14 July 2014

အိန္ဒိယရေတပ်မှ Kolkata (P15A) အတန်းအစားပဲ့ထိန်းဒုံးတပ်ဖျက်သင်္ဘော





အိန္ဒိယနိုင်ငံရှိ Mazagon Docks Ltd (MDL) ကုမ္ပဏီမှ Kolkata (P15A) အတန်းအစား (D63) ပဲ့ထိန်းဒုံးတပ်ဖျက်သင်္ဘောတစ်စီးအားအိန္ဒိယရေတပ်သို့ ဇူလိုင်လ (၁၀) ရက်နေ့ကတရားဝင်လွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပြီးသြဂုတ်လကုန်ပိုင်းတွင်တပ်တော်ဝင်နိုင်လိမ့်မည်ဟုခန့်မှန်းထားသည်။

အိန္ဒိယရေတပ်အတွက်တည်ဆောက်ထားသည့် ပြည်တွင်းထုတ် Kolkata-class (Project 15A) ဖျက်သင်္ဘောမှာ Kolkata အတန်းအစား၊ Kochi အတန်းအစားနှင့် Chennai အတန်းအစားဖျက်သင်္ဘောတို့ ကိုပေါင်းစပ်၍တည်ဆောက်ထားသည့်ဖျက်သင်္ဘောဖြစ်ပြီးအိန္ဒိယရေတပ်တွင်အသုံးပြုမည့်အကြီးဆုံးနှင့်ခောတ်အမှီဆုံးဖျက်သင်္ဘောလဲဖြစ်သည်။ အိန္ဒိယရေတပ်မှ Kolkata အတန်းအစား (Project 15A) ဖျက်သင်္ဘောသုံးစီးအသုံးပြုသွားရန်ရည်ရွယ်ထားပြီးယခုနှစ်တွင်ဖျက်တစ်စီးတည်ဆောက်ပြီးစီး၍ကျန်နှစ်စီးမှာတည်ဆောက်လျှက်ရှိသည်။ ယခုလွဲပြောင်းပေးအပ်ခဲ့သည့် Kolkata-class ဖျက်သင်္ဘောအားခန့်မှန်းခြေ ၂၀၁၀ ခုနှစ်တွင်စတင်အသုံးပြုနိုင်မည်ဟုခန့်မှန်းထားသော်လည်းတည်ဆောက်ရေးနှင့်စမ်းသပ်မောင်းနှင်ခြင်းတွင်ပြသာနာအနည်းငယ်ရှိသောကြောင့် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်သို့ ရွေ့ ပြောင်းခဲ့ရသည်။ Kolkata-class ဖျက်သင်္ဘောမှာ Delhi-class (Project 15)ဖျက်သင်္ဘောနောက်မှတည်ဆောက်ထားသည့်ဖျက်သင်္ဘောဖြစ်ပြီး Delhi-class ဖျက်သင်္ဘောထက်ဒီဇိုင်းပိုင်းတွင်အကြီးစားအဆင့်မြင့်တင်ထားပြီးမြေပြင်တိုက်ခိုက်ရေးစနစ်များကိုထပ်မံထည့်သွင်းထားကာ ခောတ်မှီ sensors များနှင့်ခောတ်မှီလက်နက်များတပ်ဆင်ထားသည်။ ထို့ အပြင်ယခုစတင်တည်ဆောက်နေသည့် Kolkata-class (Project 15B)ဖျက်သင်္ဘောထက်ပို၍အဆင့်မြင့်ပြီးကောင်းမွန်ကြောင်းသိရှိရပြီးခေတ်မှီအာရုံခံကိရိယာများနှင့် advanced information warfare suite များတပ်ဆင်ထားသည်။ Kolkata-class ဖျက်သင်္ဘောတွင်ရဟတ်ယာဉ်နှစ်စင်းထားသိုနိုင်သည့် hanger ပါရှိပြီး Seaking ရဟတ်ယာဉ်နှစ်စီး (သို့) Chetak ရဟတ်ယာဉ်နှင့် Dhruv ရဟတ်ယာဉ်တပ်ဆင်အသုံးပြုသွားဖွယ်ရှိသည်။ Kolkata-class ဖျက်သင်္ဘော၏အရွယ်အစားမှာ Dehli-class ဖျက်သင်္ဘောနှင့်ဆင်တူသော်လည်းမတူညီသည့်ပြုပြင်တည်ဆောက်မှူပေါင်း(၂,၃၆၃)ခုနှင့်လက်နက်ပိုင်းတွင်အကြီးစားအဆင့်မြင့်မှူများပြုလုပ်ထားသည်။ Kolkata-class ဖျက်သင်္ဘောမှာအိန္ဒိယနိုင်ငံမှပထမဆုံးတည်ဆောက်ထားသည့်ကိုယ်ပျောက်နည်းပညာအသုံးပြုထားသည့်ပဲ့ထိန်းဒုံးတပ်ဖျက်သင်္ဘောဖြစ်ပြီးအိန္ဒိယနိုင်ငံမှစစ်သင်္ဘောတည်ဆောက်မှူနည်းပညာပိုင်းတွင်အရေးပါအရာရောက်သည့်အမှတ်အသားလဲဖြစ်လာခဲ့သည်။ အိန္ဒိယရေတပ်မှ Kolkata-class ဖျက်သင်္ဘောများကိုလေယာဉ်တင်သင်္ဘောအသစ်နှစ်စီးဖြစ်သည့် INS Vikramaditya 
နှင့် INS Vikrant တို့ တွင်အစောင့်အရှောက်အဖြင့်လိုက်ပါတာဝန်ထမ်းဆောင်စေမည်ဖြစ်သည်။


Kolkata-class ဖျက်သင်္ဘော၏အလျားမှာ ၁၆၃ မီတာ၊ Beam ၁၇.၄ မီတာ၊ Draft ၆.၅ မီတာနှင့်တန်ချိန် ၆,၈၀၀ ရှိပြီး gas turbine အင်ဂျင်များတပ်ဆင်ထားပြီးအမြန်ဆုံးရေမိုင် (၃၀) နှူန်းဖြင့်ခုတ်မောင်းနိုင်ကာ မိုင် ၈,၀၀၀ ကျော်စစ်ဆင်နိုင်စွမ်းရှိသည်။ Kolkata-class ဖျက်သင်္ဘောတွင်အရာရှိနှင့်ရေတပ်သား ၃၂၅ ဦးလိုက်ပါနိုင်သည်။ Kolkata-class ပဲ့ထိန်းဒုံးတပ်ဖျက်သင်္ဘောတွင်တပ်ဆင်ထားသည့်အဓိကလက်နက်များမှာလေကြောင်းရန်ကာကွယ်ရေးအတွက်ကီလိုမီတာ(၇၀)အထိပစ်ခတ်နိုင်ပြီးဒေါင်လိုက်ပစ်လွှတ်သည့်စနစ်တပ်ဆင်ထားသည့်(အိန္ဒိယ+အစ္စရေး) ထုတ် Barak 8 တာလတ်ပစ်ဒုံးကျည် ၃၂ စင်း (4×8-cell)(အပိုဒုံးကျည် ၃၂ စင်းသိုလှောင်ထား)၊မြေပြင်နှင့်ရေပြင်မှပစ်မှတ်များအားပစ်ခတ်တိုက်ခိုက်နိုင်ရန်ဒေါင်လိုက်ပစ်လွှတ်သည့်စနစ်တပ်ဆင်ထားပြီး ကီလိုမီတာ (၂၉၀)အထိပစ်ခတ်နိုင်သည့် BrahMos သင်္ဘောဖျက်ဒုံးကျည်/မြေပြင်ပစ်ဒုံးကျည် ၁၆ စင်း (2×8-cell)တပ်ဆင်ထားသည်။ Kolkata-class ဖျက်သင်္ဘောတွင်တပ်ဆင်ထားသည့်အခြားလက်နက်များမှာ Main Gun အဖြင့် Oto Melara SRGM ၇၆ မမ အမြောက်တစ်လက်၊အနီးကပ်လေကြောင်းရန်ကာကွယ်ရေးနှင့်ရန်သူ့၏သင်္ဘောဖျက်ဒုံးများအားကာကွယ်နိုင်ရန် AK-630 CIWS လက်နက်စနစ် ၄ စုံ၊ရေငုတ်သင်္ဘောတိုက်ဖျက်ရေးအတွက် ၅၃၃ မီလီမီတာ တော်ပီဒို ၄ စင်းနှင့် RBU-6000 anti-submarine rocket launchers ၂ စုံတပ်ဆင်ထားသည်။

Kolkata-class ဖျက်သင်္ဘောတွင်တပ်ဆင်ထားသည့်ရေဒါနှင့်အခြားအာရုံခံကိရိယာများမှာ-

၁။) IAI EL/M-2248 MF-STAR S-band AESA multi-function radar
၂။) Thales LW-08 D-band air search radar
၃။) IAI EL/M-2238 L-band STAR surveillance radar
၎။) BEL HUMSA-NG bow sonar
၅။) BEL Nagin active towed array sonar
၆။) BEL Electronic Modular Command & Control Applications (EMCCA Mk4) combat management system
၇။) Electronic warfare
& decoys:
၈။) Elbit Systems Deseaver MK II countermeasures systems and defensive aids suite 

တို့ ဖြစ်သည်။
































Source Photos: www.freewebs.com


စည်သူ
14, July 2014

12 July 2014

QBU-10 sniper / Anti-Material စနိုက်ပါရိုင်ဖယ်




တရုတ်နိုင်ငံထုတ် QBU-10 sniper / anti-materiel မှာတရုတ်ပြည်သူ့ တပ်မတော်နှင့်ရေတပ်အထူးတပ်ဖွဲ့ များတွင်တွင်တွင်ကျယ်ကျယ်အသုံးပြုနေသည့်လက်နက်ဖြစ်သည်။ QBU-10 စနိုက်ပါ၏ဒီဇိုင်းမှာမီတာ ၁,၀၀၀ အတွင်းရှိအပေါ့စားသံချပ်ကာယာဉ်များ၊ရန်သူများ၊ firing point များ၊ ရန်သူ့ ရေဒါများနှင့်အရေးကြီးသည့်အရာဝတ္ထုများအားပစ်ခတ်တိုက်ခိုက်နိုင်ရန်ဒီဇိုင်းဆွဲထုတ်လုပ်ထားသည့်ပြည်တွင်းထုတ်ရိုင်ဖယ်ဖြစ်သည်။ ထို့ အပြင်မီတာ ၂,၀၀၀ အတွင်းရှိအရာဝတ္ထုများနှင့်လူစုလူဝေးများအားပစ်ခတ်နိုင်သည်။ QBU-10 စနိုက်ပါ၏အလျားမှာ ၁,၃၈၀ မီလီမီတာ၊ ပြောင်းအလျား ၇၈၀ မီလီမီတာနှင့်အလေးချိန် ၁၃.၃ ကီလိုဂရမ် (ကျည်မပါ) ရှိသည်။ QBU 10 Anti-Material စနိုက်ပါရိုင်ဖယ်တွင် ဆိုဗီယက်ပုံစံအတိုင်းထုတ်လုပ်ထားသည့် ၁၂.၇ x ၁၀၈ မမ ကျည်ကိုအသုံးပြုထားပြီး NATO စံဖြစ်သည့် ၁၂.၇ x ၉၉ မမ ကျည်ကိုအချို့ ဗားရှင်းတွင် အသုံးပြုနိုင်အောင်ပြုလုပ်ထားကာကျည် ၅ တောင့်ဆံ့ကျည်အိမ်ကိုအသုံးပြုထားသည်။
QBU-10 စနိုက်ပါ၏မောင်းပြန်စနစ်မှာ gas operated ဖြစ်ပြီး ပစ်ခတ်ပုံမှာ Semi-automatic ဖြစ်၍ short-stroke gas piston ကိုအသုံးပြုထားသည်။ ထို့ အပြင်စနိုက်ပါ၏ barrel, receiver, shoulder stock, grip နှင့် trigger unit တို့ကိုအလွယ်တကူဖြုတ်သိမ်းနိုင်ပြီးခရီးဝေးသယ်ဆောင်အသုံးပြုနိုင်သည်။ QBU-10 စနိုက်ပါတွင်နေ့ ညအသုံးပြုနိုင်ပြီး ၈ ဆချဲ့ သည့်အနီအောက်ရောင်ခြည်သုံး (infrared thermal imaging sight) စကုပ်တပ်ဆင်ထားသည်။

တရုတ်နိုင်ငံထုတ် QBU-10 စနိုက်ပါမှာ အနောက်နိုင်ငံများ"စံ"ထား၍ ထုတ်လုပ်ထားသည့်စနိုက်ပါကဲ့သို့  တိကျမှန်ကန်သည့်စနိုက်ပါတစ်လက်တော့မဟုတ်ပေ၊အကြောင်းမှာတရုတ်နိုင်ငံရှိစစ်ဘက်ဆိုင်ရာသတင်းအမြစ်များအရ QBU-10 စနိုက်ပါ၏ MOA မှာ 2-3MOA ရှိသည်ဟုဖော်ပြထားသည်။ တရုတ်နိုင်ငံထုတ် QBU 10 ၁၂.၇x၁၀၈ မမ ကျည်သုံး Anti-Material စနိုက်ပါရိုင်ဖယ်မှာ (၅၀) မီလီမီတာ အထူရှိသည့်သံချပ်ကာအား မီတာ ၁,၅၀၀ (၁မိုင်ခန့်)အကွာအဝေးမှပစ်ခတ်ဖောက်ထွင်းနိုင်ပြီး(၁၀၀)မီလီမီတာအထူရှိသည့်သံချပ်ကာအား(၈၀)ရာခိုင်နှုန်းဖောက်ထွင်းနိုင်သည်။အကယ်၍(၁၀၀)မီလီမီတာအထူရှိသည့်သံချပ်ကာအား မီတာ (၂၀၀) အကွာအဝေးမှ ပစ်ခတ်ပါက (၁၀၀) ရာခိုင်နှုန်း ဖောက်ထွင်းနိုင်သည်ဟုဖော်ပြထားသည်။




















၈ ဆချဲနိုင်ပြီးနေ့ ညအသုံးပြုနိုင်သည့်အနီအောက်ရောင်ခြည်သုံးစကုပ်


၈ ဆချဲနိုင်ပြီးနေ့ ညအသုံးပြုနိုင်သည့်အနီအောက်ရောင်ခြည်သုံးစကုပ်





    ကျည်ငါးတောင့်ဆဲ့ကျည်အိမ် (Magazine)




        မီးကာခေါ်ပြောင်းစွတ် (muzzle)


        မီးကာခေါ်ပြောင်းစွတ် (muzzle)









Source photo: Sinofefence & Chinese Military Review 


စည်သူ
12, July 2014

အီရန်လေတပ်မှ C-130 Hercules သယ်ယူပို့ ဆောင်ရေးလေယာဉ်






(အီရန်လေတပ်မှ C-130 Hercules သယ်ယူပို့ ဆောင်ရေးလေယာဉ်)



(အီရန်လေတပ်မှ C-130 Hercules သယ်ယူပို့ ဆောင်ရေးလေယာဉ်)

10 July 2014

အိန္ဒိယနိုင်ငံမှ BrahMos Block III ခရုဇ်ဒုံးကျည်အားစမ်းသပ်ပစ်ခတ်။

အိန္ဒိယနိုင်ငံမှ BrahMos Block III ခရုဇ်ဒုံးကျည်အားစမ်းသပ်ပစ်ခတ်။


  အိန္ဒိယနိုင်ငံမှ BrahMos Block III ခရုဇ်ဒုံးကျည်အားဇူလိုင်လ(၈)ရက်နေ့ကအောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်းသိရှိရသည်။ BrahMos Block III ခရုဇ်ဒုံးကျည်မှာပစ်မှတ်လမ်းညွှန်စနစ်အသစ်တပ်ဆင်ထားပြီး မြေပြင်ရှိပစ်မှတ်များကိုဖျက်ဆီးရန်ပြုလုပ်ထားတဲ့ဒုံးအမျိုးအစားလဲဖြစ်သည်။ BrahMos Block III ခရုဇ်ဒုံးကျည်၏အမြန်နှုန်းမှာအသံထက် ၂.၈ ဆမြန်ပြီးအလေးချိန် ၃၀၀ ကီလိုဂရမ် ရှိသည့်ထိပ်ဖူးအား သယ်ဆောင်နိုင်ကာအကွာအဝေး ၂၉၀ ကီလိုမီတာ (မိုင် ၁၈၀) အထိပစ်ခတ်နိုင်စွမ်းရှိသည်။ BrahMos Block III ခရုဇ်ဒုံးကျည်ကို မြေပြင်၊စစ်သင်္ဘော၊ရေငုတ်သင်္ဘောနှင့်တိုက်လေယာဉ်ပေါ်မှ ပစ်ခတ်နိုင်ပြီးအိန္ဒိယကြည်းတပ်နှင့်ရေတပ်တွင် BrahMos Block III ခရုဇ်ဒုံးကျည်ကို စတင်အသုံးပြုနေပြီဖြစ်၍ အိန္ဒိယလေတပ်သို့၂၀၁၅ခုနှစ်တွင်စတင်တပ်ဆင်အသုံးပြုသွားမည်ဟုသိရှိရသည်။

  အိန္ဒိယနှင့်ရုရှားတို့ပူပေါင်းထုတ်လုပ်ထားသည့် BrahMos Block III ခရုဇ်ဒုံးကျည်မှာအမေရိကန်ထုတ် Tomahawk ခရုဇ်ဒုံးကျည်ထက်သုံးဆမြန်ပြီးကမ္ဘာ့ အမြန်ဆုံးခရုဇ်ဒုံးကျည်လဲဖြစ်သည်။ ဇူလိုင်လ ၈ ရက်နေ့က BrahMos Block III ခရုဇ်ဒုံးကျည်အားစမ်းသပ်ပစ်ခတ်မှူမှာ ၄၄ ကြိမ်မြောက်ဖြစ်ပြီးယုံကြည်စိတ်ချစွာအသုံးပြုနိုင်သည့်ခရုဇ်ဒုံးကျည်အမျိုးအစားဖြစ်ကြောင်းသိရှိရသည်။


(Photo: Army Recognition)


စည်သူ
09, July 2014


 

တရုတ်နိုင်ငံထုတ် HJ-12 (Red Arrow-12) ပခုံးထမ်းတင့်ဖျက်ဒုံးစနစ်

တရုတ်နိုင်ငံထုတ် HJ-12 (Red Arrow-12) ပခုံးထမ်းတင့်ဖျက်ဒုံးစနစ်



   HJ-12 ပခုံးထမ်းတင့်ဖျက်ဒုံးစနစ်ကို တရုတ်နိုင်ငံရှိ NORINCO ကုမ္ပဏီမှထုတ်လုပ်ထားပြီး ပြင်သစ်နိုင်ငံပါရီမြို့မှာကျင်းပခဲ့သည့် Eurosatory 2014 စစ်လက်နက်ပြပွဲတွင်ထုတ်ဖော်ပြသခဲ့သည့် တရုတ်နိုင်ငံ၏ပထမဆုံးပခုံးထမ်းတင့်ဖျက်ဒုံးစနစ်အသစ်ဖြစ်သည်။ HJ-12 ပခုံးထမ်းတင့်ဖျက်ဒုံးစနစ်မှာ fire-and-forget ပစ်ခတ်နိုင်သည့်အမျိုးအစားဖြစ်ပြီးဘန်ကာနှင့်အဆောက်အဦးအတွင်းမှပစ်ခတ်နိုင်ကာပစ်ကွင်းအတွင်းမဟုတ်သည့်အခြားတဖက်မှပစ်မှတ်အားလော့ချ (LOBL) ၍ပစ်ခတ်နိုင်သောကြောင့် ဒုံးအားလျှင်မြန်စွာပြန်လည်ဖြည့်တင်းခြင်းနှင့်အခြားပစ်မှတ်တစ်ခုအားလျှင်မြန်စွာချိန်တွယ်ပစ်ခတ်နိုင်သည်။ ထို့ အပြင် HJ-12 တင့်ဖျက်ဒုံးစနစ်တွင်ထည့်သွင်းပစ်ခတ်ရသည့်တင့်ဖျက်ဒုံးကျည်၏ထိပ်ဖူးမှာ tandem shaped charge ဒီဇိုင်းဖြစ်၍ အထူ ၁,၁၀၀ မီလီမီတာရှိသည့် သံချပ်ကာ (RHA&ERA) အားဖောက်ထွင်းနိုင်စွမ်းရှိကြောင်းသိရသည်။ရုရှားနိုင်ငံရှိဝက်ဆိုဒ်အချို့ ၏သတင်းများအရ တရုတ်ထုတ် HJ-12 ပခုံးထမ်းတင့်ဖျက်ဒုံးစနစ်တွင် uncooled imaging infrared (IIR) seeker တပ်ဆင်ထားပြီး all-weather နှင့် နေ့ /ညအသုံးပြုနို်င်ကာ နေ့ ဘက်တွင် television imaging seeker တစ်ခုတည်းကိုသာအသုံးပြူထား၍အကွာအဝေး ၂ ကီလိုမီတာအထိပစ်ခတ်နိုင်သည်ဟုသိရှိရသည်။


HJ-12 ပခုံးထမ်းတင့်ဖျက်ဒုံးစနစ်တွင်ပါဝင်သည့် အချက်အလတ်အချို့   

Launch tube       >> ၁.၂၅ မီတာ
ဒုံးအလေးချိန်        >>  ၁၇ ကီလိုဂရမ်
ဒုံးအလျား             >>  ၀.၉၈ မီတာ
ဒုံးအချင်း              >>  ၁၃၅ မီလီမီတာ 
တွန်းကန်အားစနစ် >> Solid fuel rocket
ဒုံးစနစ်အလေးချိန်  >>  ၂၂ ကီလိုဂရမ်
ဒုံးလမ်းညွှန်စနစ်    >> Imaging infrared (IIR) နှင့် CCD
ထိရောက်နိုင်သည့်အကွာအဝေး >> မီတာ ၂,၀၀၀ မှ ၄,၀၀၀ 


(Photo: Army Recognition)


စည်သူ
10, July 2014


09 July 2014

အင်ဒိုနီးရှားရေတပ်သုံး KCR-60M ပဲ့ထိန်းဒုံးတပ်အမြန်သွားတိုက်ခိုက်ရေးစစ်ရေယာဉ်

အင်ဒိုနီးရှားရေတပ်သုံး KCR-60M ပဲ့ထိန်းဒုံးတပ်အမြန်သွားတိုက်ခိုက်ရေးစစ်ရေယာဉ် 



အင်ဒိုနီးရှားနိုင်ငံရှိ PT PAL သင်္ဘောကျင်းမှ မီတာ ၆၀ အရှည်ရှိသည့် KCR-60M ပဲ့ထိန်းဒုံးတပ်အမြန်သွားတိုက်ခိုက်ရေးစစ်ရေယာဉ် အားရေချခဲ့သည်။ ယခုရေချခဲ့သည့် KCR-60M အတန်းအစားပဲ့ထိန်းဒုံးတပ်အမြန်သွားတိုက်ခိုက်ရေးစစ်ရေယာဉ်မှာသုံးစီးမြောက်ဖြစ်ပြီးနောက်ဆုံးရေချခဲ့သည့်စစ်ရေယာဉ်လဲဖြစ်သည်။ ပထမဆုံးရေချခဲ့သည့် KCR-60M အတန်းအစားပဲ့ထိန်းဒုံးတပ်အမြန်သွားတိုက်ခိုက်ရေးစစ်ရေယာဉ်ကိုအင်ဒိုနီးရှားရေတပ် (TNI AL) သို့ဇွန်လ(၂၈)ရက်နေ့က လွဲအပ်ပေးအပ်ခဲ့ပြီး "KRI Sampari" ဟုအမည်ပေးထားကြောင်းသိရှိရသည်။ ဒုတိယမြောက် KCR-60 အတန်းအစားပဲ့ထိန်းဒုံးတပ်အမြန်သွားတိုက်ခိုက်ရေးစစ်ရေယာဉ်မှာစမ်းသပ်ခုတ်မောင်းဆဲအဆင့်တွင်သာရှိပြီး KRI Tombak ဟုအမည်ပေးထားသည်။

KCR-60M စစ်ရေယာဉ်အကျည်းချုပ်။

KCR-60 အတန်းအစားပဲ့ထိန်းဒုံးတပ်အမြန်သွားတိုက်ခိုက်ရေးစစ်ရေယာဉ်မှာအလျား ၅၉.၈၀ မီတာ၊အကျယ် ၈.၁ မီတာ၊အမြင့် ၄.၈၅ မီတာရှိပြီးတန်ချိန် ၄၆၀ ရှိကာ အမြန်ဆုံးရေမိုင်(၂၈)မိုင်အထိခုတ်မောင်းနိုင်သည်။ KCR-60 စစ်ရေယာဉ်မှာပင်လယ်ထဲတွင် ၉ ရက်ကြာတာဝန်ထမ်းဆောင်နိုင်ပြီးရေမိုင် ၂၀ နှူန်းဖြင့်ခရီးမိုင် ၂,၄၀၀ အထိခုတ်မောင်းနိုင်ကာအရာရှိနှင့်ရေတပ်သား ၄၃ ယောက်လိုက်ပါနိုင်သည်။ KCR-60 စစ်ရေယာဉ်တွင်တပ်ဆင်ထားသည့် လက်နက်များမှာ ၅၇ မမ ဘောင်ဖာအမြောက်တစ်လက်၊ Denel Vektor G12 အမျိုးအစား ၂၀ မမ စက်အမြောက် ၂ လက်၊Decoy Launcher နှစ်စုံနှင့် ကီလိုမီတာ ၁၄၀ အထိပစ်ခတ်နိုင်သည့် C-705 သင်္ဘောဖျက်ဒုံး ၄ စင်းနှင့် 
တပ်ဆင်ထားသည်။































Photo: Defence.pk & Internet 


စည်သူ
09, July 2014

08 July 2014

ဂျာမနီထုတ် LEGUAN တံတားထိုးယာဉ်

ဂျာမနီထုတ် LEGUAN တံတားထိုးယာဉ်


LEGUAN တံတားထိုးယာဉ်ကို ဂျာမနီနိုင်ငံရှိ Krauss-Maffei Wegmann ကုမ္ပဏီမှထုတ်လုပ်ထားပြီး Leopard 2 တင့်အားအခြေခံထားသည့်စစ်အင်ဂျင်နီယာသုံးတံတားထိုးယာဉ်ဖြစ်သည်။ ဂျာမနီထုတ် LEGUAN တံတားထိုးယာဉ်မှာ ၂၆ မီတာအရှည်ရှိသည့်တံတားတစ်စင်း (သို့ ) ၁၄ မီတာအရှည်ရှိသည့် တံတားနှစ်စင်းပြုလုပ်နိုင်ပြီး ၂၆ မီတာအရှည်ရှိသည့်တံတားတစ်စင်းထိုးရန်အချိန် ၆ မိနစ်သာလိုအပ်ပြီး ၁၄ မီတာရှည်သည့်တံတားတစ်စင်းထိုးရန် အချိန် ၅ မိနစ်သာလိုအပ်မည်။ ထို့ အပြင်တံတားအားစတင်အသုံးပြုနိုင်ရန်အချိန် ၈ မိနစ်ခန့်သာလိုအပ်မည်ဖြစ်သည်။ 
Leguan တံတားထိုးယာဉ်အားအသုံးပြု၍ တံတားထိုးရန်စစ်သည်တစ်ဦးသာလိုအပ်ပြီးအကွာအဝေးတိုင်းတာတွက်ချက်ရန် CCD ကင်မရာပါရှိကာနေ့ ညအသုံးပြုနိုင်သည်။
LEGUAN တံတားထိုးယာဉ်ခံနိုင်ရည်ရှိသည့်ဝန်မှာ MLC 80 ဖြစ်သည်သည်။ ဇွန်လ ၂၆ ရက်နေ့က ကဆွီဒင်နိုင်ငံမှဂျာမနီထုတ် Leopard 2 တင့်အားအခြေခံထားသည့်စစ်အင်ဂျင်နီယာသုံး LEGUAN တံတားထိုးယာဉ် သုံးစီးနှင့်အတူလေ့ကျင့်ရေးကိရိယာများအား ယူရို ၃၄ သန်းဖြင့်ဝယ်ယူခဲ့ပြီး Leopard 2 တင့်ကိုအခြေခံထားသည့် LEGUAN တံတားထိုးယာဉ်အသုံးသည့်သုံးနိုင်ငံမြောက်လဲဖြစ်လာခဲ့သည်။

















 (Source Photos: KMW & Defesa Global)

စည်သူ
08, July 2014

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...