02 July 2015

Chinese Navy New Y-8FQ Cub/GX-6 Maritime Patrol Aircraft Operational with PLAN North Sea Fleet

K-9 Chassis

တောင်ကိုရီးယားနိုင်ငံရှိ Samsung Techwin ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် K-9 Chassis အား Krab ၁၅၅ မမ ယန္တရားတင်ဆုံလည်ဟောင်ဝဇ္ဇာ အမြောက်များတွင်အသုံးပြုရန်အတွက်ပိုလန်နိုင်ငံသို့ စတင်ပေးပို့ လိုက်ပြီးဖြစ်ကြောင်းသိရသည်။
Samsung Techwin ကုမ္ပဏီနှင့် ပိုလန်နိုင်ငံရှိ HSW ကုမ္ပဏီတို့ အကြား သဘောတူညီချက်ဖြင့် Chassis အစီး ၁၂၀ အားအမေရိကန်ဒေါ်လာသန်း ၃၂၀ ဖြင့် ၂၀၁၄ ခုနှစ်ဒီဇင်ဘာလတွင် စာချုပ် ချုပ်ဆိုခဲ့ကြောင်းသိရသည်။ ပထမဆုံး ၂၄ စီးအား Samsung Techwin ကုမ္ပဏီမှ ထုတ်လုပ်ပေးမည်ဖြစ်ပြီး ကျန်ရှိသည့် ၉၆ စီးအား HSW ကုမ္ပဏီတွင်ဆက်လုပ်ထုတ် လုပ်သွားမည်ဟုသိရသည်။
K-9 Chassis တွင် ဂျာမနီထုတ် မြင်ကောင်ရေ ၁၀၀၀ အားရှိ MTU MT 881 Ka-500 အင်ဂျင်တပ်ဆင်ထားသည်။

Z-18F ASW Helicopter

တရုတ်နိုင်ငံမှထုတ်လုပ်ထားသည့် Z-18F ရဟတ်ယာဉ်သည်ရေငုတ်သင်္ဘောတိုက်ဖျက်စစ်ဆင်ရေး(ASW) များအပြင် Anti-Surface Warfare (ASuW)စစ်ဆင်ရေးများတွင်ပါအသုံးပြုနိုင်သည့်ရဟတ်ယာဉ်ဖြစ်ပါသည်။ရယတ်ယာဉ်၏နုတ်သီးတွင် ၃၆၀ ဒီဂရီဖမ်းယူနိုင်သည့် surveillance radar တစ်စုံကို တပ်ဆင်ထားပြီးရဟတ်ယာဉ်၏ညာဘက်ရှေ့အခြမ်းတွင် forward looking infrared radar (FLIR) ကို လဲတပ်ဆင်ထားပါသည်။ ရဟတ်ယာဉ်ပေါ်တွင် ရေငုတ်သင်္ဘောများအားထောက်လှမ်းနိုင်သည့် dipping sonar တစ်စုံ တပ်ဆင်ထားပြီး တော်ပီဒိုများ၊ depth charge များ နှင့် air-to-surface missiles များတပ်ဆင်ရန် hard point လေးခုပါရှိသည်။

International Military-Technical Forum Army-2015

ရုရှားနိုင်ငံမော်စကိုမြို့အနောက်ဘက် မိုင် (၄၀) အကွာရှိကူဘင်ကာမြို့တွင်းရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဦးစီးပြီး ဇွန်လ ၁၆ ရက်နေ့ မှ စတင်၍ လေးရက်ကြာကျင်းပပြုလုပ်ခဲ့သည့်နိုင်ငံတကာစစ်ဘက်နည်းပညာပိုင်းဆိုင်ရာပြပွဲ (International Military-Technical Forum Army-2015) တွင်ခင်းကျင်းပြသထားသည့်စစ်သုံးယာဉ်နှင့်ယန္တရားများ အားအပေါ်စီးမှရိုက်ကူးထားပုံ။

Specialised Marine Craft (SMC)

စင်ကာပူရေတပ်က ပြည်တွင်းထုတ် Specialised Marine Craft (SMC) ရေယာဉ်ကို သြဂုတ်လ (၉) ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည့် နှစ်(၅၀) ပြည့် National Day တွင် ပထမဆုံးအကြိမ် ပွဲထုတ်ပြသသွားမည်။

(Photos by NDPeeps, James Ng (cyber pioneer) & kementah)


17 April 2015

ZH-05 Objective Individual Combat Weapon (OICW)





တရုတ်နိုင်ငံထုတ် ZH-05 OICW ခြေမှုန်းရေးရိုင်ဖယ်ရဲ့ ဒီဇိုင်းဟာ ပင်လယ်ဓါးပြနှိမ်နှင်းခြေမှုန်းရေး စစ်ဆင်ရေးတွေမှာ တရုတ်မရိန်းတပ်ဖွဲ့ ဝင်တွေအသုံးပြုဖို့ ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ဒီဇိုင်းဖြစ်တဲ့အပြင် ခေတ်မှီနည်းပညာတွေပေါင်းစပ်ထားတဲ့ရိုင်ဖယ်လဲဖြစ်တယ်။ ဒီရိုင်ဖယ်မှာ ၅.၈ မမ ကျည်နဲ့ ၂၀ မမ ကျည် ဆိုပြီးကျည်နှစ် မျိုးအသုံးပြုထားပါတယ်။ အမေရိကန်ထုတ် XM-29 ရိုင်ဖယ်နဲ့ ကိုရီးယား ဒေဝူးကုမ္ပဏီထုတ် K11 ရိုင်ဖယ်တွေနဲ့ စာရင်အလေးချိန်ဟာပေါ့ပါးပြီးကျည်အပြည့်ဖြည့်ထားတယ်ဆိုရင် အလေးချိန်ဟာ ၅ ကီလိုဂရမ် သာရှိတယ်လို့ သိရပါတယ်။ ကျည်မပါရင်တော့ ၄.၂၇ ကီလိုဂရမ်ပဲရှိတယ်။ ZH-05 ရိုင်ဖယ်မှာ ရိုင်ဖယ်သမားအတွက် laser range finder နဲ့  fire control system တွေတပ်ဆင်ထားတယ်။ 




တစ်တောင့်ခြင်းကျည်ထိုး၍ပစ်ရတဲ့ ၂၀ မမ ကျည်သုံး လောင်ချာကို အဓိကသုံးပြီး အရန်အဖြစ် ၅.၈ မမ ရိုင်ဖယ်ကို သုံးပါတယ်။ ၂၀ မမ လောင်ချာထဲ ထည့်သွင်းပစ်ခတ်နိုင်ဖို့ အတွက် impact detonation ကျည် airburst ကျည်နဲ့  shotgun-type ကျည်ဆိုပြီး ကျည်အမျိုးအစား သုံးမျိုးထုတ်လုပ်ထားတယ်။တရုတ်တပ်ဖွဲ့ ဝင်တွေကတော့ ဒီရိုင်ဖယ်ကို တာဝေးပစ်ခတ်လို့ ရတဲ့အတွက် "Long Range Shotgun" လို့ နာမည်ပြောင်ခေါ်ကြပြီး secondary weapon သို့ မဟုတ် primary weapon အဖြစ်အသုံးပြုနိုင်ပါတယ်။


http://i.imgur.com/NJp0fN3.jpg

X-47B

ဧပြီလ ၁၅ ရက်နေ့ က K-707 Tanker လေယာဉ်နှင့်ချိတ်ဆက်၍ပထမဆုံးအကြိမ်ဝေဟင်တွင်ဆီဖြည့်နေတဲ့ အမေရိကန်ရေတပ်သုံး X-47B မောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်တစ်စင်း




Photo by. NAVAIR

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...