ရုရှားနိုင်ငံမှ ပေးပို့ လိုက်သည့် Su-30MK2 တိုက်လေယာဉ် ၂ စင်း ဗီယက်နမ်နိုင်ငံ Da Nang လေတပ်စခန်းသို့ သြဂုတ်လ ၇ ရက်နေ့ က ရောက်ရှိ ခဲ့ကြောင်းသိရသည်။ ရုရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်တို့ အကြား သဘောတူညီချက်ဖြင့် Su-30MK2 တိုက်လေယာဉ် ၁၂ စင်းအား အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဖြင့် ၂၀၁၃ ခုနှစ် သြဂုတ်လက သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဝယ်ယူခဲ့သည်။ ယင်းနောက် ၂၀၁၄ ခုနှစ်မေလတွင် Su-30MK2 တိုက်လေယာဉ် လေးစင်းအား ဗီယက်နမ်လေတပ်သို့ စတင်ပေးပို့ ခဲ့ပြီး ယခုလွဲပြောင်း ပေးပို့ ခြင်းမှာဒုတိယအကြိမ်ဖြစ်၍ ကျန်ရှိနေသည့် တိုက်လေယာဉ်ခြောက်စင်းအား ၂၀၁၅ ခုနှစ်အတွင်းထပ်မံပေးပို့ နိုင်ခြေ ရှိကြောင်းခန့် မှန်းရသည်။
ဗီယက်နမ်နိုင်ငံကရုရှားနိုင်ငံထုတ် Su-30 တိုက်လေယာဉ် ၄ စင်းကို ၂၀၀၃ ခုနှစ်က ပထမဆုံး စတင်ဝယ်ယူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ၈ စင်း၊ ၂၀၁၀ ခုနှစ်တွင် ၁၂ စင်း ဝယ်ယူ၍အားဖြည့်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ၁၂ စင်း ထပ်မံဝယ်ယူခဲ့ပြန်သည်။များမကြာမှီအချိန်တွင်ဗီယက်နမ်လေတပ်တွင် Su-30MK2 တိုက်လေယာဉ် ၃၆ စင်းအထိ ပိုင်ဆိုင်လာတော့မည်ဖြစ်သည်။
Photo: ဗီယက်နမ်လေတပ်သုံး Su-30MK2 တိုက်လေယာဉ်တစ်စင်း
No comments:
Post a Comment