02 July 2015

K-9 Chassis

တောင်ကိုရီးယားနိုင်ငံရှိ Samsung Techwin ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် K-9 Chassis အား Krab ၁၅၅ မမ ယန္တရားတင်ဆုံလည်ဟောင်ဝဇ္ဇာ အမြောက်များတွင်အသုံးပြုရန်အတွက်ပိုလန်နိုင်ငံသို့ စတင်ပေးပို့ လိုက်ပြီးဖြစ်ကြောင်းသိရသည်။
Samsung Techwin ကုမ္ပဏီနှင့် ပိုလန်နိုင်ငံရှိ HSW ကုမ္ပဏီတို့ အကြား သဘောတူညီချက်ဖြင့် Chassis အစီး ၁၂၀ အားအမေရိကန်ဒေါ်လာသန်း ၃၂၀ ဖြင့် ၂၀၁၄ ခုနှစ်ဒီဇင်ဘာလတွင် စာချုပ် ချုပ်ဆိုခဲ့ကြောင်းသိရသည်။ ပထမဆုံး ၂၄ စီးအား Samsung Techwin ကုမ္ပဏီမှ ထုတ်လုပ်ပေးမည်ဖြစ်ပြီး ကျန်ရှိသည့် ၉၆ စီးအား HSW ကုမ္ပဏီတွင်ဆက်လုပ်ထုတ် လုပ်သွားမည်ဟုသိရသည်။
K-9 Chassis တွင် ဂျာမနီထုတ် မြင်ကောင်ရေ ၁၀၀၀ အားရှိ MTU MT 881 Ka-500 အင်ဂျင်တပ်ဆင်ထားသည်။

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...