ဗီယက်နမ်နိုင်ငံသည်တောင်တရုတ်ပင်လယ်လေပိုင်နက်အားထိန်းချုပ်စောင့်ကြည့်နိုင်ရန် C-295 Airborne Early Warning and Control လေယာဉ် အနည်းဆုံး ၂ စင်းဝယ်ယူ အားဖြည့်သွားမည်။
Simple to understand information and constantly updated related to weapons and military equipment.
25 May 2016
16 May 2016
အမှတ် (၅) ရေတပ်အုပ်စု ဧရိယာအတွင်း ပင်လယ်ရေကြောင်းလုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အမေရိကန်ရေတပ်၏ ဖျက်သင်္ဘော USS Gonzalez (DDG 66) ပေါ်မှ MK 38 MOD 2 Machine Gun အား ပစ်ခတ်လေ့ကျင့်နေပုံ။
Mk-38 25 mm Machine Gun သည် semi (သို့ မဟုတ်) full-automatic အသုံးပြု၍ ပစ်ခတ်နိုင်သည့် Machine Gun ဖြစ်ပြီး Single barrel နှင့် air cooled စနစ် အသုံးပြုထားသည့်
သေနတ်ပြောင်းကိုအသုံးပြုထားသည်။ Mk-38 တွင်၂၅ မီလီမီတာ (၁ လက်မ) ကျည်ကိုအသုံးပြုထားပြီး တစ်မိနစ်လျင် ၁၇၅ တောင့်နှုန်း ပစ်ခတ်နိုင်ကာ မီတာ ၆,၈၀၀ အထိ အဝေးဆုံးပစ်ခတ်နိုင်၍ မီတာ ၂,၄၆၀ အတွင်း ထိရောက်မှုရှိသည်။ Mk-38 ကို အမေရိကန်ရေတပ်သုံး ဖျက်သင်္ဘောများနှင့် စစ်ရေယာဉ်များပေါ်တွင် တပ်ဆင်အသုံးပြုကြပြီး ထိုးစစ်သော်လည်းကောင်း ခံစစ်သော်လည်းကောင်း အသုံးပြုနိုင်ကာ ရေမျက်နှာပြင်ရှိလှုပ်ရှားနေသည့် အမျိုးမျိုးသောပစ်မှတ်များ၊လျှင်မြန်စွာလှုပ်ရှားနေသည့် မြန်နှုန်းမြင့်ပစ်မှတ်များ၊ရေပေါ်မိုင်းများနှင့်ရေယာဉ်အသေးစားများအားပစ်ခတ်နိုင်ရန်ဒီဒိုင်းဆွဲထုတ်လုပ်ထားသည့် Machine Gun ဖြစ်သည်။ Mk-38 တွင် ပုံမှန်အားဖြင့် ပစ်ခတ်သူတစ်ယောက်နှင့် ပြုပြင်ထိန်းသိမ်းရန်လူတစ်ယောက်ပါရှိသည်။ Machine Gun အထက်အောက် လှုပ်ရှားနိုင်မှုနှုန်းမှာ အထက်အောက် ၅၅ ဒီဂရီသာရှိ၍ anti-air-warfare လက်နက်အဖြစ် အသုံးပြုရာတွင် အကန့် အသက်ရှိပြီး ပုံမှန်အားဖြင့် ရေမျက်နှာပြင်ရှိ ပစ်မှတ်များအားတိုက်ခိုက်ရာတွင်အသုံးပြုရန်သင့်တော်သည့်လက်နက်ဖြစ်သည်။ Mk-38 တွင် (Mod 1) နှင့် (Mod 2) ဟူ၍မျိုးကွဲ နှစ်မျိုး ရှိကာ Mk-38 (Mod 1) သည် manual ထိန်းချုပ်ပစ်ခတ်ရပြီး နောက်ဆုံးပေါ် Mk-38 (Mod 2) သည် ကွန်ပြူတာဖြင့် ထိန်းချုပ်ခတ်ရသည့် လက်နက်စနစ်ဖြစ်သည်။
(U.S. Navy photo by Mass Communication Specialist 3rd Class Pasquale Sena/Released)
Download High Resolution image @ http://www.navy.mil/management/photodb/photos/160511-N-VE959-005.JPG
07 May 2016
မေလ ၉ ရက်နေ့ တွင် ရုရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အောင်ပွဲခံနေ့ စစ်ရေးပြ အခမ်းအနားတွင် ပါဝင်ချီတက်အလေးပြုမည့် အီတလီထုတ် Iveco LMV အပေါ့စားဘက်စုံသုံးယာဉ်များ
Iveco LMV သံချပ်ကာယာဉ်ကို အမှတ် ၂၂ အထူးအစောင့်တပ်ဖွဲ့ တွင် အသုံးပြုလျက်ရှိပြီး ဆီးရီးယားရောက် ရုရှားတပ်ဖွဲ့ များတွင်လည်း အသုံးပြုကြသည်။ Iveco LMV အပေါ့စားဘက်စုံသုံး သံချပ်ကာယာဉ်ကို အီတလီ၊ ဘယ်ဂျီယံ၊ ခရိုအေးရှား၊ ချက်၊ နော်ဝေး၊ စပိန်နှင့် ဗြိတိန်တို့ တွင်အသုံးပြုကြပြီး အီတလီတွင် VTLM Lince အဖြစ်လည်းကောင်း ဗြိတိန်တွင် Panther CLV အဖြစ်လည်းကောင်း ခေါ်ဝေါ်အသုံးပြုကြသည်။
Photos: armored vehicles Iveco -LMV M65 Lynx (c) eagle-rost.livejournal.com
01 May 2016
28 April 2016
ယူကရိန်းတပ်မတော်သုံးအတွဲလိုက်ဒုံးလောင်ချာစနစ် (MLRS)
ယူကရိန်းတပ်မတော်တွင် လက်တလော အသုံးပြုနေသည့် အတွဲလိုက်ဒုံးလောင်ချာစနစ် (MLRS) သည် ဘက်စုံသုံး MT-LB သံချပ်ကာယာဉ်ကိုအခြေခံထားပြီး ရုရှားထုတ် Mi-24 Hind တိုက်ခိုက်ရေးရဟတ်ယာဉ်များတွင် တပ်ဆင်အသုံးပြုကြသည့် 80mm B-8V-20 pod နှစ်စုံကို တပ်ဆင်ထားသည့်စနစ်ဖြစ်သည်။ rocket pod တစ်ခုလျှင် S-8 rocket အစင်း ၂၀ ပါရှိပြီး စက္ကန့် အနည်းငယ်အတွင်း rocket အစင်း ၄၀ အား ၂ ကီလိုမီတာ အထိပစ်ခတ်နိုင်သည်။ S-8 rocket များသည် ဝေဟင်မှမြေပြင် (သို့ ) မြေပြင်မှမြေပြင်ပစ် unguided rocket အမျိုးအစားဖြစ်ပြီး ရုရှားလေတပ်သုံး စစ်လေယာဉ်များနှင့် ပြည်ပနိုင်ငံများတွင် အသုံးပြုလျှက်ရှိသည်။ ယူကရိန်းတပ်မတော်တွင် အသုံးပြုနေသည့် S-8 rocket သုံး အတွဲလိုက်ဒုံးလောင်ချာစနစ်သည် ပစ်ခတ်နိုင်သည့်အကွာအဝေးတွင် ကန့် သတ်ထားပြီး တိကျမှုပိုင်းတွင်အားနည်းသောကြောင့် အားနည်းချက်များရှိသည့် MLRS စနစ်ဖြစ်သည်။
19 April 2016
စင်ကာပူရေတပ်၏ Littoral Mission Vessel ဒုတိယမြောက်ရေယာဉ်ရေချ
စင်ကာပူရေတပ်အတွက်တည်ထားသည့် Littoral Mission Vessel (LMV) အမျိုးအစား ဒုတိယမြောက် Sovereignty (16) ရေယာဉ်ကို ဧပြီလ ၁၆ ရက်နေ့ တွင်ရေချခဲ့သည်။ LMV ရေယာဉ်ကို စင်ကာပူနိုင်ငံရှိ ST Marine, ST Electronics, ဆွီဒင်နိုင်ငံရှိ Saab Kockums AB ကုမ္ပဏီနှင့် DOS National Laboratories တို့မှပူးပေါင်း၍ ST Marine သင်္ဘောကျင်းတွင် တည်ဆောက်လျက်ရှိပြီး ကာကွယ်ရေးသိပ္ပံနှင့် နည်းပညာအေဂျင်စီမှ ရေယာဉ်တည်ဆောက်သည့် အစီအစဉ်အားကြီးကြပ်ကွပ်ကဲပေးထားသည်။ ပထမဆုံး LMV စစ်ရေယာဉ်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဂျူလိုင်လ ၃ ရက်နေ့တွင် ရေချခဲ့သည်။
စင်ကာပူရေတပ်အတွက် စစ်ရေယာဉ် စုစုပေါင်း (၈ စင်း) ကို ST Marine သင်္ဘောကျင်းတွင် ၂၀၂၀ ခုနှစ်အထိ တည်ဆောက်ပေးသွားမည်။
ST Engineering ကုမ္ပဏီဝက်ဆိုဒ်နှင့် ပြပွဲတွင်ဖော်ပြထားသည့်နည်းပညာဆိုင်ရာအချက်အလတ်များအရ Littoral Mission Vessel သည် အလျား မီတာ ၈၀ ၊ အကျယ် ၁၂ မီတာ၊ တန်ချိန် ၁၂၅၀ ရှိပြီး စင်ကာပူရေတပ်တွင် နှစ်ပေါင်း ၂၀ ခန့်ကြာမြင့်နေပြီးဖြစ်သော Fearless-class ကင်းလှည့် ရေယာဉ် (၁၁) စီး နေရာတွင် အစားထိုး အသုံးပြုသွားရန်နှင့် ပင်လယ်ရေကြောင်း လုံခြုံရေးတာဝန်များကိုထမ်းဆောင်ရန်အတွက် စင်ကာပူရေတပ်က ST Engineering နှင့် စစ်ရေယာဉ် (၈) စင်းတည်ဆောက်မည့် သဘောတူစာချုပ်အား ၂၀၁၃ ခုနှစ်တွင်ချုပ်ဆိုခဲ့သည်။ LMV စစ်ရေယာဉ်များတွင် MTU 20V 4000 M93 အမျိုးအစား ဒီဇယ်အင်ဂျင်နှစ်လုံး တပ်ဆင်ထားပြီး အမြန်ဆုံးရေမိုင် ၂၇ မိုင်အထိ ခုတ်မောင်းနိုင်မည်ဖြစ်ကာ ရေမိုင် ၁၅ မိုင်နှုန်းဖြင့် ခရီးမိုင် ၃၅၀၀ ခန့်ကိုစစ်ဆင်နိုင်၍ အရာရှိနှင့် ရေတပ်သား ၂၃ ဦးလိုက်ပါတာဝန် ထမ်းဆောင်နိုင်သည်။ LMV စစ်ရေယာဉ်တွင် Oto Melara 76/62 Super Rapid Main Gun တစ်လက်၊ Rafael Typhoon Mk 25 stabilized naval gun တစ်လက်၊ Hitrole 12.7 mm remote weapons station နှစ်လက်နှင့်စက်သေနတ်ကြီး နှစ်လက်ကို တပ်ဆင်ထားပြီး Bridge အရှေ့ပိုင်းတွင် MBDA VL MICA surface-to-air ကို VLS စနစ်သုံး၍ တပ်ဆင်သွားရန်ရှိကြောင်းသိရသည်။ စစ်ရေယာဉ်ပေါ်တွင် Seahawk ကဲ့သို့အလတ်စား ရဟတ်ယာဉ် တစ်စင်း တက်ဆင်း ပြုလုပ်နိုင်ရန်ကျယ်ပြန့်သည့် Helideck ပါရှိပြီး RHIB boat နှစ်စင်းအတွက် recover & launch နှစ်စုံပါရှိသည်။ ရေယာဉ်ပေါ်တွင် လက်နက်ထိန်းချုပ် ပစ်ခတ်စနစ်များအတွက် Point defence system နှင့် Gun fire control syatem များ၊ ဆက်သွယ်ရေးစနစ်များနှင့် Command စနစ်များအတွက် Combat Management system, Satellite Communication system, Terrestrial Communication system နှင့် Integrated Communication system များ၊ ရေဒါနှင့်အာရုံခံကိရိယာများအတွက် Thales Nederland ကုမ္ပဏီထုတ် NS100 E/F-band Phased Array 3D air & surface surveillance radar system, Kelvin Hugues Sharpeye Navigational radar, Electro-optical fire control system, Infra-red search and track system နှင့် Long range acoustic device တို့ တပ်ဆင်ထားသည်။
စင်ကာပူရေတပ်တွင် အသုံးပြုသွားမည့် LMV စစ်ရေယာဉ် (၈) စင်း အမည်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။) Independence (15)
၂။) Sovereignty (16)
၃။) Unity
၎။) Justice
၅။) Indomitable
၆။) Fortitude
၇။) Dauntless
၈။) Fearless
Photo: Jane's
PLAAF's Anti-Cruise Missile point defense in action
A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...
-
The SBX (Sea Based X-band) radar is the primary sensor for tracking and engagement in the GBI system. The design is a 22 metre diameter AESA...
-
Chinese NAR-10 / CS/LR14 Tactical Assault Rifle is developed by NORINCO corporation. NAR-10 / CS/LR14 Tactical Assault Rifle includes numbe...
-
Bell 412: Pindad Komodo 4x4 Recon Vehicle: Pindad Upgraded AMX-13: Pindad SBS Tracked MLRS Prototype: