28 September 2014

အမေရိကန်ရေတပ်တွင်အသုံးပြုမည့် MQ-4C Triton မောင်းသူမဲ့ယာဉ်




 MQ-4C Triton မောင်းသူမဲ့ယာဉ်ကို Northrop Grumman ကုမ္ပဏီမှအမေရိကန်ရေတပ်အတွက်တည်ဆောက်ပေးထားပြီးစမ်းသပ်ထုတ်လုပ်ဆဲအဆင့်တွင်သာရှိပါတယ်။ Triton မောင်းသူမဲ့ယာဉ်၏ဒီဇိုင်းကတော့ကြီးမားကျယ်ပြန့်တဲ့ပင်လယ်ပြင်တွင်ကင်းထောက်ခြင်းထောက်လှမ်းခြင်နှင့်သတင်းစုဆောင်းခြင်းလုပ်ငန်များကို၂၄နာရီတာဝန်အပြည့်ထမ်းဆောင်နိုင်ရန်ဒီဇိုင်းရေးဆွဲထားတဲ့မောင်းသူမဲ့ယာဉ်ပဲဖြစ်တယ်။ Triton မောင်းသူမဲ့ယာဉ်ဟာအမေရိကန်လေတပ်နှင့်ရေတပ်တွင်အသုံးပြုနေသည့် RQ-4 /MQ-4 Global Hawk  မောင်းသူမဲ့ယာဉ်နဲ့အရွယ်ရောဆိုဒ်ပါတူညီပါတယ်။ Global Hawk ကနေဆင်းသက်လာတဲ့မောင်းသူမဲ့ယာဉ်အမျိုးအစားလို့ပြောနိုင်ပါတယ်။


   Triton မောင်းသူမဲ့ယာဉ်မှာ Rolls-Royce AE 3007H တာဘိုဖန်ဂျက်အင်ဂျင်တစ်လုံးတပ်ဆင်ထားတယ်၊သူရဲ့အဓိကထောက်လှမ်းရေးရေဒါကတော့ AN/ZPY-3 Multi-Function Active Sensor (MFAS) with Active Electronically Scanned Array (AESA) ရေဒါပါ။ AN/ZPY-3 ရေဒါဟာပင်လယ်ပြင်မှာခုတ်မောင်းနေတဲ့သင်္ဘောတွေကိုရှာဖွေထောက်လှမ်းဖမ်းယူနိုင်စွမ်းရှိပြီးသင်္ဘောရဲ့အမျိုးအစားတွေကိုပါခွဲခြားပေးနိုင်တယ်။ Triton မောင်းသူမဲ့ယာဉ်ဟာ မြေပြင်မှအထက်အမြင့် ၁၈ ကီလိုမီတာ(၁၀မိုင်ကျော်)အထိတက်ရောက်ပျံသန်းနိုင်ပြီးရေပြင်မှာရှိတဲ့အရာဝတ္ထုတွေကိုထောက်လှမ်းနိုင်စွမ်းရှိတယ်လို့သိရပါတယ်။ Triton မောင်းသူမဲ့ယာဉ်ကိုမြေပြင်ထိန်းချုပ်ရေးစခန်းမှ လေယာဉ်မှူးလေးဦးမှထိန်းချုပ်မောင်းနှင်ပျံသန်းစေပြီးဆီတစ်ခါဖြည့်ထားလျှင် ခရီးအကွာအဝေးမိုင်ပေါင်း ၉,၅၅၀ အထိပျံသန်းနိုင်တယ်လို့ သိရပါတယ်။




မလေးရှားလေတပ်အတွက်တည်ဆောက်လျှက်ရှိသည့် A400M Atlas သယ်ယူပို့ ဆောင်ရေးလေယာဉ်



မလေးရှားလေတပ်အတွက် Airbus ကုမ္ပဏီမှတည်ဆောက်လျှက်ရှိသည့် A400M Atlas စစ်ဘက်သုံးသယ်ယူပို့ ဆောင်ရေးလေယာဉ် ပထမဆုံးအစီးအား စပိန်နိုင်ငံ Seville မြို့တွင်ပစ္စည်းအစိတ်အပိုင်းများနောက်ဆုံးအဆင့် တပ်ဆင်ခြင်းပြုလျှက်ရှိကြောင်း Airbus Defence and Space မှထုတ်ပြန်ပြောကြားလိုက်သည်။ ယခုတည်ဆောက်လျှက်ရှိသည့် A400M Atlas လေယာဉ်၏ အကြီးစားအစိတ်အပိုင်းများဖြစ်သည့် လေယာဉ်အတောင်ပံ၊လေယာဉ်နောက်မြီးပိုင်း၊လေယာဉ်မှူးအခန်း၊ လေယာဉ်ကိုယ်ထည်နှင့် landing-gear တို့ မှာလဲတပ်ဆင်ပြီးစီး၍မြေပြင်တွင်စမ်းသပ်ရန်အဆင်သင့်ဖြစ်နေပြီးဖြစ်ကြောင်းနှင့်လေယာဉ်အား၂၀၁၅ခုနှစ်အစပိုင်းတွင်မလေးရှားလေတပ်သို့ လွဲအပ်ပေးမည်ဖြစ်သည်။ ဒုတိယနှင့်တတိယအစင်းအား ၂၀၁၅ခုနှစ်နှစ်ကုန်ပိုင်းတွင်မလေးရှားလေတပ်မှလက်ခံရရှိမည်ဖြစ်ပြီးလေးစီးမြောက်နောက်ဆုံးအစီးအား ၂၀၁၆ ခုနှစ်တွင်လက်ခံရရှိမည်ဟုသိရှိရသည်။

Ref: Airbus Defence and Space

07 September 2014

မလေးရှားလေတပ် (RMAF) ၏ Su-30MKM တိုက်လေယာဉ်ပေါ်မှ Kh-31A သင်္ဘာဖျက်ဒုံးနှင့် Kh-31P Radiation ဒုံးကျည်အားပထမဆုံးအကြိမ်ပစ်ခတ်လေ့ကျင့်


မလေးရှားလေတပ် (RMAF) ၏ Su-30MKM တိုက်လေယာဉ်ပေါ်မှ Kh-31A သင်္ဘာဖျက်ဒုံးနှင့် Kh-31P Radiation ဒုံးကျည်အားပထမဆုံးအကြိမ်ပစ်ခတ်လေ့ကျင့်ခြင်းကိုတောင်တရုတ်ပင်လယ်ပြင်တွင်မလေးရှားရေတပ်နှင့်အတူပူးပေါင်းလေ့ကျင့်ခဲ့ကြသည်။ မလေးရှားရေတပ်၏စစ်ရေယာဉ်များပေါ်မှလဲ MM40 Exocet သင်္ဘောဖျက်ဒုံးကျည်နှင့်မြေပြင်မှဝေဟင်ပစ် Sea Wolf ဒုံးကျည်များအားစမ်းသပ်ပစ်ခတ်လေ့ကျင့်ခဲ့ကြသည်။ ထို့ အပြင်မလေးရှားရေတပ်သုံး Super Lynx ရဟတ်ယာဉ်ပေါ်မှလဲဝေဟင်မှရေပြင်ပစ် Sea Skua ဒုံးကျည်အားပစ်ခတ်လေ့ကျင့်ခဲ့ကြသည်။

 (Photo: malaysia military power)



02 September 2014

MSPO 2014 International Defence Industry Exhibition

စက်တင်ဘာလ ၁ ရက်နေ့ မှ ၄ ရက်နေ့ အထိ ပိုလန်နိုင်ငံတွင်ကျင်းပနေသည့် (၂၂) ကြိမ်မြောက် MSPO 2014 International Defence Industry ပြပွဲတွင် Renault Trucks Defense ကုမ္ပဏီမှ Sherpa Light light armored tactical vehicle နှင့် VAB Mark III 6x6 အလတ်စားသံချပ်ကာယာဉ် အားခင်းကျင်းပြသထားပုံ။



Renault Trucks Defense ကုမ္ပဏီမှ Sherpa Light light armored tactical vehicle
         (Photo: Army Recognition)



   Renault Trucks Defense ကုမ္ပဏီထုတ် VAB Mark III 6x6 အလတ်စားသံချပ်ကာယာဉ်
      (Photo: Army Recognition)


Chinese Type 052C Air Defence Guided Missile Destroyers


Lineup of Chinese Type 052C Air Defence Guided Missile Destroyers (151 Zhengzhou,152 Jinan & 153 Xi'an). Capable of carrying up to 48 HHQ-9 naval area defence missiles it its vertical launch systems (VLS).



၅ လအတွင်းယူကရိန်းလေတပ်မှစစ်လေယာဉ် (၁၈) စီးပစ်ချခံရ။




ဧပြီလ ၇ ရက်နေ့ မှစတင်၍ရုရှားထောက်ခံသူယူကရိန်းခွဲထွက်ရေးသူပုန်များနှင့်ယူကရိန်းစစ်တပ်တို့အပြင်းအထန်တိုက်ပွဲများဖြစ်ပွားခဲ့ရာယူကရိန်းလေတပ်မှစစ်လေယာဉ် ၁၈ စီးဆုံရှူံးခဲ့ပြီး၊ယူကရိန်းတပ်ဖွဲ့ ဝင် ၈၉ ကျဆုံးခဲ့သည်။ ယူကရိန်းစစ်တပ်မှပစ်ချခံရသည့် ရဟတ်ယာဉ်နှင့်လေယာဉ်များမှာ An-30B aerial cartography လေယာဉ် (၁) စင်း၊ An-26 သယ်ယူပို့ ဆောင်ရေးလေယာဉ်  (၁) စင်း၊ Il-76 သယ်ယူပို့ ဆောင်ရေးလေယာဉ်  (၁) စင်း၊ Su-24M တိုက်လေယာဉ် (၁) စင်း၊ MiG-29 ဂျက်တိုက်လေယာဉ် (၂) စင်း၊ Su-25 မြေပြင်တိုက်ခိုက်ရေးလေယာဉ် (၂) စင်း၊ Mi-8 ရဟတ်ယာဉ် (၅) စင်းနှင့် Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ် (၅) စင်းတို့ ဖြစ်ပြီးအားလုံးမှာပခုံးထမ်းလေယာဉ်ပစ်ဒုံးများနှင့်ယာဉ်တင်လေယာဉ်ပစ်ဒုံးများကြောင့်ဖြစ်သည်ဟု UNIAN သတင်းဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ Su-25 ကြားဖြတ်တိုက်လေယာဉ် (၂) စင်းမှာ mission အပြီးပြန်အလှည့်တွင်ပစ်ချခံရကြောင်းကာကွယ်ရေးဝန်ကြီးဌာနတွင်ဖော်ပြထားပြီး Su-25 ကြားဖြတ်တိုက်လေယာဉ်တစ်စင်းနှင့် Mi-8 ရဟတ်ယာဉ်တစ်စင်းမှာမြေပြင်သို့အဆင်းတွင်ပျက်ကျခဲ့သည်။

အဆိုးရွားဆုံးဖြစ်ရပ်များဖြစ်သည့်ဇွန်လ ၁၄ ရက်နေ့တွင်ယူကရိန်းလေတပ်သုံး Il-76 သယ်ယူပို့ ဆောင်ရေးလေယာဉ်ပေါ်တွင်လိုက်ပါလာသည့်တပ်ဖွဲ့ ဝင် ၄၉ ယောက်မှာလေယာဉ်ပစ်ချခံရသည့်အထဲတွင်သေဆုံးခဲ့သည်။ ထို့ အပြင် Mi-8 ရဟတ်ယာဉ်(၅)စင်းပေါ်တွင်လိုက်ပါလာသည့် ယူကရိန်းတပ်ဖွဲ့ ဝင် ၂၆ ဦးမှာလဲရဟတ်ယာဉ် ပျက်ကျရင်းသေဆုံးခဲ့ရပြီးတပ်ဖွဲ့ ဝင် ၁၁ ဦးမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ယူကရိန်းလေတပ်မှ ပျက်ဆီးဆုံးရှူံးခဲ့သည့်လေယာဉ်နှင့်ရဟတ်ယာဉ်တန်ဖိုးမှာအမေရိကန်ဒေါ်လာသန်း ၂၅၀ ခန့်ရှိခဲ့ကြောင်း UNIAN သတင်းဌာရှိအမည်မဖော်လိုသူတစ်ဦးမှကိန်းဂဏန်းများဖြင့်ထုတ်ဖော်ပြောကြားခဲ့သည်။


(ဓါတ်ပုံ- သြဂုတ်လ ၁၇ ရက်နေ့ ကပစ်ချခံရသည့်ယူကရိန်းလေတပ်မှ Mig-29 Fulcrum ဂျက်တိုက်လေယာဉ်အပျက်အစီးပုံ။)

Image credit: militarizm.livejournal.com/






PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...