အမေရိကန်ရေတပ်မှ Ticonderoga-class ခရူဇာစစ်သင်္ဘောကြီး
Ticonderoga-class ခရူဇာစစ်သင်္ဘောကို ၁၉၈၀ မှ ၁၉၉၄ ခုနှစ်အတွင်းအစီးပေါင်း ၂၇ စီးတည်ဆောက်ခဲ့ပြီး (၁၉) စီးအား Ingalls Shipbuilding မှလည်ကောင်း (၈) စီးအား Bath Iron Works (BIW)ကုမ္ပဏီမှလည်ကောင်း တည်ဆောက်ပေးထားကာလက်ရှ်ိအမေရိကန်ရေတပ်တွင် (၂၂) စီး တာဝန်ထမ်းဆောင်လျှက်ရှိသည်။ Ticonderoga-class ခရူဇာစစ်သင်္ဘောကို ၁၉၇၈ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ရေတပ်အတွက်စတင်မှာယူခဲ့သည်။ Ticonderoga-class ခရူဇာစစ်သင်္ဘောကြီးတွင် Passive Phased-Array ရေဒါကိုတပ်ဆင်ထားပြီးမူလပုံစံမှာဖျက်သင်္ဘောအဖြင့်တည်ဆောက်ရန်ရည်ရွယ်ထားသော်လည်းတိုက်ပွဲဝင်နိုင်သည့်လက်နက်အများအပြားတပ်ဆင်ထားခြင်း Aegis combat system နှင့် AN/SPY-1 radar စနစ်များတပ်ဆင်ထားသောကြောင့်ဖျက်သင်္ဘော(DDG) ဟုမခေါ်တွင်စေပဲ ခရူဇာစစ်သင်္ဘော(CG)အဖြစ်ပြောင်းလဲခဲ့သည်။
အမေရိကန်ရေတပ်အတွက်တည်ဆောက်ထားသည့် Ticonderoga-class ခရူဇာစစ်သင်္ဘောမှာပဲ့ထိန်းဒုံတပ် multi-role ခရူဇာစစ်သင်္ဘောအမျိုးအစားဖြစ်ပြီး တန်ချိန် ၉,၈၀၀ ကျော်ရှိသည်။Ticonderoga-class ခရူဇာစစ်သင်္ဘော၏ဒီဇိုင်းမှာလေယာဉ်တင်သင်္ဘောအုပ်စုများ၊ amphibious assault group များနှင့်အခြားစစ်ဆင်ရေးများတွင် လုံခြုံရေးယူပေးခြင်းအစောက်အလျှောက်အဖြစ်လိုက်ပါပေးခြင်းများဆောင်ရွက်ပေးသည်။ Ticonderoga-class ခရူဇာစစ်သင်္ဘော၏အလျားမှာ ၁၇၃ မီတာနှင့်အကျယ် ၁၆.၈ မီတာရှိပြီး LM2500 gas turbine engines ၄ လုံးတပ်ဆင်ထားကာအမြန်ဆုံး ရေမိုင် ၃၃.၅ မိုင်နှူန်းဖြင့်ခုတ်မောင်းနိုင်သည်။
ခရူဇာစစ်သင်္ဘောကြီးသွားရောက်နိုင်သည့်အကွာအဝေးမှာ ရေမိုင် ၂၀ နှူန်းဖြင့် ကီလိုမီတာ ၁၁,၀၀၀ (မိုင် ၆,၀၀၀) ကိုလည်ကောင်း၊ ရေမိုင် ၃၀ နှူန်းဖြင့် ကီလိုမီတာ ၆,၁၀၀ (မိုင် ၃,၃၀၀) ကိုစစ်ဆင်နိုင်စွမ်းရှိသည်။
Ticonderoga-class ခရူဇာစစ်သင်္ဘောတွင် Cruiser Mark 26 အမျိုးအစားနှင့် Cruiser Mark 41 အမျိုးအစားဟုနှစ်မျိုးရှိသည်။ပထမအမျိုးအစားဖြစ်သည့် Cruiser Mark 26 တွင်ဒေါင်လိုက်ပစ်လွတ်သည့်စနစ် (VLS) ပါ Mk 26 ဒုံးပစ်စင်၂ ခု (2×44 cell) တပ်ဆင်ထားပြီး Mk 26 ဒုံးပစ်စင်နှစ်ခုထဲတွင်လေကြောင်းရန်ကာကွယ်ရေးအတွက်မြေပြင်မှဝေဟင်ပစ် RIM-66 SM-2 ဒုံးကျည် ၆၈ စင်းနှင့် RUR-5 ASROC အမျိုးအစား ရေငုတ်သင်္ဘောဖျက်ဒုံးကျည်အစင်း ၂၀ တပ်ဆင်ထားသည်။ Ticonderoga-class ခရူဇာစစ်သင်္ဘောတွင်တပ်ဆင်ထားသည့်အခြားလက်နက်များမှာပဲ့ပိုင်း (aft) တွင် RGM-84 Harpoon သင်္ဘောဖျက်ဒုံး (၈) စင်း၊ သင်္ဘောဦးပိုင်းတွင် Mark 45 ၅ လက်မ Main Gun ၁ လက်၊ပဲ့ပိုင်းတွင် Mark 45 ၅ လက်မ Main Gun ၁ လက်၊ Phalanx CIWS လက်နက်စနစ်နှစ်ခု၊ (.၅၀) ကယ်လီဗာ စက်သေနတ်ကြီး၂-၄ လတ်နှင့် Mk 32 အမျိုးအစား ၃၂၄ မီလီမီတာတော်ပီဒိုသုံးစင်းပါပစ်စင်နှစ်ခုပါရှိသည်။ ဒုတိယအမျိုးအစားဖြစ်သည့် Cruiser Mark 41 တွင်ဒေါင်လိုက်ပစ်လွတ်သည့်စနစ် (VLS) ပါ Mk 41 အမျိုးအစားဒုံးပစ်စင်နှစ်ခု (2×61 cell) ပါရှိပြီး Mk 41 ဒုံးပစ်စင်ထဲတွင်
မြေပြင်မှဝေဟင်ပစ်အမျိုးအစားတာလတ်ပစ် RIM-66M-5 Standard SM-2MR Block IIIB ဒုံးကျည်များ၊ Navy Area Theater Ballistic Missile Defense (NATBMD) အတွက် RIM-156A SM-2ER Block IV ဒုံးကျည်များ၊ Ballistic Missiles ကာကွယ်ရေးအတွက် RIM-161 SM-3 ကြားဖြတ်တိုက်ခိုက်ရေးဒုံးခွင်း/ဒုံးကျည်များ၊ RIM-162A ESSM တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ၊ RIM-174A Standard ERAM လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ၊ BGM-109 Tomahawk မြေပြင်ပစ်ခရုဇ်ဒုံးကျည်များနှင့် ရေငုတ်သင်္ဘောဖျက် RUM-139A VL-ASROC ဒုံးကျည်များ (စုစုပေါင်း ၁၂၂ စင်း) တပ်ဆင်ထားသည်။ Ticonderoga-class ခရူဇာစစ်သင်္ဘောတွင်တပ်ဆင်ထားသည့်
အခြားလက်နက်များမှာ RGM-84 Harpoon သင်္ဘောဖျက်ဒုံးကျည် ၈ စင်း၊Mk 45 Mod 2 ၅ လက်မ Main Gun ၂ လတ်၊ Mk 38 ၂၅ မမ စက်သေနတ် ၂ လတ်၊ (.၅၀) ကယ်လီဗာ စက်သေနတ် ၂-၄ လတ်၊ Phalanx CIWS Block 1B လက်နက်စနစ် ၂ ခု နှင့် Mk 32 အမျိုးအစား ၃၂၄ မီလီမီတာ တော်ပီဒိုသုံးစင်းပါပစ်စင်နှစ်ခုပါရှိသည်။ Ticonderoga-class ခရူဇာစစ်သင်္ဘောတွင်ရေငုတ်သင်္ဘောတိုက်ဖျက်ရေး(ASW)အတွက် Sikorsky SH-60B ASW ရဟတ်ယာဉ် (သို့) MH-60R Seahawk LAMPS III ASW ရဟတ်ယာဉ်နှစ်စင်းပါရှိသည်။
၂၀၁၃ ခုနှစ်တွင် အမေရိကန်ရေတပ်မှ Ticonderoga-class ခရူဇာစစ်သင်္ဘော ၁၂ စီးအားသင်္ဘောကိုယ်ထည်ပိုင်း၊အီလက်ထရောနစ်ပိုင်းနှင့်စက်ပိုင်းဆိုင်ရာများအဆင့်မြင့်တင်မှူပြုလုပ်ခဲ့ပြီး ၈ စင်းတွင် combat systemsများအဆင့်မြင့်တင်နိုင်ခဲ့သည်။ ၄င်းအဆင့်မြင့်တင်ခြင်းတွင် AEGIS computing infrastructure စနစ်၊SPQ-9B ရေဒါစနစ်၊အီလက်ထရောနစ်ဆော့ဝဲလ်များ၊ကွန်ပြူတာစနစ်များ၊ဆန်ဆာများ၊ရေဒါများနှင့်အခြားလက်နက်ပိုင်းတွင်အဆင့်မြင့်တင်ခြင်းပြုလုပ်ခဲ့ပြီးဒေါင်လိုက်ပစ်ဒုံးစနစ်အား ပြန်လည်ပြုပြင်ခြင်းများပါဝင်ကာ အဆင့်မြင့်တင်ခြင်းအတွက်ခရူဇာစစ်သင်္ဘောတစ်စီးတွင်အမေရိကန်ဒေါ်လာ ၂၅၀ ကျော်ကုန်ကျခဲ့သည်။၂၀၁၅ ခုနှစ်တွင်အမေရိကန်ရေတပ်မှ Ticonderoga-class ခရူဇာစစ်သင်္ဘော (၁၁)စီးအားစံနှူန်းအသစ်ဖြင့်အဆင့်မြင်တင်မှူပြုလုပ်မည်ဖြစ်ပြီးအခြား (၁၁) စီးအားဆက်လက်အသုံးပြုသွားမည်ဖြစ်သည်။Ticonderoga-class ခရူဇာစစ်သင်္ဘောတစ်စီး၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁) ဘီလီယံကျော်ရှိသည်။
လက်ရှိအမေရိကန်ရေတပ်တွင်အသုံးပြုနေသည့် ခရူဇာစစ်သင်္ဘောအမည်များ။
၁။) USS Bunker Hill (CG 52), San Diego, CA
၂။) USS Mobile Bay (CG 53), San Diego, CA
၃။) USS Antietam (CG 54), Yokosuka, Japan
၎။) USS Leyte Gulf (CG 55), Norfolk, VA
၅။) USS San Jacinto (CG 56), Norfolk, VA
၆။) USS Lake Champlain (CG 57), San Diego, CA
၇။) USS Philippine Sea (CG 58), Mayport, FL
၈။) USS Princeton (CG 59), San Diego, CA
၉။) USS Normandy (CG 60), Norfolk, VA
၁၀။) USS Monterey (CG 61), Norfolk, VA
၁၁။) USS Chancellorsville (CG 62), San Diego, CA
၁၂။) USS Cowpens (CG 63), San Diego, CA
၁၃။) USS Gettysburg (CG 64), Mayport, FL
၁၄။) USS Chosin (CG 65), Pearl Harbor, HI
၁၅။) USS Hue City (CG 66), Mayport, FL
၁၆။) USS Shiloh (CG 67), Yokosuka, Japan
၁၇။) USS Anzio (CG 68), Norfolk, VA
၁၈။) USS Vicksburg (CG 69), Mayport, FL
၁၉။) USS Lake Erie (CG 70), Pearl Harbor, HI
၂၀။) USS Cape St. George (CG 71), San Diego, CA
၂၁။) USS Vella Gulf (CG 72), Norfolk, VA
၂၂။) USS Port Royal (CG 73), Pearl Harbor, HI
Ref: wiki & USNavy
Photo: U.S.Pacifict Feet & wiki
စည်သူ
24, June 2014