ထိုင်ဝမ်ရေတပ် (ROCN) တွင်အသုံးပြုမည့် Hsun Hai-class ကော်ဗက်စစ်ရေယာဉ်မှာ Littoral Combat Ship (LCS) အမျိုးအစားဖြစ်ပြီး Lung-De Shipbuilding Corporation ကုမ္ပဏီမှထိုင်ဝမ်ရေတပ်အတွက်တည်ဆောက်ထားသည့်ကမ်ရိုးတမ်းသွားစစ်ရေယာဉ်ဖြစ်သည်။ Hsun Hai-class ကော်ဗက်စစ်ရေယာဉ်ဒီဇိုင်းမှာစစ်ရေယာဉ်၏ mobility အားမြင့်တင်ထားခြင်း၊ stealth နည်းပညာများပါဝင်ခြင်း၊ Low radar signature ဖြစ်၍ရန်သူအား အနီးကပ်ပစ်ခတ်တိုက်ခိုက်နိုင်ခြင်း၊ လိုအပ်ချက်ကိုလိုက်၍ အကောင်းဆုံးပြုလုပ်ပေးနိုင်ခြင်းနှင့်စွမ်းဆောင်နိုင်ခြင်းစသည့်စွမ်းရည်များပိုင်ဆိုင်ထားပြီးလှေဝမ်းနှစ်ခုပါရှိသည့်စစ်ရေယာဉ်ဖြစ်ကာ Naval Shipbuilding Development Center (NSDC) နှင့် Ship Ocean Industries R&D Center (SOIC) တို့မှဒီဇိုင်းဆွဲထားသည့်စစ်ရေယာဉ်ဖြစ်သည်။ကော်ဗက်စစ်ရေယာဉ် ၏အလျားမှာ ၆၀.၄ မီတာ၊ အကျယ် ၁၄ မီတာနှင့်တန်ချိန် ၅၀၀ ခန့်ရှိပြီး waterjets လေးလုံးတပ်ဆင်ထားကာအမြန်ဆုံးရေမိုင် ၃၈ မိုင်နှူန်းအထိခုတ်မောင်းနိုင်သည်။ စစ်ရေယာဉ်တွင်အရာရှိ နှင့်ရေတပ်သား ၃၄ ယောက်မှ ၄၁ ယောက်အထိလိုက်ပါနိုင်ပြီး ကီလိုမီတာ ၃,၇၀၀ (မိုင် ၂,၀၀၀) အထိစစ်ဆင်နိုင်စွမ်းရှိသည်။
Hsun Hai-class ကော်ဗက်စစ်ရေယာဉ်တွင် တပ်ဆင်သွားမည့်လက်နက်များမှာ ၇၆ မမ Main Gun တစ်လက်၊ ၁၂.၇ မမ စက်သေနတ် ၄ လက်၊ Phalanx CIWS လက်နက်စနစ်တစ်ခု၊ ကီလိုမီတာ ၁၆၀ အထိပစ်ခတ်နိုင်သည့် Hsiung Feng II သင်္ဘောဖျက်ဒုံးနှင့် ကီလိုမီတာ ၁၃၀ အထိပစ်ခတ်နိုင်သည့် Hsiung Feng III သင်္ဘောဖျက်ဒုံး(၁၆)စင်းတပ်ဆင်သွားမည်ဖြစ်သည်။ စစ်ရေယာဉ်တွင်ရဟတ်ယာဉ်ထားသိုရန် hangar မပါရှိသော်လည်းရဟတ်ယာဉ်အတက်အဆင်းပြုလုပ်နိုင်သည့်ရဟတ်ယာဉ်ကွင်းပါရှိကာ Seahawk ကဲ့သို့ရေငုတ်သင်္ဘောတိုက်ဖျက်ရေး(ASW)ရဟတ်ယာဉ်တပ်ဆင်သွားဖွယ်ရှိသည်။ ထိုင်ဝမ်ရေတပ်မှ"Tuo River" (618) အမည်ရှိစစ်ရေယာဉ်အားပင်လယ်ပြင်တွင်စမ်းသပ်ခုတ်မောင်းခြင်းပြုလုပ်လျှက်ရှိပြီး၂၀၁၅ခုနှစ်ပထမနှစ်ဝက်အတွင်းစတင်အသုံးပြုနိုင်မည်ဟုခန့်မှန်းထားသည်။ ထို့ အပြင် Lung-De Shipbuilding Corporation ကုမ္ပဏီမှထိုင်ဝမ်ရေတပ်အတွက် Hsun Hai အတန်းအစားကော်ဗက်စစ်ရေယာဉ်(၁၂)စီးခန့်အားတည်ဆောက်ပေးသွားမည်ဟုလဲသိရှိရသည်။
(Photo: Internet/Lee Chung Wei)
No comments:
Post a Comment