28 June 2014

Combatant Evacuation

Combatant Evacuation 

Source Photos : 2nd Brigade Combat Team (82nd Air Borne Fivision)











Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်

Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်




 အစ္စရေးနိုင်ငံထုတ် Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်မှာနေ့/ည (all-weather) အသုံးပြုနိုင်သည့် ဒုံးကျည်ကာကွယ်ရေးစနစ်ဖြစ်ပြီးဒုံးစနစ်တွင်ပါဝင်သည့် Tracking Radar အား Elta defens ကုမ္ပဏီမှလည်ကောင်း၊ Battle management နှင့် Weapon Control System အား mPrest Systems ကုမ္ပဏီမှလည်ကောင်း၊ Missile firing unit အားကုမ္ပဏီမှလည်ကောင်း ပူးပေါင်း၍ထုတ်လုပ်ထားသည်။ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်၏ ဒီဇိုင်းမှာ အကွာအဝေး ၄ ကီလိုမီတာမှ ၇၀ ကီလိုမီတာအတွင်းပစ်ခတ်လာသောရန်သူ့ ဒုံးကျည်များ(တာတို/တာလတ်)၊အမြောက်ကျည်ဆံများ၊ရဟတ်ယာဉ်များ၊မောင်းသူမဲ့လေယာဉ်များနှင့်လေယာဉ်များကိုကြားဖြတ်ဟန့်တားတိုက်ခိုက်နိုင်ရန်ဒီဇိုင်းဆွဲထုတ်လုပ်ထားသည့်ဒုံးကျည်ကာကွယ်ရေးစနစ်ဖြစ်သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့က Flight Global reported မှထုတ်ပြန်ချက်အရအစ္စရေးနိုင်ငံထုတ် Iron Dome မှာအမြင့်မီတာတစ်သောင်းတွင်ပျံသန်းနေသည့်လေယာဉ်များကိုပင်ပစ်ချနို်င်သည်ဟုသိရသည်။ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ် အမြောက်တပ်ခွဲတစ်ခုတွင် radar unit တစ်ခု၊ missile control unit တစ်ခုနှင့် ဒုံးပစ်စင်အချို့ ပါဝင်ပြီးဒုံးပစ်စင်တစ်ခုတွင်ဒုံးကျည်အစင်း ၂၀ ပါဝင်ကာ Iron Dome တပ်ခွဲတစ်ခုမှာ မြို့ ပြဧရိယာကီလိုမီတာ (၁၅၀)အကျယ်အဝန်းအားကောင်းစွာကာကွယ်ပေးနိုင်စွမ်းရှိသည်။

   Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်ကို ၂၀၁၁ မတ်လ(၂၇)ရက်နေ့တွင်စတင်တပ်ဖြန့်ချထားခဲ့ပြီး၂၀၁၁ခုနှစ်ဧပြီလ(၇)ရက်နေ့တွင်ပထမဆုံးအကြိမ်ရန်သူ့ဒုံးကျည်အားအောင်မြင်စွာပစ်ချနိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လ ၁၀ နေ့ထုတ် Jerusalem Post reported အရ Iron Dome မှာရန်သူ့ ဒုံးကျည် ၉၀ ရာခိုင်နှူန်းကျော်အားပစ်ချနိုင်ခဲ့သည်ဟုထုတ်ပြန်ထားသည်။ ၂၀၁၂ ခုနှစ်နိုဝင်ဘာလမှထုတ်ပြန်သည့်စစ်တမ်းအရ Iron Dome မှာဒုံးကျည်အစင်းပေါင်း (၄၀၀) ကျော်ကြားဖြတ်ပစ်ချနိုင်ခဲ့သည်ဟုဆိုသည်။ အစ္စရေးနိုင်ငံအနေဖြင့် Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်ပစ်ခတ်နိုင်သည့် အကွာအဝေးကို ကီလိုမီတာ ၇၀ မှ ၂၅၀ အထိတိုးမြင့်နိုင်ရန်နှင့်လမ်းကြောင်းနှစ်ခုမှပစ်ခတ်လိုက်သည့်ရန်သူ့ဒုံးကျည်များအားတပြိုင်နက်ထဲပစ်ခတ်နိုင်အောင်စွယ်စုံအသုံးပြုနိုင်အောင်ကြိုးစားလျှက်ရှိသည်။ ထို့အပြင်အမေရိကန်နိုင်ငံနှင့်အစ္စရေးနိုင်ငံတို့ ပူးပေါင်း၍နည်းပညာဖလှယ်ကာ Arrow III missile system ကိုအမေရိကန်နိုင်ငံတွင်ထုတ်လုပ်လျှက်ရှိသည်။


(Photos: Army Recognition & mostlymissiledefense)


The Armed Forces of the World

Hatf VIII (Ra'ad) ခရုဇ်ဒုံးကျည် (ALCM)

Hatf VIII (Ra'ad) ခရုဇ်ဒုံးကျည် (ALCM)


ပါကစ္စတန်ထုတ် Hatf VIII (Ra'ad) ခရုဇ်ဒုံးကျည်၏ဒီဇိုင်းမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ရေဒါစခန်းများနှင့်အမိန့် ပေးဌာနချုပ်များနှင့်ရန်သူ့ အခြေဆိုက်စခန်းများအား ပစ်ခတ်နိုင်ရန်ဒီဇိုင်းဆွဲထုတ်လုပ်ထားပြီးရန်သူ့ လေကြောင်းရန်ကာကွယ်ရေးစနစ်များအား အဝေးမှပစ်ခတ်နိုင်သည့် ဝေဟင်မှမြေပြင်ပစ်ခရုဇ်ဒုံးကျည်ဖြစ်သည်။ Hatf VIII (Ra'ad) ခရုဇ်ဒုံးကျည်၏ အလျားမှာ ၄.၈၅ မီတာ၊အလေးချိန် ၁,၁၀၀ ကီလိုဂရမ်ရှိပြီးပေါက်ကွဲအားပြင်းထန်သည့် ထိပ်ဖူးအလေးချိန် ၄၅၀ ကီလိုဂရမ်အားသယ်ဆောင်နိုင်သည်။
ထို့ အပြင်ခရုဇ်ဒုံးကျည်ထဲတွင် (10-35 kt) အလေးချိန်ရှိတဲ့ နျူကလီယားအားတပ်ဆင်၍လဲပစ်ခတ်နိုင်သည်။ Hatf VIII (Ra'ad) ခရုဇ်ဒုံးကျည်တွင် Turbofan အင်ဂျင်တပ်ဆင်ထားကာ Subsonic အလျှင်နှူန်းဖြင့် ကီလိုမီတာ ၃၅၀ (မိုင် ၂၂၀) ပစ်ခတ်နိုင်သည်။ Hatf VIII (Ra'ad) ခရုဇ်ဒုံးကျည်အားတိုက်လေယာဉ်များတွင်တပ်ဆင်အသုံးပြုပစ်ခတ်နိုင်သည်။



#The_Armed_Forces_of_the_World

COBRA II 4×4 light tactical သံချပ်ကာယာဉ်

COBRA II 4×4 light tactical သံချပ်ကာယာဉ်


ပြင်သစ်နိုင်ငံတွင်ကျင်းပခဲ့သည့် Eurosatory 2014 ကာကွယ်ရေးဆိုင်ရာစစ်လက်နက်ပြပွဲတွင် တူရကီနိုင်ငံ Otokar ကုမ္ပဏီမှ COBRA II 4×4 light tactical သံချပ်ကာယာဉ်အားထုတ်ဖော်ပြသထားသည်။ COBRA II သံချပ်ကာယာဉ်၏အလျားမှာ ၅.၆ မီတာ၊အကျယ် ၂.၅ မီတာ၊အမြင့် ၂.၂ မီတာနှင့် အလေးချိန် ၁၂ တန်ရှိပြီး တစ်နာရီလျှင် ၁၁၀ ကီလိုမီတာနှူန်းဖြင့် အမြန်ဆုံးမောင်းနှင်နိုင်ကာ အကွာအဝေး ကီလိုမီတာ ၇၀၀ အထိခရီးနှင်နိုင်သည်။

COBRA II 4×4 light tactical သံချပ်ကာယာဉ်ပေါ်တွင် Keskin remote controlled weapon station တပ်ဆင်ထားပြီး၎င်း Remote controlled weapon station တွင် ၁၂.၇ မမ စက်သေနတ်ကြီး (သို့ ) ၇.၆၂ မမ အပေါ့စားစက်သေနတ် (သို့ ) ၄၀ မမ automatic ဗုံးပစ်လောင်ချာ တပ်ဆင်အသုံးပြုနိုင်သည်။ ယခင်ထုတ်လုပ်ခဲ့သည့် COBRA 4×4 သံချပ်ကာယာဉ်နှင့်ဒီဇိုင်းအသစ် COBRA II 4×4 light tactical သံချပ်ကာယာဉ်နှစ်မျိုးစလုံးတွင် amphibious နှင့် non-amphibious ဟူ၍နှစ်မျိုးရှိပြီးဝယ်သူ၏လိုအပ်ချက်ကိုလိုကိ၍ မတူညီသည့် applications နှင့် 
 equipment များတပ်ဆင်အသုံးပြုနိုင်သည်။


The Armed Forces of the World

MU90/IMPACT advanced lightweight anti-submarine torpedo

MU90/IMPACT advanced lightweight anti-submarine torpedo
  

Photo: MU90/IMPACT advanced lightweight anti-submarine torpedo


Photo: MU90/IMPACT advanced lightweight anti-submarine torpedo


Photo: MU90/IMPACT advanced lightweight anti-submarine torpedo

Photo: MU90/IMPACT advanced lightweight anti-submarine torpedo launching 

(Photo: MU90/IMPACT advanced lightweight anti-submarine torpedo)


MU90/IMPACT တော်ပီဒိုကိုဥရောရှိ EuroTorp ကုမ္ပဏီမှထုတ်လုပ်ထားပြီး အီတလီ၊ပြင်သစ်၊ဂျာမနီ၊ဒိန်းမက်၊ပိုလန်နှင့်သြစတေးလျနိုင်ငံတို့တွင်အသုံးပြုကြသည်။ တတိယမျိုးဆက်ဖြစ်သည့် MU90/IMPACT အပေါ့စားတော်ပီဒိုမှာ Fire-and-Forget ပစ်ခတ်နိုင်ပြီး ရေငုတ်သင်္ဘောအားတိုက်ခိုက်ရန်ဒီဇိုင်းဆွဲထားသည့် တော်ပီဒိုလဲဖြစ်သည်။

  MU90/IMPACT တော်ပီဒိုမှာအလျား ၂.၈၅ မီတာ၊အချင်း ၃၂၃ မီလိမီတာနှင့်အလေးချိန် ၃၀၄ ကီလိုဂရမ်ရှိသည်။ MU90 တော်ပီဒိုပစ်ခတ်နိုင်သည့်အမြန်နှူန်းမှာ ရေမိုင် ၂၉ မိုင်မှ ရေမိုင် ၅၀ အထိရှိပြီးအကွာအဝေး (၁၀) ကီလိုမီတာမှ (၂၃) ကီလိုမီတာ အထိပစ်ခတ်နိုင်ကာရေအနက်မီတာ ၁,၀၀၀ အထိပစ်ခတ်နို်င်သည်။ MU90 တော်ပီဒိုကို ပင်လယ်ပြင်ကင်းထောက်လေယာဉ်များနှင့်စစ်ရေယာဉ်များတွင်တပ်ဆင်အသုံးပြုနိုင်သည်။

Source Photos: Wiki


#The_Armed_Forces_of_the_World

24 June 2014

Ticonderoga-class ခရူဇာစစ်သင်္ဘောကြီး

အမေရိကန်ရေတပ်မှ Ticonderoga-class ခရူဇာစစ်သင်္ဘောကြီး



Ticonderoga-class ခရူဇာစစ်သင်္ဘောကို ၁၉၈၀ မှ ၁၉၉၄ ခုနှစ်အတွင်းအစီးပေါင်း ၂၇  စီးတည်ဆောက်ခဲ့ပြီး (၁၉) စီးအား Ingalls Shipbuilding မှလည်ကောင်း (၈) စီးအား Bath Iron Works (BIW)ကုမ္ပဏီမှလည်ကောင်း တည်ဆောက်ပေးထားကာလက်ရှ်ိအမေရိကန်ရေတပ်တွင် (၂၂) စီး တာဝန်ထမ်းဆောင်လျှက်ရှိသည်။ Ticonderoga-class ခရူဇာစစ်သင်္ဘောကို ၁၉၇၈ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ရေတပ်အတွက်စတင်မှာယူခဲ့သည်။ Ticonderoga-class ခရူဇာစစ်သင်္ဘောကြီးတွင် Passive Phased-Array ရေဒါကိုတပ်ဆင်ထားပြီးမူလပုံစံမှာဖျက်သင်္ဘောအဖြင့်တည်ဆောက်ရန်ရည်ရွယ်ထားသော်လည်းတိုက်ပွဲဝင်နိုင်သည့်လက်နက်အများအပြားတပ်ဆင်ထားခြင်း Aegis combat system နှင့် AN/SPY-1 radar စနစ်များတပ်ဆင်ထားသောကြောင့်ဖျက်သင်္ဘော(DDG) ဟုမခေါ်တွင်စေပဲ ခရူဇာစစ်သင်္ဘော(CG)အဖြစ်ပြောင်းလဲခဲ့သည်။ 


အမေရိကန်ရေတပ်အတွက်တည်ဆောက်ထားသည့် Ticonderoga-class ခရူဇာစစ်သင်္ဘောမှာပဲ့ထိန်းဒုံတပ် multi-role ခရူဇာစစ်သင်္ဘောအမျိုးအစားဖြစ်ပြီး တန်ချိန် ၉,၈၀၀ ကျော်ရှိသည်။Ticonderoga-class ခရူဇာစစ်သင်္ဘော၏ဒီဇိုင်းမှာလေယာဉ်တင်သင်္ဘောအုပ်စုများ၊ amphibious assault group များနှင့်အခြားစစ်ဆင်ရေးများတွင် လုံခြုံရေးယူပေးခြင်းအစောက်အလျှောက်အဖြစ်လိုက်ပါပေးခြင်းများဆောင်ရွက်ပေးသည်။ Ticonderoga-class ခရူဇာစစ်သင်္ဘော၏အလျားမှာ ၁၇၃ မီတာနှင့်အကျယ် ၁၆.၈ မီတာရှိပြီး LM2500 gas turbine engines ၄ လုံးတပ်ဆင်ထားကာအမြန်ဆုံး ရေမိုင် ၃၃.၅ မိုင်နှူန်းဖြင့်ခုတ်မောင်းနိုင်သည်။
ခရူဇာစစ်သင်္ဘောကြီးသွားရောက်နိုင်သည့်အကွာအဝေးမှာ ရေမိုင် ၂၀ နှူန်းဖြင့် ကီလိုမီတာ ၁၁,၀၀၀ (မိုင် ၆,၀၀၀) ကိုလည်ကောင်း၊ ရေမိုင် ၃၀ နှူန်းဖြင့် ကီလိုမီတာ ၆,၁၀၀ (မိုင် ၃,၃၀၀) ကိုစစ်ဆင်နိုင်စွမ်းရှိသည်။
 

  Ticonderoga-class ခရူဇာစစ်သင်္ဘောတွင် Cruiser Mark 26 အမျိုးအစားနှင့် Cruiser Mark 41 အမျိုးအစားဟုနှစ်မျိုးရှိသည်။ပထမအမျိုးအစားဖြစ်သည့် Cruiser Mark 26 တွင်ဒေါင်လိုက်ပစ်လွတ်သည့်စနစ် (VLS) ပါ Mk 26 ဒုံးပစ်စင်၂ ခု (2×44 cell) တပ်ဆင်ထားပြီး Mk 26 ဒုံးပစ်စင်နှစ်ခုထဲတွင်လေကြောင်းရန်ကာကွယ်ရေးအတွက်မြေပြင်မှဝေဟင်ပစ် RIM-66 SM-2 ဒုံးကျည် ၆၈ စင်းနှင့် RUR-5 ASROC အမျိုးအစား ရေငုတ်သင်္ဘောဖျက်ဒုံးကျည်အစင်း ၂၀ တပ်ဆင်ထားသည်။ Ticonderoga-class ခရူဇာစစ်သင်္ဘောတွင်တပ်ဆင်ထားသည့်အခြားလက်နက်များမှာပဲ့ပိုင်း (aft) တွင် RGM-84 Harpoon သင်္ဘောဖျက်ဒုံး (၈) စင်း၊ သင်္ဘောဦးပိုင်းတွင် Mark 45 ၅ လက်မ Main Gun ၁ လက်၊ပဲ့ပိုင်းတွင် Mark 45 ၅ လက်မ Main Gun ၁ လက်၊ Phalanx CIWS လက်နက်စနစ်နှစ်ခု၊ (.၅၀) ကယ်လီဗာ စက်သေနတ်ကြီး၂-၄ လတ်နှင့် Mk 32 အမျိုးအစား ၃၂၄ မီလီမီတာတော်ပီဒိုသုံးစင်းပါပစ်စင်နှစ်ခုပါရှိသည်။ ဒုတိယအမျိုးအစားဖြစ်သည့် Cruiser Mark 41 တွင်ဒေါင်လိုက်ပစ်လွတ်သည့်စနစ် (VLS) ပါ Mk 41 အမျိုးအစားဒုံးပစ်စင်နှစ်ခု (2×61 cell) ပါရှိပြီး Mk 41 ဒုံးပစ်စင်ထဲတွင်
မြေပြင်မှဝေဟင်ပစ်အမျိုးအစားတာလတ်ပစ် RIM-66M-5 Standard SM-2MR Block IIIB ဒုံးကျည်များ၊ Navy Area Theater Ballistic Missile Defense (NATBMD) အတွက် RIM-156A SM-2ER Block IV ဒုံးကျည်များ၊ Ballistic Missiles ကာကွယ်ရေးအတွက် RIM-161 SM-3 ကြားဖြတ်တိုက်ခိုက်ရေးဒုံးခွင်း/ဒုံးကျည်များ၊ RIM-162A ESSM တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ၊ RIM-174A Standard ERAM လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ၊ BGM-109 Tomahawk မြေပြင်ပစ်ခရုဇ်ဒုံးကျည်များနှင့် ရေငုတ်သင်္ဘောဖျက် RUM-139A VL-ASROC ဒုံးကျည်များ (စုစုပေါင်း ၁၂၂ စင်း) တပ်ဆင်ထားသည်။ Ticonderoga-class ခရူဇာစစ်သင်္ဘောတွင်တပ်ဆင်ထားသည့်
အခြားလက်နက်များမှာ RGM-84 Harpoon သင်္ဘောဖျက်ဒုံးကျည် ၈ စင်း၊Mk 45 Mod 2 ၅ လက်မ Main Gun ၂ လတ်၊ Mk 38 ၂၅ မမ စက်သေနတ် ၂ လတ်၊ (.၅၀) ကယ်လီဗာ စက်သေနတ် ၂-၄ လတ်၊ Phalanx CIWS Block 1B လက်နက်စနစ် ၂ ခု နှင့် Mk 32 အမျိုးအစား ၃၂၄ မီလီမီတာ တော်ပီဒိုသုံးစင်းပါပစ်စင်နှစ်ခုပါရှိသည်။ Ticonderoga-class ခရူဇာစစ်သင်္ဘောတွင်ရေငုတ်သင်္ဘောတိုက်ဖျက်ရေး(ASW)အတွက် Sikorsky SH-60B ASW ရဟတ်ယာဉ် (သို့) MH-60R Seahawk LAMPS III ASW ရဟတ်ယာဉ်နှစ်စင်းပါရှိသည်။

၂၀၁၃ ခုနှစ်တွင် အမေရိကန်ရေတပ်မှ Ticonderoga-class ခရူဇာစစ်သင်္ဘော ၁၂ စီးအားသင်္ဘောကိုယ်ထည်ပိုင်း၊အီလက်ထရောနစ်ပိုင်းနှင့်စက်ပိုင်းဆိုင်ရာများအဆင့်မြင့်တင်မှူပြုလုပ်ခဲ့ပြီး ၈ စင်းတွင် combat systemsများအဆင့်မြင့်တင်နိုင်ခဲ့သည်။ ၄င်းအဆင့်မြင့်တင်ခြင်းတွင် AEGIS computing infrastructure စနစ်၊SPQ-9B ရေဒါစနစ်၊အီလက်ထရောနစ်ဆော့ဝဲလ်များ၊ကွန်ပြူတာစနစ်များ၊ဆန်ဆာများ၊ရေဒါများနှင့်အခြားလက်နက်ပိုင်းတွင်အဆင့်မြင့်တင်ခြင်းပြုလုပ်ခဲ့ပြီးဒေါင်လိုက်ပစ်ဒုံးစနစ်အား ပြန်လည်ပြုပြင်ခြင်းများပါဝင်ကာ အဆင့်မြင့်တင်ခြင်းအတွက်ခရူဇာစစ်သင်္ဘောတစ်စီးတွင်အမေရိကန်ဒေါ်လာ ၂၅၀ ကျော်ကုန်ကျခဲ့သည်။၂၀၁၅ ခုနှစ်တွင်အမေရိကန်ရေတပ်မှ Ticonderoga-class ခရူဇာစစ်သင်္ဘော (၁၁)စီးအားစံနှူန်းအသစ်ဖြင့်အဆင့်မြင်တင်မှူပြုလုပ်မည်ဖြစ်ပြီးအခြား (၁၁) စီးအားဆက်လက်အသုံးပြုသွားမည်ဖြစ်သည်။Ticonderoga-class ခရူဇာစစ်သင်္ဘောတစ်စီး၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁) ဘီလီယံကျော်ရှိသည်။

လက်ရှိအမေရိကန်ရေတပ်တွင်အသုံးပြုနေသည့် ခရူဇာစစ်သင်္ဘောအမည်များ။

၁။) USS Bunker Hill (CG 52), San Diego, CA
၂။) USS Mobile Bay (CG 53), San Diego, CA
၃။) USS Antietam (CG 54), Yokosuka, Japan
၎။) USS Leyte Gulf (CG 55), Norfolk, VA
၅။) USS San Jacinto (CG 56), Norfolk, VA
၆။) USS Lake Champlain (CG 57), San Diego, CA
၇။) USS Philippine Sea (CG 58), Mayport, FL
၈။) USS Princeton (CG 59), San Diego, CA
၉။) USS Normandy (CG 60), Norfolk, VA
၁၀။) USS Monterey (CG 61), Norfolk, VA
၁၁။) USS Chancellorsville (CG 62), San Diego, CA
၁၂။) USS Cowpens (CG 63), San Diego, CA
၁၃။) USS Gettysburg (CG 64), Mayport, FL
၁၄။) USS Chosin (CG 65), Pearl Harbor, HI
၁၅။) USS Hue City (CG 66), Mayport, FL
၁၆။) USS Shiloh (CG 67), Yokosuka, Japan
၁၇။) USS Anzio (CG 68), Norfolk, VA
၁၈။) USS Vicksburg (CG 69), Mayport, FL
၁၉။) USS Lake Erie (CG 70), Pearl Harbor, HI
၂၀။) USS Cape St. George (CG 71), San Diego, CA
၂၁။) USS Vella Gulf (CG 72), Norfolk, VA
၂၂။) USS Port Royal (CG 73), Pearl Harbor, HI

Ref: wiki & USNavy

Photo: U.S.Pacifict Feet & wiki

စည်သူ
24, June 2014

Type 88 သင်္ဘောဖျက်ခရုဇ်ဒုံးကျည်

Type 88 သင်္ဘောဖျက်ခရုဇ်ဒုံးကျည်


ဂျပန်နိုင်ငံထုတ် Type 88 သင်္ဘောဖျက်ခရုဇ်ဒုံးကျည်မှာ Surface-to-Ship Missile အမျိုးအစားဖြစ်ပြီး Mitsubishi Heavy Industries ကုမ္ပဏီမှ ၁၉၈၀ ခုနှစ်နောက်ပိုင်းထုတ်လုပ်ခဲ့သည့်ကမ်းခြေစောင့်တပ်သုံးသင်္ဘောဖျက်ဒုံးဖြစ်သည်။ Type 88 သင်္ဘောဖျက်ခရုဇ်ဒုံးတင်ယာဉ် တစ်စီးတွင်ဒုံးကျည်ခြောက်စင်းသယ်ဆောင်နိုင်ပြီး High subsonic အမြန်နှူန်းဖြင့် အကွာအဝေး ၁၅၀ ကီလိုမီတာ (၈၁ မိုင်) အထိပစ်ခတ်နိုင်သည်။ Type 88 သင်္ဘောဖျက်ခရုဇ်ဒုံးစနစ်တစ်ခုတွင်ဒုံးပစ်လွှတ်ယာဉ်၊ဒုံးဖြည့်တင်းယာဉ်၊ရေဒါယာဉ်၊ဒုံးပစ်ခတ်ထိန်းချုပ်ယာဉ်နှင့်အမိန့် ပေးယာဉ်တို့ ပါဝင်သည်။



http://upload.wikimedia.org/wikipedia/commons/c/c1/JGSDF_Type88_SSM-03.jpg
Photo: Wiki

စည်သူ
24, June 2014

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...