25 December 2017

World's largest AG600 Amphibious plane has successfully completed its maiden flight


The world's largest AG600 Amphibious plane has successfully completed its maiden flight on 24 December 2017 in Zhuhai, China.

Powered by four turboprop engines, the AG600 can carry 50 people during maritime search-and-rescue missions, and can scoop up 12 metric tons of water within 20 seconds for fire fighting trips, according to state media.




State-owned Aviation Industry Corp of China (AVIC) has spent almost eight years developing the aircraft, which is roughly the size of a Boeing Co 737 and is designed to carry out marine rescues and battle forest fires.
 
 Credit photo on the pic



 Credit photo on the pic


 Credit photo on the pic


 
 Credit: Getty Images
 

The AG600 approaches the runway in Zhuhai Credit: REUTERS

 

The AG600's crew disembarking after its successful maiden flight Credit: VCG 
 
Ref: www.telegraph.co.uk

12 November 2016

T-14 Armata ပင်မတိုက်ပွဲဝင်တင့်ကား



T-14 Armata ပင်မတိုက်ပွဲဝင်တင့်ကား




ရုရှားတို့၏နောက်ဆုံးပေါ်ပဉ္စမမျိုးဆက် T-14 Armata ပင်မတိုက်ပွဲဝင်တင့်ကို ရုရှားနိုင်ငံရှိ Uralvagonzavod (UVZ) ကုမ္ပဏီမှ ဒီဇိုင်းဆွဲကာထုတ်လုပ်ပေးထားပြီး ၂၀၁၃ ခုနှစ်တွင် ရှေ့ ပြေးပုံစံ (Prototype) အဆင့်ကို စတင်ထုတ်လုပ်ပေးနိုင်ခဲ့သည်။ T-14 Armata တင့်သည် ပယ်ဖျက်ခဲ့သည့် T-95 (Object 195) တင့်နှင့် ၁၉၉၉ ခုနှစ်ကပြုလုပ်ခဲ့သည့် Omsk ကာကွယ်ရေးစစ်လက်နက်ပြပွဲတွင်ပြသထားသည့် Black Eagle ပရောဂျက်တင့်တို့ကိုအခြေခံ၍ထုတ်လုပ်ထားခြင်း ဖြစ်နိုင်ကြောင်း အစီရင်ခံစားများတွင် ဖော်ပြထားပါသည်။ Armata တင့်သည်နောက်ဆုံးမျိုးဆက် T-90 တင်များထက်ပစ်အားနှင့်အသက်ရှင်ရပ်တည်မှု ပိုမိုကောင်းမွန်သောတင့်တစ်စီးဖြစ်ကြောင်းလဲသိရသည်။ Armata တင့်ပေါ်တွင်ကွန်ပျူတာဖြင့်ထိန်းချုပ် ရသည့်ဆုံလည် (turret) ကိုတပ်ဆင်ထားပြီးပင်မအမြောက်နှင့်လက်နက်များအားကွန်ပျူတာဖြင့် ထိန်းချုပ်ပစ်ခတ်ရသောကြောင့်နောက်ဆုံးတွင်စက်ရုပ်ကဲ့သို့ လှုပ်ရှားနိုင်သည့်ခေတ်မှီတင့်တစ်စီးဖြစ်လာခဲ့ ကြောင်းဆိုနိုင်ပါသည်။ Armata တင့်ကို ၂၀၁၅ ခုနှစ် မေလ (၉) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သည့် အောင်ပွဲခံနေ့ (Victory Day) စစ်ရေးပြအခမ်းအနားတွင်ပြည်သူများအား ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီး စက်တင်ဘာလ (၉) ရက်နေ့တွင် ရုရှားနိုင်ငံမှာကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် ရုရှားစစ်လက်နက်ပြပွဲ (Russia Arms Expo 2015) တွင်လဲထုတ်ဖော်ပြသခဲ့ပါသည်။ Armata တင့်များကို ၂၀၁၄ ခုနှစ်မှစတင်ပြီးစမ်းသပ်မောင်းနှင်ခြင်းများပြုလုပ်ခဲ့ကြောင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါသည်။ ပထမဆုံး Armata တင့်များကိုရုရှားတပ်မတော်သို့ ၂၀၁၅ ခုနှစ်အတွင်း စတင်ပေးပို့ သွားရန်ရှိပြီး ၂၀၂၀ ခုနှစ်တွင် ခန့်မှန်းခြေတင့်အစီးရေ ၂၃၀၀ အထိထုတ်လုပ်၍ပေးပို့ သွားရန်ရှိပါသည်။

ဒီဇိုင်းနှင့်သံချပ်ကာ အကာကွယ်အပိုင်း



Armata တင့်တွင်အသုံးပြုထားသည့် Platform သည်တင့်အပြင်တိုက်ယာဉ်နှင့်လူသယ်သံချပ်ကာယာဉ် ကဲ့သို့ယာဉ်များတွင်အသုံးပြုနိုင်သည့် ဘက်စုံအသုံးပြုနိုင်သော Universal Combat Platform ဖြစ်သည်။ Armata တင့်သည် အလျား ၁၀.၈ မီတာ အကျယ် ၃.၅ မီတာ အမြင့် ၃.၃ မီတာနှင့် တိုက်ပွဲဝင်အလေးချိန် ၄၈ တန်ရှိသည်။ တင့်တွင်တိုက်ယာဉ် အဖွဲ့ ဝင်သုံးဦးအတွက် ယာဉ်၏ရှေ့ ပိုင်းတွင် အခန်းသုံးခန်းကို ပြုလုပ်ထားသည်။ ယာဉ်၏ရှေ့ ဘယ်ဘက်တွင် ယာဉ်မောင်းခန်း၊ ညာဘက်တွင်တိုက်ယာဉ်မှူး အခန်းနှင့် အလယ်တွင် အမြောက်ပစ်သမားအခန်းတို့ပါရှိပြီး ၎င်းတို့အတွက်တံခါးပေါက် (hatch cover) သုံးခုစီ ပါရှိသည်။ ယာဉ်မောင်းသမား၊အမြောက်တပ်သားနှင့်တိုက်ယာဉ်မှူးတို့အတွက် အထူးသံချပ်ကာအလုံခန်းကို ပြုလုပ်ထားပြီး Autoloader ကျည်ထိုးခန်း၊ ကျည်သိုလှောင်ခန်း၊ ဆုံးလည်တို့နှင့် သီးသန့်ခွဲခြား ထားသည်။  



တင့်အဖွဲ့သားများအခန်းနှင့်စက်ခန်းများကိုသီးခြားခွဲထုတ်ထားသောကြောင့် စစ်မြေပြင်တွင် တင့်အဖွဲ့သားများ အသက်ရှင်ရပ်တည်နိုင်မှုကိုပိုမိုတိုးမြင့်ပေးထားပါသည်။ Armata တင့်၏ အဓိကသံချပ်ကာ အကာအကွယ်အသစ်သည် နေတိုး၏ Protection Level ကာကွယ်နိုင်မှုစံသတ်မှတ်ချက် အဆင့် ၅ အထိရှိသည်။ Armata တင့်တွင် Active-Passive အပိုသံချပ်ကာများ ထပ်မံတပ်ဆင်နိုင်ပြီး ယာဉ်အရှေ့ပိုင်းတွင် ပေါက်ကွဲတုန့်ပြန်သံချပ်ကာ (ERA) ကိုတပ်ဆင်နိုင်သည်။ တင့်၏နောက်ပိုင်း ဖြစ်သည့် ဆီတိုင်ကီနှင့်အင်ဂျင်အပိုင်းကိုတင့်ဖျက် RPG ဖြင့်တိုက်ခိုက်ခြင်းရန်မှကာကွယ်ပေးနိုင်ရန်အပြင်ဘက်တွင် သံဇကာပုံစံ (Slat Armour/Bar Armour) သံချပ်ကာများကိုတပ်ဆင်ထားပါသည်။ 




Tractor Plantas ကုမ္ပဏီက အသစ်ထုတ်လုပ်ထားသည့် မျိုးဆက်သစ်ပေါက်ကွဲတုန့်ပြန်သံချပ်ကာ (ERA) များသည် APFSDS ကျည်များဖောက်ထွင်းမှုကိုယခင်သံချပ်ကာများထက်သိသာထင်ရှားစွာပို၍ကာကွယ်ပေးနိုင်စွမ်းရှိသည်ကိုတွေ့ရသည်။ထို့အပြင်နေတိုးနိုင်ငံများထုတ်တင့်ဖျက်ကျည်များတင့်ဖျက်ဒုံးများနှင့်ပေါက်ကွဲအားပြင်ထန်သည့်တင့်ဖျက်ထိပ်ဖူးများကိုကာကွယ်နိုင်စွမ်းရှိသည်ဟု Tractor Plantas ကုမ္ပဏီကပြောကြားထားပါသည်။ တင့်၏နောက်ပိုင်းတွင်တပ်ဆင်ထားသည့် NII Stali ကုမ္ပဏီထုတ် Slat Armour သည်တင့်ဖျက် အာပီဂျီများဒုံးလောင်ချာများကို ၅၀-၆၀% အထိကာကွယ်ပေးနိုင်စွမ်းရှိသည်ဟုဖော်ပြထားသည်။ Armata တွင်တပ်ဆင်ထာသောပုံမှန်ကိရိယာများဖြစ်သည့်နေ့ညကြည့်ရှု့နိုင်သည့်စနစ်၊နျူကလီးယား-ဓာတု-ဇီဝ ကာကွယ်ရေး (NBC) စနစ်၊လေအေးပေးစနစ်၊မီးငြိမ်းသတ်ရေးစနစ်၊ပစ်ခတ်မှုနှင့်ပေါက်ကွဲထောက်လှမ်း ရေးစနစ်၊တိုက်ယာဉ်၏ရှေ့တွင်တပ်ဆင်ရသောဖြုတ်နိုင်တပ်နိုင်သည့်မြေထိုးဂေါ်ပြား၊ဂြိုလ်တုဆက်သွယ်ရေး စနစ်များ၊ဂြိုလ်တုစနစ်သုံးလမ်းညွှန်စနစ်၊ဒယ်တာလင်ခ့်များနှင့်ရေဒီယိုဆက်သွယ်ရေးဧရိယာတိုင်များကိုတပ်ဆင်ထားပြီးဆုံလည်၏အပေါ်ပိုင်းတွင် (Meteorogical mast) တိုင်ကိုလဲတပ်ဆင်ထားပါသည်။ Armata တွင်နောက်ဆုံးပေါ် "Afghanit" Active Protection System စနစ်အသစ်တစ်မျိုးကိုတပ်ဆင်ထားပါသည်။ ၎င်းစနစ်သည်အစ္စရေးထုတ် Trophy APS စနစ်နှင့်ဆင်တူပြီးမိမိတင့်ဆီဝင်ရောက်လာတဲ့ရန်သူ၏ တင့်ဖျက်ဒုံးနှင့်ရော့ကတ်စ်များကိုအလိုအလျောက်ကြားဖြတ်တိုက်ခိုက်ကာဖျက်ဆီးနိုင်စွမ်းရှိသည်။ Afghanit APS စနစ်သည် ပဲ့ထိန်းတင့်ဖျက်ဒုံးအမျိုမျိုး၊တင့်ဖျက် Rocket အမျိုးမျိုးနှင့်ပခုံးထမ်းအာပီဂျီ (RPG) ကဲ့သို့လက်နက်များကိုကြားဖြတ်တိုက်ခိုက်နိုင်ရန်ဒီဇိုင်းဆွဲထားသည့်စနစ်ဖြစ်သည်။ Afghanit APS စနစ်တွင် လောင်ချာ (၁၂) စင်းပါ APS Launcher (၂) စုံကို တင့်ဆုံလည်ပေါ်တွင် တပ်ဆင်ထားပြီး အရန် APS Launcher (၂) စုံကို ဆုံလည်ထဲတွင်မြုပ်ထားသည်။ ဆုံလည်၏အောက်ဘေးတစ်ဖက်တစ်ချက်ဆီတွင် လောင်ချာအကြီး (၅) ခုပါ APS စနစ်ကိုအလျားလိုက်တပ်ဆင်ထားပြီး၎င်းစနစ်သည်ဆုံလည် အရှေ့ပိုင်းကို (၁၂၀)ဒီဂရီစက်ဝန်းအတိုင်းကာကွယ်ပေးနိုင်စွမ်းရှိသည်။ ၎င်းလောင်ချာများသည်ဖျက်အားပြင်းထိပ်ဖူး တပ်ဆင်ထားသော unguided projectiles များကိုတပ်ဆင်၍ ဝင်ရောက်လာသည့်ရန်သူ၏ပဲ့ထိန်း တင့်ဖျက်ဒုံးများနှင့်အာပီဂျီများကိုတန်ပြန်တိုက်ခိုက်နိုင်ပါသည်။ Afghanit APS စနစ်တွင်အာရုံခံကိရိယာ နှစ်မျိုးကိုယာဉ်၏ဆုံလည်ပေါ်တွင်တပ်ဆင်ထားသည်။ ပထမစနစ်တွင် electro-optical/infrared (EO/IR) ကိုအခြေခံထားသည့်လေဆာကြိုတင်သတိပေးစနစ်ကိုဆုံလည်၏ အရှေ့ပိုင်းတွင် APS receiver နှစ်ခုတပ်ဆင်ထားပြီး (၁၈၀) ဒီဂရီကိုဖုံးအုပ်ကာကွယ်ပေးနိုင်စွမ်းရှိသည်။ ဒုတိယစနစ်တွင်ရေဒါခေါ်အာရုံခံ ကိရိယာလေးခုကိုလဲဆုံလည်ပေါ်တွင်ကပ်လျက်ရှေ့နောက်ထပ်မံတပ်ဆင်ထားခြင်းကြောင့်ရန်သူ၏တင့်ဖျက်ဒုံးများကိုပိုမိုထောက်လှမ်းနိုင်စွမ်းရှိသောကြောင့် ယာဉ်ကို (၃၆၀) ဒီဂရီကိုဖုံးအုပ်ကာကွယ်ပေးနိုင်စွမ်းရှိသည်။ 




Afghanit APS စနစ်သည်တတိယမျိုးဆက်နှင့်စတုတ္ထမျိုးဆက်တင့်ဖျက်ဒုံးများဖြစ်သည့် အမေရိကန်လုပ်  Hellfire  တင့်ဖျက်ဒုံးများ၊ Javelin တင့်ဖျက်ဒုံးများ၊ TOW တင့်ဖျက်ဒုံးများ၊ဗြိတိန်လုပ် Brimstone တင့်ဖျက်ဒုံးများ၊အစ္စရေးလုပ် Spike တင့်ဖျက်ဒုံးများစသည့်တင့်ဖျက်ဒုံးများကို တန်ပြန်တိုက်ခိုက် နိုင်ရန်ဒီဇိုင်းဆွဲထားသည်စနစ်ဖြစ်ပြီးအမြင့်မှချဉ်းကပ်လာသည့်အာရုံခံကိရိယာပါဒုံးလက်နက်များကိုပါတန်ပြန်ကာကွယ်နိုင်စွမ်းရှိပါသည်။ သို့သော် ၎င်း APS စနစ်သည်အမြောက်ကျည်အစများနှင့်စက်သေနတ် ကျည်များကိုခုခံကာကွယ်ပေးနိုင်ခြင်းမရှိပါ။တင့်များ၏အားနည်းချက်သည်တပ်ဆင်ထားသည့်သံချပ်ကာအရေအသွေးတစ်ခုတည်းဖြင့်ရန်သူ၏ပစ်ခတ်တိုက်ခိုက်မှုကိုအဆုံးအဖြတ်ပေးနိုင်စွမ်းမရှိပေ။ ထို့ကြောင့် APS စနစ်နှင့် ERA ကဲ့သို့သံချပ်ကာများတပ်ဆင်ထားရန် လိုအပ်ပါသည်။ စစ်မြေပြင်တွင်တင့်ဆုံလည်ကို လှည့်စရာမလိုပဲမိမိပတ်ဝန်းကျင်ကိုထောက်လှမ်းနိုင်သည့် Panoramic Sight ကို remote weapon station ၏အရှေ့ပိုင်းတွင်တိုက်ယာဉ်မှူးအတွက်တပ်ဆင်ထားပြီး ၃၆၀ ဒီဂရီ ပတ်လည်ကိုထောက်လှမ်း ပေးနိုင်ပါသည်။ ၎င်း Sight တွင်တပ်ဆင်ထားသည့် Thermal Imaging Channel နှင့် Laser Rangefinder သည်တင့်အရွယ်အစားပစ်မှတ်ကိုနေ့ပိုင်းတွင်(၅)ကီလိုမီတာနှင့်အထက်ရှာဖွေထောက်လှမ်းနိုင်ပြီးညပိုင်းတွင် (၃.၅)ကီလိုမီတာအထိထောက်လှမ်းနိုင်ပါသည်။ တပ်ဆင်ထားသည့် Laser Rangefinder သည် ၇.၅ ကီလိုမီတာ အထိ ရှာဖွေထောက်လှမ်းနိုင်သည်။ အမြောက်တပ်သားအတွက် Optical channel နှင့် Laser Designator ကိုတပ်ဆင်ထားသည်။ အနီးကပ်ထောက်လှမ်းခြင်းများနှင့်ပတ်ဝန်းကျင်ကိုသတိပြု ထောက်လှမ်းနိုင်ရန်အတွက်ယာဉ်၏ပတ်လည်ထောင့်များတွင်(၃၆၀ဒီဂရီ)ကိုကြည့်ရှု့နိုင်သောကင်မရာများကိုတပ်ဆင်ထားပါသည်။ Armata တင့်သည်မြေပြင်ပစ်မှတ် (၄၀) ခုနှင့်ဝေဟင်ပစ်မှတ် (၂၅) ခုကိုတပြိုင်တည်းထောက်လှမ်းဖမ်းယူနိုင်ပြီးဆုံလည်ပေါ်တွင် AESA ရေဒါတပ်ဆင်ထားသည်ဟု အချို့သတင်းအရင်းအမြစ်များတွင်ဖော်ပြထားသည်။

လက်နက်တပ်ဆင်မှုအပိုင်း



Armata တင့်ပေါ်တွင် ရီမုတ်ကွန်ထရိုးဖြင့်ထိန်းချုပ်ရသည့် ဆုံလည်ကိုယာဉ်၏အလယ်တွင်တပ်ဆင်ထားပြီး powerpack ကိုယာဉ်၏နောက်ပိုင်းတွင်တပ်ဆင်ထားသည်။ ဆုံလည်ပေါ်တွင် 2A82-1M ၁၂၅မမ ပြောင်းချောအမြောက်အသစ်အားတပ်ဆင်ထားသည်။ ၁၂၅ မမ အမြောက်တွင်အလိုအလျောက်ကျည်ထိုး စနစ်ပါရှိပြီးပစ်ခတ်ရန်အသင့်ကျည် ၃၂ တောင့်ကိုဆုံလည်အောက်တွင်အဝိုင်းပုံကျည်ထိုးစနစ်ထားရှိပြီး တစ်မိနစ်လျင် ကျည် ၁၀-၁၂ တောင့်အထိပစ်ခတ်နိုင်ပါရှိသည်။ တင့်တစ်စီးပေါ်တွင် ၁၂၅ မမ ကျည် ၄၅ တောင့်ပါရှိသည်။၎င်းစနစ်သည်အမြောက်သည်ရွေ့လျားမောင်းနှင်နေချိန်တွင်ပင်တည်ငြိမ်စွာပစ်ခတ်နိုင်စွမ်းလဲရှိသည်။၁၂၅မမပြောင်းချောအမြောက်သည်တင့်ဖျက်လဆာပဲ့ထိန်းဒုံး (ATGM) များကိုပင်ထည့်သွင်း ပစ်ခတ် နိုင်စွမ်းရှိပြီး (၇) ကီလိုမီတာမှ (၁၂) ကီိလိုမီတာ အထိပစ်ခတ်နိုင်သည်ဟုဖော်ပြထားသည်။ Armata တင့်တွင်ပစ်မှတ်အမြန်နှုန်း၊ပြောင်းဖျားချိန်သားညှိကိရိယာမှတိုင်းတာပေးသည့်အမြောက်ပြောင်းကွေးညွှတ်မှုပမာဏ၊ဆုံလည်အမိုးပေါ်တပ်ဆင်ထားသည့်ကိရိယာတို့မှပေးသည့်ပစ်ခတ်မှုဆိုင်ရာအချက်အလက်များတွက်ချက်ပေးနိုင်သည့်ကွန်ပျူတာဖြင့်စနစ်သုံးပစ်ခတ်ထိန်းချုပ်ရေးကိရိယာကိုတပ်ဆင်ပေးထားပါသည်။ 2A82-1M ၁၂၅မမ ပြောင်းချောအမြောက်သည် T-90 တင့်များတွင် တပ်ဆင်ထားသည့် 2A46M ပြောင်းချောအမြောက်များထက် ၁၅% မှ ၂၀% ပို၍တိကျပြီး fire angular dispersion မှာလဲ ၁.၇ ဆ ရှိသည်။ အနာဂါတ်တွင် 2A82 အမြောက်နေရာတွင် 2A83 ၁၂၅ မမ ပြောင်းချောအမြောက် အသစ်ကိုပြောင်းလဲတပ်ဆင်၍အသုံးပြုနိုင်သည်။ အရန်လက်နက်အဖြစ် တစ်မိနစ်လျင် ကျည် (၂၅၀) မှ (၇၀၀) အထိပစ်ခတ်နိုင်သည့် PKTM ၇.၆၂ မမ စက်သေနတ်ကို အဝေးထိန်းကိရိယာဖြင့် ဆုံလည်ပေါ်တွင်တပ်ဆင်ထားပြီးတိုက်ယာဉ်မှူးကတင့်အတွင်းထဲမှထိန်းချုပ်၍ပစ်ခတ်ရပါသည်။ ၎င်းစက်သေနတ်သည်တစက္ကန့်လျင်ပြောင်းထွက်ရှိန် ၈၅၀ မီတာအမြန်နှုန်းဖြင့် မီတာ (၁၅၀၀) အထိ ထိရောက်စွာပစ်ခတ်နိုင်စွမ်းရှိပါသည်။ PKTM ၇.၆၂ မမ စက်သေနတ်အတွက်ကျည်တောင့်ရေ (၁၀၀၀) ကိုအရန်သင့်တပ်ဆင်ထားပြီး အရန်ကျည် (၁၀၀၀) ကိုယဉ်အတွင်းပိုင်းတွင်သိုလှောင်ထားနိုင်သည်။ PKTM ၇.၆၂ မမ စက်သေနတ်နေရာတွင် Kord ၁၂.၇ မမ စက်သေနတ်ကြီးကိုပြောင်းလဲတပ်ဆင်၍အသုံးပြု နိုင်ပါသည်။


လှုပ်ရှားနိုင်မှုစွမ်းအား


T-14 တင့်တွင်မြင်ကောင်ရေ(၁၅၀၀)အားရှိဒီဇယ်အင်ဂျင်တစ်လုံးတပ်ဆင်ထားပြီး ဂီယာအလိုအလျောက် ပြောင်းလဲပေးသည့်ဂီယာ (၁၂) ချက်ပါရှိသည်။ အောတိုဂီယာအသုံးပြုထားခြင်းကြောင့်ယာဉ်၏ အလေးချိန်ကိုလျော့ချနိုင်သလိုသံချပ်ကာအပိုများလဲတပ်ဆင်နိုင်ပါသည်။ ယာဉ်အောက်ပိုင်းတွင် ဘီး ၇ စုံကို တပ်ဆင်ထားပြီး တစ်နာရီလျင် (၉၀) ကီလိုမီတာအထိမောင်းနှင်နိုင်ကာဆီအပြည့်ဖြည့်ထားပါက ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) အထိစစ်ဆင်နိုင်ပါသည်။




Ref: Army Recognition, Army-Technology, Defence-update, Military Factory, Livefist & Jane's
By Si Thu
=====

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...