06 January 2018

ဗြိတိန်တော်ဝင်ရေတပ်သုံးရဟတ်ယာဉ်တင်သင်္ဘောအဟောင်းကို ဘရာဇီးဝယ်ယူ

ဗြိတိန်တော်ဝင်ရေတပ်သုံး HMS Ocean ရဟတ်ယာဉ်တင်သင်္ဘောကို ဘရာဇီးရေတပ်က ပေါင် ၈၄ သန်းနှင်းဝယ်ယူလိုက်ကြောင်းသိရသည်။ ဗြိတိန်တော်ဝင်ရေတပ်သည် တန်ချိန် ၂၂၀၀၀ တန်ရှိသည့် HMS Ocean ရဟတ်ယာဉ်တင် သင်္ဘောကြီးကို ၁၉၉၀ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် တပ်တော်ဝင်ခဲ့သည်။ ၄င်းရေယာဉ်ကို ရေတပ်၏ Flag ship အဖြစ်အသုံးပြုခဲ့ကာ၂၀၁၈ ခုနှစ် မတ်လတွင် တာဝန်မှအနားပေးတော့မည်ဖြစ်သည်။ သက်တမ်း ၂၀ နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ ၄င်းရေယာဉ်ကို ဗြိတိန်ရေတပ်က သက်တမ်းတိုးမြင့်ပြီး ဆက်လက် အသုံးပြုရန်ပြုပြင်ထိန်းသိမ်းရေးစရိတ်များပြားခြင်းနှင့် ယင်းအတွက် ဘက်ဂျက်မရှိခြင်းကြောင့် ရောင်းခြင်းဖြစ်သည်။

Photo: Wiki


No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...