်မတော်သည် တရုတ် RA3 Artillery Locating Radar များလက်ခံရရှိ






ထိုင်းဘုရင့်တပ်မတော်သည် တရုတ် Norinco ကုမ္ပဏီထုတ် RA3 Artillery Locating and Fire Correction Radar များ လက်ခံရရှိခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်းကြီးဌာနကအတည်ပြုပြောကြားလိုက်သည်။ RA3 Radar သည် ရန်သူမှပစ်ခတ်လိုက်သည့် အမြောက်၊ ဒုံးလောင်ချာနှင့်မြေပြင်မှမြေပြင်ပစ် ဒုံးပစ်စင်များ၏တည်နေရာကိုချက်ချင်းထောက်လှမ်းသိရှိနိုင်သည့်ရေဒါအမျိုးအစားဖြစ်ပြီးမိမိအမြောက်တပ်ဖွဲ့ အားတန်ပြန်တိုက်ခိုက်နိုင်ရန် အထောက်အကူပေးစွမ်းနိုင်သည့်ရေဒါအမျိုးအစားလဲဖြစ်သည်။ ထို့ အပြင် အနိမ့်ပျံလေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့ယာဉ်များကိုပင်ထောက်လှမ်းနိုင်သည်။ ၄င်းရေဒါစနစ်တွင် optical infrared system နှင့် sound measuring system များ ပါထည့်သွင်းတည်ဆောက်ထားသောကြောင့် ရန်သူ၏ပုန်းခိုတိုက်ခိုက်ခြင်းကိုကာကွယ်ပေးနိုင်သည်။

Photo : (c) Thailand Artillery Regiment Marine Corps & RA3 Artillery Locating and Fire Correction Radar


အီရန်တပ်မတော်က AK-103 ခြေမှုန်းရေးရိုင်ဖယ်များ ဝယ်ယူ

အီရန်တပ်မတော်သည် Kalashnikov Group ကုမ္ပဏီနှင့် AK-103 ခြေမှုန်းရေးရိုင်ဖယ်များ ဝယ်ယူရန်အတွက်သဘောတူလက်မှတ်ကိုရေးထိုးခဲ့သည်။ AK-103 ရိုင်ဖယ်သည် ရုရှားထုတ်ခြေမှုန်းရေးရိုင်ဖယ်အမျိုးအစားဖြစ်ပြီးယနေ့ရုရှားတပ်မတော်တွင်အသုံးပြုနေသည့် AK-74M ခြေမှုန်းရေးရိုင်ဖယ်ကို ပြန်လည် ပြုပြင်မွန်းမံ၍အသစ်ထုတ်လုပ်ထားသည့်ဒီဇိုင်းဖြစ်ပြီးဖွဲ့စည်းပုံနှင့်နည်းပညာပိုင်းတွင်အများစုမှာတူညီကြသည်။ AK-103 ရိုင်ဖယ်တွင် ၇.၆၂ x ၃၉ မမ ကျည်ကိုအသုံးပြုထားပြီး Gas operated မောင်းပြန်စနစ်ကို အသုံးပြုထားသည်။ ရိုင်ဖယ်၏ အလျားသည် ၉၄၃ မီလီမီတာနှင့် အလေးချိန် ၃.၄ ကီလိုဂရမ်ရှိသည်။ မီတာ ၅၀၀ အတွင်းထိရောက်မှုရှိပြီး အမြန်ဆုံးပစ်ခတ်နှုန်းမှာ တစ်မိနစ်လျင် ကျည် ၆၀၀ တောင့်အထိရှိကာ ကျည် ၃၀ တောင့်ပါ ကျည်အိမ်ကို polymer ဖြင့်ပြုလုပ်ထားသည်။ AK-103 ရိုင်ဖယ်တွင် ရုရှားထုတ် AK-47 ရိုင်ဖယ်နှင် အခြား AKM ရိုင်ဖယ်များတွင် တပ်ဆင်အသုံးပြုကြသည့် ကျည်အိမ်များကိုလဲအလွယ်တကူတပ်ဆင်ကာအသုံးပြုနိုင်သည်။ AK-103 ရိုင်ဖယ်ကို ရုရှားအထူးတပ်ဖွဲ့ များတွင် အသုံးပြုကြပြီး လစ်ဗျား၊ ပါကစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံများသို့ တင်ပို့ ရောင်းချထားပြီးဖြစ်ကာအီသီယိုးပီးယား၊ဗင်နီဇွဲလားနှင့်ဗီယက်နမ်နိုင်ငံများတွင်လည်း လိုင်စင်ယူကာထုတ်လုပ်အသုံးပြုလျက်ရှိသည်။


PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...