29 August 2014

Luchnik-E တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်

              (Photo (c) @saidpvo)

  ရုရှားထုတ် Luchnik-E တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်တွင်ပခုံးထမ်းလေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်"9К338 Igla-S MANPADS "ကိုအသုံးပြုထားပြီးဒုံးကျည်ရှစ်စင်းတပ်ဆင်ထားကာ Strela-10 တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ထက်ပို၍ခေတ်မှီသည့်စနစ်ဖြစ်သည်။ Luchnik-E တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်၏ဒီဇိုင်းမှာအနှိမ်ပျံလေယာဉ်များရဟတ်ယာဉ်များခရုဇ်ဒုံးကျည်များနှင်မောင်းသူမဲ့ယာဉ်များကိုနေ့ /ညအချိန်မရွေးတိုက်ခိုက်နိုင်ရန်ဒီဇိုင်းဆွဲထုတ်လုပ်ထားသည်။ Luchnik-E 
တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်တွင် fire-and-forget ပစ်ခတ်နိုင်သည့် 9M342 ဒုံးကျည်များတပ်ဆင်ထားကာအမြင့်မီတာ ၃,၅၀၀ အကွာအဝေး မီတာ ၆,၀၀၀ အထိပစ်ခတ်နိုင်ပြီးပစ်မှတ်တစ်ခုအားဒုံးကျည်ရှစ်စင်းဖြင့်တပြိုင်နက်ပစ်ခတ်၍သော်လည်ကောင်းမတူညီသည့်ပစ်မှတ်လေးခုအားတပြိုက်နက်ထဲချိတ်ဆက်၍သော်လည်ကောင်းပစ်ခတ်နိုင်သည်။ Luchnik-E 
တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်တွင်ယာဉ်မောင်းတစ်ဦးရေဒီယိုအော်ပရေတာတစ်ဦးနှင့်လေယာဉ်ပစ်ဒုံးစနစ်အားထိန်းချုပ်ပစ်ခတ်သူနှစ်ဦးပါဝင်သည်။ Luchnik-E လေယာဉ်ပစ်ဒုံးစနစ်ကို MT-LB သံချပ်ကာယာဉ်ပေါ်တွင်တပ်ဆင်ထားသောကြောင့် ကုန်းနှင့်ရေနှစ်သွယ်မောင်းနှင်အသုံးပြုနိုင်ကာရေထဲမောင်းနှင်ချိန်တွင်လဲဒုံးစနစ်အားပစ်ခတ်နိုင်သည်။




            (Photo: Army Recognition)



 (Photo: PTS "BASTION» AVKarpenko)



27 August 2014

Mistral တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်အား Matis MP3 optronic aiming sight တပ်ဆင်၍အဆင့်မြင့်တင်ထားခြင်း။



Mistral တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ကိုဥရောပကုမ္ပတစ်ခုဖြစ်တဲ့ MBDA မှဒီဇိုင်းဆွဲထုတ်လုပ်ထားပြီးတပ်ဖွဲ့ ဝင်နှစ်ဦးအသုံးပြုပစ်ခတ်ရသည့်တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ဖြစ်သည်။ Mistral တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်တွင်အသံထက် ၂.၅ ဆ မြန်သောဒုံးကျည်တပ်ဆင်ထားပြီးအမြင့် ၃ ကီလိုမီတာ၊ အကွာအဝေး ၆ ကီလိုမီတာအထိပစ်ခတ်နိုင်ကာဒုံး၏အမြန်နှူန်းကြောင့်ဂျက်တိုက်လေယာဉ်များကိုပင်ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိသည်။ ပြင်သစ်နိုင်ငံရှိ Safran (Sagem) ကုမ္ပဏီထုတ် Matis MP3 optronic aiming sight မှာနေ့ /ညအသုံးပြုနိုင်၍ အရေးပါသည့်အချက်အနေဖြင့် Mistral ဒုံးစနစ်လုပ်နိုင်စွမ်းအားကိုပိုမိုကောင်းမွန်စေပါသည်။ Matis MP3 optronic aiming sight တွင် detection နှင့် identification range အားတိုးမြင့်ထားပြီး မတူညီတဲ့ရာသီဥတုမျိုးတွင်ကောင်းစွာအသုံးပြုနိုင်သည်။ ထို့ အပြင်သံလိုက်အိမ်မြောင်နှင့် GPS receiver တပ်ဆင်ထားပြီးပစ်မှတ်အားပစ်ခတ်ခြင်းနှင့်ကာကွယ်ရေးဧရိယာအတွင်းမှာရှိတဲ့ firing posts များအချင်းချင်းချိတ်ဆက်ရာတွင်အထောက်အကူပေးသည်။ Mistral တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ကို ၁၉၈၉ ခုနှစ်မှစတင်၍ထုတ်လုပ်ခဲ့ပြီးဥရောပ(၈)နိုင်ငံအပါအဝင်နိုင်ငံ (၂၅) နိုင်ငံမှတပ်ဖွဲ့  ၃၇ ဖွဲ့ တွင်အသုံးပြုလျှက်ရှိသည်။

(Photo: Army Recognition)

25 August 2014

J-11 ဂျက်တိုက်လေယာဉ်



တရုတ်နိုင်ငံထုတ် Shenyang J-11 (NATO : Flanker B+) တိုက်လေယာဉ်မှာအင်ဂျင်နှစ်လုံးတပ်တစ်ယောက်မောင်းတိုက်လေယာဉ်အမျိုးအစားဖြစ်ပြီးရုရှားထုတ် Sukhoi Su-27 Flanker တိုက်လေယာဉ်ကိုအခြေခံထားကာရုရှားလိုင်စင်ဖြင့်တရုတ်နိုင်ငံတွင်ထုတ်လုပ်၍အသုံးပြုနေသည့်စတုတ္ထမျိုးဆက်တိုက်လေယာဉ်ဖြစ်သည်။

J-11 တိုက်လေယာဉ်ကိုတရုတ်နိုင်ငံရှိ Shenyang Aircraft Corporation မှထုတ်လုပ်ထားပြီး တရုတ်လေတပ် (PLAAF) နှင့်ရေတပ် (PLAN) တွင်အသုံးပြုသည်။ J-11 တိုက်လေယာဉ်ကိုအဆင့်မြင့်တင်ထားသည့်စတုတ္ထမျိုးဆက် J-11A နှင့် J-11B တိုက်လေယာဉ်မှာဥရောပနိုင်ငံများထုတ်စတုတ္ထမျိုးဆက်တိုက်လေယာဉ်များအားယှဉ်ပြိုင်နိုင်ရန်ရည်ရွယ်၍ထုတ်လုပ်ထားသည့်တိုက်လေယာဉ်ဖြစ်ပြီးတရုတ်လေတပ်တွင်အစီး ၁၄၀ ကျော်အသုံးပြုလျှက်ရှိသည်။





     (Photo: Chinese Military Review)

 

24 August 2014

Chinese Z-18F Anti-Submarine Warfare (ASW) Helicopter



ရေငုတ်သင်္ဘောတိုက်ဖျက်ရေးရဟတ်ယာဉ် "Z-18F "ကိုတရုတ်နိုင်ငံရှိ Changhe Aircraft Industry Group (CAIG) မှတရုတ်ရေတပ်အတွက်ရည်ရွယ်၍စတင်စမ်းသပ်ထုတ်လုပ်ထားသည်။ Z-18F ရေငုတ်သင်္ဘောတိုက်ဖျက်ရေး (ASW) ရဟတ်ယာဉ်မှာ Z-18 သယ်ယူပို့ ဆောင်ရေးရဟတ်ယာဉ်ကိုအခြေခံထားပြီး ပြင်သစ်ထုတ် Z-8/SA-321 Super Frelon ရဟတ်ယာဉ် နေရာတွင်အစားထိုးအသုံးပြုသွားရန်ရည်ရွယ်ထားသည်။ Z-18F ရေငုတ်သင်္ဘောတိုက်ဖျက်ရေး (ASW) ရဟတ်ယာဉ်တွင် ၃၆၀ ဒီဂရီဖမ်းယူနိုင်သည့် surface search ရေဒါကိုရဟတ်ယာဉ်၏နုတ်သီးအောက်တွင်တပ်ဆင်ထားပြီးရဟတ်ယာဉ်၏ညာဘက်တွင် FLIR/TV turret ကိုတပ်ဆင်ထားသည်။ နောက်ပိုင်းတွင် sonobuoys နှင့် ၃၂၄ မီလီမီတာ တော်ပီဒိုများကိုရဟတ်ယာဉ်တွင်တပ်ဆင်အသုံးပြုသွားမည်ဖြစ်သည်။







Varshavyanka class ရေငုတ်သင်္ဘော


ဗီယက်နမ်ရေတပ်အတွက်တည်ဆောက်ထားသည့် Varshavyanka အတန်းအစား HQ-185 "Da Nang" အမည်ရှိစတုတ္ထမြောက်ရေငုတ်သင်္ဘောကို ကြသာပတေးနေ့ (သြဂုတ်လ ၂၁ ရက်) က "Baltic Sea" တွင်စမ်းသပ်မောင်းနှင်ခုတ်မောင်းနေပုံ။ (ဓါတ်ပုံ)

ဗီယက်နမ်ရေတပ်အတွက်တည်ဆောက်ပေးထားသည့် Diesel-electric စွမ်းအင်သုံး Varshavyanka class (Project 636.1) ရေငုတ်သင်္ဘောမှာ Kilo-class ရေငုတ်သင်္ဘောကိုပိုမိုကောင်းမွန်အောင်အဆင့်မြင့်တင်ပြုလုပ်ထားပြီးခေတ်မှီကိုယ်ပျောက်နည်းပညာများပေါင်းစပ်ထားတဲ့ခေတ်မှီရေငုတ်သင်္ဘောဖြစ်သည်။ Varshavyanka class ရေငုတ်သင်္ဘော၏ဒီဇိုင်းမှာရန်သူ့ရေငုတ်သင်္ဘောများစစ်သင်္ဘောများနှင့်ကမ်းခြေရှိပစ်မှတ်များကိုပစ်ခတ်တိုက်ခိုက်နိုင်အောင်ဒီဇိုင်းဆွဲတည်ဆောက်ထားပြီးသီးခြားတစ်စင်းထဲသော်လည်ကောင်းစစ်ရေယာဉ်အုပ်စုဖွဲ့ ၍သော်လည်ကောင်း Long Range စစ်ဆင်နိုင်သည့်ရေငုတ်သင်္ဘောအမျိုးအစားလဲဖြစ်သည်။ ထို့အပြင် Varshavyanka class ရေငုတ်သင်္ဘောမှာ ဆူညံမှုနည်းပြီးရေငုတ်သင်္ဘောတိုက်ဖျက်ရေးစနစ်များမမိနိုင်တဲ့အကွာအဝေးမှရန်သူကိုဦးစွာတိုက်ခိုက်နိုင်စွမ်းရှိသည်။

Varshavyanka class ရေငုတ်သင်္ဘော၏အလျားမှာ မီတာ ၇၀ ကျော်ရှိပြီးအလေးချိန်တန်ချိန် ၃,၁၀၀ ကျော်ရှိသည်။ရေငုတ်သင်္ဘောတွင်အရာရှိနှင့်ရေတပ်သား (၅၂)ဦးအထိလိုက်ပါနိုင်ပြီးအကွာအဝေး ၁၂,၀၇၀ ကီလိုမီတာ (မိုင် ၇,၅၀၀) စစ်ဆင်နိုင်စွမ်းရှိသည်။ Diesel-electric စွမ်းအင်အသုံးပြုထားသည့် Varshavyanka အတန်းအစားရေငုတ်သင်္ဘောမှာ တစ်နာရီလျှင်ရေမိုင် ၂၀ မှ ၂၅ မိုင်နှုန်းဖြင့်ခုတ်မောင်းနိုင်ပြီးရေအောက်မီတာ ၂၅၀ မှ မီတာ ၃၀၀ အနက်ထိငုပ်လျှိုးနိုင်စွမ်းရှိသည်။ Varshavyanka class ရေငုတ်သင်္ဘောတွင်လက်နက်အဖြစ်တော်ပီဒိုနှင့်မိုင်းများတပ်ဆင်ထားပြီး ၅၃၃ မီလီမီတာ Torpedo tube (၆) ခုတပ်ဆင်ထားကာတော်ပီဒိုများ၊ Club-S (3M-54E) ခရုဇ်ဒုံးကျည်များထည့်သွင်းပစ်ခတ်နိုင်သည်။ (လေကြောင်းရန်ကာကွယ်ရေးအတွက်လက်နက်စနစ်တပ်ဆင်ထားခြင်းရှိ/မရှိ မသိရ)။ ရေငုတ်သင်္ဘောတွင်တပ်ဆင်ထားသည့် Club-S (3M-54E) ခရုဇ်ဒုံးကျည်မှာပင်လယ်ရေမျက်နှာပြင်ရှိ ပစ်မှတ်များနှင့်ကမ်းခြေရှိမည်သည့်ပစ်မှတ်ကိုမဆို၂၇၅ ကီလိုမီတာအကွာအဝေးမှ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိသည်။ရေငုတ်သင်္ဘောတွင်တော်ပီဒိုနှင့်ခရုဇ်ဒုံးကျည် (၁၆) စင်းနှင့်မိုင်း (၂၄) လုံးခန့် တပ်ဆင်ထားသည်။ 

ရုရှားနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့အကြား ၂၀၀၉ခုနှစ်ကချုပ်ဆိုထားခဲ့သောစာချုပ်အရ  Varshavyanka class ရေငုတ်သင်္ဘော (၆) စင်းအား ၂၀၁၆ ခုနှစ်အကုန်တွင်အပြီးတည်ဆောက်ပေး၍လွဲအပ်ပေးရမည်ဖြစ်သည်။


(Photo: ITAR-TASS)

23 August 2014

First regiment of S-500 new air defense missile system will protect Moscow and center of Russia.




ရုရှားနိုင်ငံမှ S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေး ဒုံးစနစ်တပ်ဆင်ထားသည့်ပထမဆုံးတပ်ရင်းကြီးကိုမော်စကိုမြို့နှင့်ရုရှားအလယ်ပိုင်းဒေသတွင်စတင်တပ်ဖြန့် ချထားမည်ဟု ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်မှဗိုလ်ချုပ် "Andrei Demin" မှပြောကြားလိုက်သည်။

ရုရှားနိုင်ငံထုတ် S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်မှာလက်ရှိအသုံးပြုနေသည့် S-400 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ် ထက်အဆင့်မြင့်ပြီးရုရှားလေကြောင်ရန်ကာကွယ်ရေးစနစ်အားလုံး၏ပင်မကြောရိုးတစ်ခုလဲဖြစ်လာမည့်စနစ်လဲဖြစ်သည်။ S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ကို Almaz-Antey ကုမ္ပဏီမှဒီဇိုင်းရေးဆွဲထုတ်လုပ်ထားပြီးအောင်မြင်စွာစမ်းသပ်ခဲ့ပြီးဖြစ်သည်။ S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်၏ ဒီဇိုင်းမှာ တိုက်လေယာဉ်များ၊တိုက်ချင်းပစ်ဒုံးကျည်များ(ICBM) ၊ အသံထက်မြန်သည့်ခရုဇ်ဒုံးကျည်များ၊ Airborne Early Warning & Control လေယာဉ်များ၊ Airborne Warning & Control System လေယာဉ်များကိုအဓိကပစ်ခတ်တိုက်ခိုက်နိုင်ရန်ဒီဇိုင်းရေဆွဲထုတ်လုပ်ထားသည့်တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်လဲဖြစ်သည်။ 

 S-500 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်မှာအမြင့် ၂၀၀ ကီလိုမီတာနှင့် အကွာအဝေး ၆၀၀ ကီလိမီတာ (၃၇၃ မိုင်) အထိပစ်ခတ်နိုင်၍အသံထက်မြန်သောတိုက်ချင်းပစ်ဒုံကျည် ၁၀ စင်းကိုတပြိုင်နက်ထဲချိတ်ဆက်ပစ်ခတ်နိုင်စွမ်းရှိပြီးဒုံးကျည်၏အမြန်နှုန်းမှာတစ်စက္ကန့် လျှင် ၇ ကီလိုမီတာရှိသည်။ ထို့အပြင် S-500  တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်တွင်ပါဝင်သည့်ရေဒါမှာကီလိုမီတာ ၈၀၀ မှ ၉၀၀ အထိပစ်မှတ်များကိုဖမ်းယူနိုင်စွမ်းရှိကြောင်းသိရှိရသည်။ရုရှားနိုင်ငံအနေဖြင့်အနာဂါတ်တွင်အာကာသနှင့်လေကြောင်းရန်ကာကွယ်ရေးတပ်အတွက် S-500  တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်များအား အနည်းဆုံး တပ်ရင်း ၁၀ ရင်းစာမှာယူအသုံးပြုသွားမည်ဟုခန့် မှန်းရသည်။


(Photo: S-500 Long-range Air Defense System)

Germany and Italy agree to send weapons and military equipment to Iraqi Kurdish Security Forces.



ဂျာမနီနှင့်အီတလီနိုင်ငံတို့ မှပူးပေါင်း၍ အီရတ်နိုင်ငံမြောက်ပိုင်းတွင် ISIL/ISIS သူပုန်များအားခုခံတိုက်ခိုက်ရင်း တာဝန်ထမ်းဆောင်နေသည့် Kurdish လုံခြုံရေးတပ်ဖွဲ့ ဝင်များအားလက်နက်များနှင့်အီကွေးမန့်များထောက်ပံ့ပေးသွားသွားမည်။

Photo: Kurdish security forces 

အင်ဒိုနီးရှားနိုင်ငံမှအမေရိကန်ထုတ် AH-64E အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်များဝယ်ယူသွားမည်



အင်ဒိုနီးရှားနိုင်ငံမှအမေရိကန်နိုင်ငံဘိုးရင်းကုမ္ပဏီထုတ် AH-64E (Guardian) အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်များဝယ်ယူသွားမည်ဟုအင်ဒိုနီရှားကာကွယ်ရေးဝန်ကြီးဌာနမှသြဂုတ်လ ၂၀ ရက်နေ့ ကပြောကြားလိုက်သည်။


Photo: ASEAN Military Review 

X-47B UCAS-D (Unmanned Combat Air System)



X-47B UCAS-D & F/A-18 Super Hornets combined operations aboard the aircraft carrier USS Theodore Roosevelt (CVN 71)




Mistral short-range surface-to-air defense missile system with Matis MP3 optronic aiming sight.




Photo: Army Recognition 


20 August 2014

Ukrainian-made 122mm Multiple Launch Rocket System (MLRS)


Ukrainian-made Bastion-2 122mm MLRS Multiple Launch Rocket System based on KrAZ-6322RA 6x6 9.32m chassis truck.




Ukrainian-made Bastion-1 122mm MLRS Multiple Launch Rocket System based on KrAZ-6322RA 6x6 8.5m chassis military truck.

X-47B မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်နှင့် F/A-18 Super Hornets ဂျက်တိုက်လေယာဉ်တို့ အားတပြိုင်နက်ထဲ အောင်မြင်စွာတက်/ဆင်းပြုလုပ်



 သြဂုတ် ၁၇ ရင်နေ့ ကအမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောကြီး USS Theodore Roosevelt (CVN 71) ပေါ်မှ X-47B မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်နှင့် F/A-18 Super Hornets ဂျက်တိုက်လေယာဉ်တို့ အားတပြိုင်နက်ထဲ အောင်မြင်စွာတက်/ဆင်းပြုလုပ်ခဲ့သည့် ဓါတ်ပုံနှင့်ဗွီဒီယိုဖိုင်>>http://youtu.be/1gG-EFqrndM

 






Photo via xinhuanet.com & Youtube 

အမေရိကန်စစ်တပ်မှ အီရတ်နိုင်ငံရှိ ISIS သူပုန်များအား ထိုးစစ်ဆင်


အမေရိကန်စစ်တပ်မှ အီရတ်နိုင်ငံ Mosul မြို့၏မြောက်ဘက်မှာရှိတဲ့ ISIS (သို့ ) ISIL သူပုန်များအား သြဂုတ်လ ၁၇ ရက်(တနင်္ဂနွေနေ့)က လေကြောင်းမှထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်ရဲ့ Central Command ၏ website တွင်ဖော်ပြထားသည်။

 တနင်္ဂနွေနေ့ ကလေကြောင်းမှ တိုက်ခိုက်မှူတွင်အမေရိကန်စသ်တပ်မှတိုက်ခိုက်ရေးလေယာဉ်များဗုံးကျဲလေယာဉ်များနှင့်မောင်းသူမဲ့လေယာဉ်များပါဝင်ကြောင်းဖော်ပြထားပြီး သူပုန်းများအသုံးပြုသည့်လက်နက်တပ်ဆင်ထားသောယာဉ် ၁၀ စီး၊ ဟမ်းဗွီးယာဉ် ၇ စီး၊ သံချပ်ကာလူသယ်ယာဉ် ၂ စီးနှင့် checkpoint တစ်ခုအားဖျက်စီးနိုင်ခဲ့ကြောင်း Central Command ၏ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။


(ဓါတ်ပုံ-ပါရှန်ပင်လယ်ကွေ့ အတွင်းရှိအမေရိကန်လေယာဉ်တင်သင်္ဘောကြီး USS George H.W. Bush ပေါ်မှ F/A-18C Hornet တိုက်လေယာဉ်တစ်စင်းပျံတက်ရန်ပြင်ဆင်နေပုံ။)


Queen Elizabeth class ဒုတိယမြောက်လေယာဉ်တင်သင်္ဘောကြီး HMS Prince of Wales ရဲ့ Lower Block 02




ဗြိတိန်တော်ဝင်ရေတပ်အတွက် BAE System ကုမ္ပဏီမှတည်ဆောက်ပေးနေသည့်  ဒုတိယမြောက် Queen Elizabeth class လေယာဉ်တင်သင်္ဘောကြီး HMS Prince of Wales ရဲ့အစိတ်အပိုင်းတစ်ခု (Lower Block 02) အား Rosyth င်္ဘောကျင်းသို့ ပို့ ဆောင်နေပုံ။



(BAE Systems Maritime)

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...