27 October 2014

တရုတ်နိုင်ငံထုတ် ZTZ-99A ပင်မတိုက်ပွဲဝင်တင့်ကား



(ဓါတ်ပုံ-ZTZ-99A ပင်မတိုက်ပွဲဝင်တင့်ကား)


(ဓါတ်ပုံ- ZTZ-99A ပင်မတိုက်ပွဲဝင်တင့်ကားအတွင်းပိုင်း)



 (ဓါတ်ပုံ- ZTZ-99A ပင်မတိုက်ပွဲဝင်တင့်ကားအတွင်းပိုင်း)


(ဓါတ်ပုံ- ZTZ-99A ပင်မတိုက်ပွဲဝင်တင့်ကားအတွင်းပိုင်း)


(ဓါတ်ပုံ- ZTZ-99A ပင်မတိုက်ပွဲဝင်တင့်ကားအတွင်းပိုင်း)

Photos: The People's Liberation Army & Chinese Military Review 

Battlefield Kitchen provide hot meals in extreme weather conditions









(Photos by The People's Liberation Army)

21 October 2014

South Korean Mechanized forces on exercise.










This works to make the IFV float but its the most unusual method I've ever seen.  How this will work in an actual combat situation is anyone's guess but I wonder if this thing can take rifle rounds to its flotation devices.





16 October 2014

အိန္ဒိယလေတပ်မှတိုက်လေယာဉ်ပျက်ကျ။




အောက်တိုဘာလ (၁၄) ရက် ညနေခင်းအချိန် အိန္ဒိယလေတပ်မှ Su-30MKI ဂျက်တိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ်အင်ဂျင်စက်ချို့ ယွင်း၍"Pune" လေယာဉ်ကွင်းနှင့် ၂၂ ကီလိုမီတာအကွာအဝေးရှိ"Theoor" ရွာအနီး ပျက်ကျခဲ့ရာ လေသူရဲနှစ်ဦး ejected ပြုလုပ်၍အသက်ရှင် လွှတ်မြောက်ခဲ့သည်။

Royal Thai Army Rapid Deployment Forces @ Annual Exercise 2014







Pics :Bug Log 

05 October 2014

တရုတ်နိုင်ငံမှနျူကလီယားထိပ်ဖူးသယ်ဆောင်နိုင်သည့်တိုက်ချင်းပစ်ဒုံးကျည်အသစ်တမျိုးအားစမ်းသပ်ပစ်လွှတ်။


(ဓါတ်ပုံ- TEL ယာဉ်ပေါ်တင်ထားသည့် တရုတ်နိုင်ငံထုတ် DF-31A တိုက်ချင်းပစ်ဒုံးကျည်)

  တရုတ်နိုင်ငံမှ road mobile တိုက်ချင်းပစ်ဒုံးကျည်အသစ်တမျိုးဖြစ်သည့်"DF-31B" အား စင်တင်ဘာလ ၂၅ ရက်နေ့ ကတရုတ်နိုင်ငံအလည်ပိုင်းတွင် စမ်းသပ်ပစ်လွှတ်ခဲ့သည်။ ယခုစမ်းသပ်ပစ်ခတ်ခဲ့သည့် DF-31B တိုက်ချင်းပစ်ဒုံးကျည်မှာ DF-31 တိုက်ချင်းပစ်ဒုံးကျည်၏မျိုးကွဲတစ်မျိုးဖြစ်ပြီးDF-31A တိုက်ချင်းပစ်ဒုံးကျည်အားအဆင့်မြင့်တင်ထားသည့်ဒုံးကျည်ဖြစ်ကာ အမှတ်(၂) အမြောက်တပ်မကြီးမှပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

  
DF-31 တိုက်ချင်းပစ်ဒုံးကျည် (ICBM) အကျည်း။

 တရုတ်နိုင်ငံထုတ် DF-31 (Dong Feng 31) တိုက်ချင်းပစ်ဒုံးကျည်မှာ DF-4 တိုက်ချင်းပစ်ဒုံးကျည်မှ ဆင်းသက်လာသည့်ဒုတိယမျိုးဆက်တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ပြီးယခင်က DF-23 ဟုအမည်ပေးခဲ့သော်လည်လိုအပ်ချက်အရ ၁၉၉၉ ခုနှစ်တွင် DF-31 တိုက်ချင်းပစ်ဒုံးကျည်ဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ကာ ၁၉၉၉ ခုနှစ်သြဂုတ်လ ၂ ရက်နေ့ (အမျိုးသားနေ့ )တွင်ပထမဆုံးအကြိမ်ပြည်သူများကို ထုတ်ဖော်ပြသခဲ့သည်။ တချိန်ထဲတွင်တရုတ်မီဒီယာ၏ သတင်းများအရ DF-31 တိုက်ချင်းပစ်ဒုံးကျည်မှာ အောင်မြင်စွာစမ်းသပ်ပြီးစီးခဲ့ကြောင်း၂၀၀၆ ခုနှစ်မှစတင်၍တပ်ဖြန့် ချထားခဲ့ကြောင်းဖော်ပြထားသည်။ ၂၀၀၉ ခုနှစ်အမေရိကန်လေတပ်၏အစီရင်ခံစာအရတရုတ်နိုင်ငံတွင် DF-31 တိုက်ချင်းပစ်ဒုံးကျည် (၁၅) စင်းတပ်ဖြန့် ချထားခဲ့ပြီးဖြစ်ကြောင်းဖော်ပြထားသည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရှိ အမှတ်(၂) အမြောက်တပ်မကြီး (SAC) တွင် DF-31 တိုက်ချင်းပစ်ဒုံးကျည် (၁၅) စင်းနှင့် DF-31A တိုက်ချင်းပစ်ဒုံးကျည် (၁၅) စင်းအား ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်းတပ်ဖြန့်ချထားခဲ့ကြောင်းအသေးစိတ်စစ်တမ်းများအရသိရှိရပြီးယနေ့ လက်ရှိအမှတ်(၂)အမြောက်တပ်မကြီးတွင် တပ်ဆင်ထားသည့်တိုက်ချင်းပစ်ဒုံးကျည်အရေအတွက်ကိုမသိရှိရပေ။ ၂၀၁၃ ခုနှစ် DOD ၏ထုတ်ပြန်ချက်အရတရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရှိအမှတ်(၂) အမြောက်တပ်မကြီး (SAC)တွင်ရှိသည့်မြေပြင်အခြေစိုက်တိုက်ချင်းပစ်ဒုံးကျည်များနှင့်ဒုံးကျည်တင် Road-mobile စနစ်များအားခေတ်မီအောင်လုပ်သည်ဟုဖော်ပြထားသည်။

   တရုတ်နိုင်ငံထုတ် DF-31 တိုက်ချင်းပစ်ဒုံးကျည်၏အလျားမှာ ၁၃ မီတာ၊ အချင်းဝက် ၂.၂၅ မီတာရှိပြီးအလေးချိန် ၄၁ တန်မှ ၄၆ တန်အထိရှိသည်။ DF-31 တိုက်ချင်းပစ်ဒုံးကျည်ကို Silo ခေါ် မြေပြင်အခြေစိုက်မြေအောက်ပစ်စင်မှလည်ကောင်း၊ Transport-erector launcher (TEL) (ခေါ်) ဒုံးတင်/ဒုံးပစ်ယာဉ်ပေါ်တွင် တပ်ဆင်၍အလွယ်တကူရွေ့ လျားပစ်ခတ်နိုင်သည်။ DF-31 တိုက်ချင်းပစ်ဒုံးကျည်တွင်အဆင့်သုံးဆင့်ပါရှိပြီးအစိုင်အခဲသုံးလောင်စာကိုအသုံးပြုထားကာခေတ်မှီနည်ပညာများပေါင်းစပ်ထည့်သွင်းထားသည်။ DF-31 တိုက်ချင်းပစ်ဒုံးကျည်တွင်အလေးချိန် ၇၀၀ ကီလိုဂရမ်ရှိနျူကလီယားထိပ်ဖူးတစ်ခု (1 megaton) ** [[1megaton မှာ TNT ယမ်းတန်ချိန်တစ်သန်းအားနှင့်တူညီသောပေါက်ကွဲအား]]**တပ်ဆင်ထားပြီးကီလိုမီတာ ၇,၂၀၀ မှ ၈,၀၀၀ အကွားအဝေး အထိပစ်ခတ်နိုင်သည်။ DF-31 တိုက်ချင်းပစ်ဒုံးကျည်၏မျိုးကွဲတစ်ခုဖြစ်သည့် Submarine-Launched ကို JL-2 ဟုအမည်ပေးထားပြီး နျူကလီယားစွမ်းအင်သုံးရေငုတ်သင်္ဘောကြီးများတွင်တပ်ဆင်အသုံးပြုသည်။ တရုတ်နိုင်ငံမှအဆင့်မြင့်တင်၍အသစ်ထုတ်လုပ်ထားသည့် DF-31A (CSS-10 Mod 2) တိုက်ချင်းပစ်ဒုံးကျည်မှာရုရှားနိုင်ငံထုတ်တိုက်ချင်းပစ်ဒုံးကျည်များကဲ့သို့ ရန်သူ့ နယ်မြေအတွင်းထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ဒုံးကျည်ထိပ်ဖူးမှပစ်မှတ်အတုများဖန်တီးပေးခြင်း၊ ရန်သူ့ ဒုံးကျည်ကာကွယ်ရေးစနစ်များနှင့်အချက်ပေးစနစ်များအားခက်ခဲရှုပ်ထွေးစေအောင်ပြုလုပ်ပေးနိုင်ခြင်းစသည့်ခောတ်မှီရှေ့ပြေးနည်းပညာများပေါင်းစပ်ပါဝင်ပြီးနျူကလီယားထိပ်ဖူး (MIRV) သုံးခု(3Mt) ပါဝင်ကာ ကီလိုမီတာ ၁၁,၂၀၀ မှ ၁၂,၀၀၀ (၇,၄၅၆ မိုင်) အကွာအဝေးအထိ ပစ်ခတ်နိုင်ကြောင်းသိရှိရပြီးယနေ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရှိ အမှတ်(၂) အမြောက်တပ်မကြီးတွင်အနည်းဆုံး DF-31A တိုက်ချင်းပစ်ဒုံးကျည် ၁၅ စင်းကျော်တပ်ဖြန့် ချထားလျှက်ရှိသည်။ ယခုစမ်းသပ်ပစ်လွှတ်ခဲ့သည့် DF-31B တိုက်ချင်းပစ်ဒုံးကျည်မှာ DF-31A ထက်အဆင့်မြင့်ပြီးအချက်အလတ်များအား ထုတ်ပြန်ခြင်းမရှိပေ။





PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...