05 April 2016

ရုရှားရေတပ်အတွက် တည်ဆောက်ထားသည့် သုံးစင်းမြောက် Project 11356 ဖရီးဂိတ်စစ်ရေယာဉ်ရေချ

ရုရှားရေတပ်အတွက် တည်ဆောက်ထားသည့် သုံးစင်းမြောက် Project 11356 ဖရီးဂိတ်စစ်ရေယာဉ် "Admiral Makarov" အား မတ်လ ၃၁ ရက်နေ့ တွင် Yantar သင်္ဘောကျင်း၌ dock trials ပြုလုပ်ခဲ့ကြောင်း Yantar သင်္ဘောကျင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက TASS သတင်းဌာနကို သောကြာနေ့ က ပြောဆိုလိုက်ပါသည်။ ၄င်းစစ်ရေယာဉ်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ တွင် ဧယာခင်းခဲ့ကြောင်းနှင့် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ရေချခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ရုရှားရေတပ်သို့ လွဲပြောင်းပေးအပ်သွားရန်စီစဉ်ထား ကြောင်းသိရသည်။

Project 11356 ဖရီးဂိတ်စစ်ရေယာဉ်သည် အလျား ၁၂၄.၈ မီတာ၊ တန်ချိန် ၃၆၂၀ တန်ရှိပြီး အမြန်ဆုံး ရေမိုင် ၃၀ အထိခုတ်မောင်းနိုင်ကာ ခရီးမိုင် ၄၈၅၀ ကိုစစ်ဆင်နိုင်သည်။ စစ်ရေယာဉ်ပေါ်တွင် 100mm A-190 naval gun တစ်လက်၊ Kalibr-NK (SS-N-27 Sizzler) ခရုဇ်ဒုံးပျံများ၊ Shtil/Shtil-1 (SA-N-7 Gadfly/SA-N-7C Gollum) ရေတပ်သုံးလေကြောင်းရန် ကာကွယ်ရေးစနစ်များနှင့် တော်ပီဒိုများတပ်ဆင်ထားပြီး ရေတပ်သုံး Ka-27 (Helix) ရဟတ်ယာဉ်တစ်စင်း တပ်ဆင်ထားသည်။ Project 11356 အတန်းအစားထဲမှ ပထမဆုံးဖရီးဂိတ်စစ်ရေယာဉ်  Admiral Grigorovich သည် ၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့ တွင် ရုရှားရေတပ်၌တပ်တော်ဝင်ခဲ့ပြီးဖြစ်သည်။

(ဓာတ်ပုံ- Project 11356 အတန်းအစားထဲမှ ဖရီးဂိတ်စစ်ရေယာဉ်  Admiral Grigorovich အား တပ်တော်ဝင်သည့်အခမ်းအနားကျင်းပနေပုံ။)

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...