JL-10 ခေတ်မှီအမောင်းသင်ဂျက်လေယာဉ်
တရုတ်နိုင်ငံထုတ် Hongdu JL-10 advanced trainer လေယာဉ်ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (လေ) က PLAAF Public Day တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ပါသည်။ JL-10 ခေတ်မှီအမောင်းသင် ဂျက်လေယာဉ်ကို Hongdu Aviation Industry Corporation (HAIG) မှထုတ်လုပ်ထားပြီးလေတပ်နှင့်ရေတပ်တွင်လိုအပ်နေသည့်ခေတ်မှီအမောင်းသင်လေယာဉ်အတွက်ထုတ်လုပ်ထားခြင်းဖြစ်သည်။ JL-10 ၏ export အမည်မှာ L-15 Falcon ဖြစ်သည်။ ထိုင်ခုံနှစ်လုံပါ JL-10 အမောင်သင်လေယာဉ်သည် အလျား ၄၀ ပေ၊ တောင်ပံအလျား ၃၁ ပေ ရှိပြီး အမြင့် ၁၅.၈ ပေရှိပါသည်။ လေယာဉ်၏ empty weight မှာ ပေါင် ၉၉၀၀ ရှိပြီး Maximum Take-Off Weight မှာ အလေးချိန် ၁၄၃၀၀ ပေါင် ရှိပါသည်။အမောင်းသင်ဂျက်လေယာဉ်သည် တစ်နာရီလျင် အမြန်ဆုံး ၉၂၄ မိုင်အထိပျံသန်းနိုင်ပြီး အသံထက် ၁.၄ ဆ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပါသည်။ JL-10 တွင် ယူကရိန်းထုတ် Ivchenko Progress AI-222K-25 OR 2 x Ivchenko Progress AI-222K-25F afterburning turbofan engines ၂ လုံးတပ်ဆင်ထားသည်။ JL-10 လေယာဉ်ကို အပေါ့စား တိုက်လေယာဉ်အဖြစ်အသုံးပြုနိုင်ပြီး စစ်ဆင်နိုင်သည့် အချင်းဝက်မှာ ၃၄၅ မိုင်ရှိ၍ ferry range မှာ မိုင် ၂၀၀၀ ခန့် ရှိပါသည်။ JL-10 သည် တစ်မိနစ်လျင် ၃၉၃၅၀ ပေ နှုန်းဖြင့်တက်ရောက်နိုင်ပြီး အမြင့် ပေ ၅၂၅၀၀ အထိတက်ရောက် ပျံသန်းနိုင်ပါသည်။
No comments:
Post a Comment