09 May 2018

ဒုတိယမြောက်ရေငုပ်သင်္ဘောလက်ခံရရှိတဲ့အင်ဒိုနီးရှားရေတပ်



Photo: KRI Ardadedali (404)

အင်ဒိုနီးရှားရေတပ်သည် တောင်ကိုရီးယားထုတ် Nagapasa-class အတန်းအစား KRI Ardadedali (404) အမည်ရှိ ရေငုပ်သင်္ဘောကို ဧပြီလ ၂၅ ရက်နေ့က လွဲပြောင်းလက်ခံရယူခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံကို ၂ ပါတ်အတွင်း ရောက်ရှိမည်ဟုသိရသည်။၎င်း   စစ်ရေယာဉ်ကို တောင်ကိုရီးယားသင်္ဘာတည်ဆောက်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဒေ၀ူးကုမ္ပဏီက တည်ဆောက် ပေးထားခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်က ဒေ၀ူးကုမ္ပဏီနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံတန် ရေငုပ်သင်္ဘော ၃ စင်း တည်ဆောက်ပေးရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး ယခုလက်ခံရရှိသည့် ရေငုပ်သင်္ဘောမှာ ဒုတိယအစီးဖြစ်သည်။

အင်ဒိုနီးရှားရေတပ်အတွက် ပထမဆုံး ရေငုပ်သင်္ဘောဖြစ်သည့် KRI Nagapasa ကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ဒေ၀ူးကုမ္ပဏီက စတင်လွဲပြောင်းပေးခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၌ပင် တပ်တော်ဝင်ခဲ့ကာ သြဂုတ်လ ၂၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိခဲ့သည်။ သဘောတူစာချုပ်အရ ပထမဆုံး ရေငုပ်သင်္ဘောနှစ်စင်းကို တောင်ကိုရီးယားနိုင်ငံတွင် တည်ဆောက်ရန်ဖြစ်ပြီး တတိယအစီးကို အင်ဒိုနီးရှားနိုင်ငံပိုင် PT PAL သင်္ဘောကျင်းတွင် တပ်ဆင်ခြင်းပြုလုပ်ကာ ဒေ၀ူးကုမ္ပဏီထံမှ တည်ဆောက်ရေး နည်းပညာများ လွဲပြောင်းရယူသွားရန်ဖြစ်သည်။ ထို့အပြင် လက်ရှိအသုံးပြုနေသည့် ရေငုပ်သင်္ဘောအဟောင်းများ၏ ပယ်ရီစကုတ်တိုင်များကိုအဆင့်မြင့်တင်ခြင်း၊ ကိုယ်ထည်အားပြန်လည်ပြင်ဆင်ခြင်းနှင့် combat management systems (CMS) အသစ်များ တပ်ဆင်ခြင်းများပါဝင်သည့် အဆင့်မြင့်တင်ခြင်းများလည်း စာချုပ်ထဲတွင် ထည့်သွင်းချုပ်ဆိုထားသည်။

ယနေ့အင်ဒိုနီးရှား ရေတပ်တွင် ဂျာမနီထုတ် Type 209/1300 ရေငုပ်သင်္ဘော ၂ စင်း (KRI Cakra နှင့် KRI Nanggala) အသုံးပြုလျက်ရှိပြီး နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိနေပြီလည်းဖြစ်သည်။ ယခုအခါပို၍ ခေတ်မီသော ရေငုပ်သင်္ဘောများဖြင့် ရေတပ်အင်အားတောင့်တင်းအောင် ကြိုးစားလျက်ရှိပါသည်။ Nagapasa-class ရေငုပ်သင်္ဘောသည် အရှည် ၆၁.၂ မီတာ၊ တန်ချိန် ၁၄၀၀ ရှိပြီး အရာရှိ၊ စစ်သည် ၄၀ လိုက်ပါနိုင်သည်။ စစ်ဆင်နိုင်မှုမှာ ခရီးမိုင် ၁ သောင်းခန့်ရှိပြီး ရေအောက်တွင် ရေမိုင် ၂၁.၅ မိုင်နှုန်း၊ ရေပေါ်တွင် ရေမိုင် ၁၁ မိုင်နှုန်းဖြင့် ခုတ်မောင်းနိုင်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်သုံး Type 054A ဖရီးဂိတ်စစ်ရေယာဉ်ပေါ်သို့ ဒေါင်လိုက်ပစ် HQ-16 ဒုံးများဖြည့်တင်းနေပုံ။




တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်သုံး Type 054A ဖရီးဂိတ်စစ်ရေယာဉ်ပေါ်သို့ ဒေါင်လိုက်ပစ် HQ-16 ဒုံးများဖြည့်တင်းနေပုံ။

12 January 2018

Chinese 's second aircraft carrier

အင်ဂျင်စမ်းနေပြီဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောကြီးကို ဇန်နဝါရီလ ၁၁ ရက်နေ့ကတွေ့ရပုံ။

Photo: PLADU


Chinese new Y-20 Transport Aircraft

New batch of Y-20 planes to boost military transport capability.


(Photo: VCG)

http://www.globaltimes.cn/content/1084194.shtml


10 January 2018

Detailed views of the Thai operated VT-4 MBT.

Detailed views of the Thai operated VT-4 MBT.

Credits to: Sompong Nondhasa via Battlefield Defense


ကက်စပီယမ်ပင်လယ်ထဲတွင် ရေတပ်လေ့ကျင့်ခန်းပြုလုပ်နေတဲ့ ရုရှားရေတပ်မှစစ်ရေယာဉ်များ

ကက်စပီယမ်ပင်လယ်ထဲတွင် ရေတပ်လေ့ကျင့်ခန်းပြုလုပ်နေတဲ့ ရုရှားရေတပ်မှရေယာဉ်များ


Photo: PLADU


PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...