16 May 2016

အမှတ် (၅) ရေတပ်အုပ်စု ဧရိယာအတွင်း ပင်လယ်ရေကြောင်းလုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အမေရိကန်ရေတပ်၏ ဖျက်သင်္ဘော USS Gonzalez (DDG 66) ပေါ်မှ MK 38 MOD 2 Machine Gun အား ပစ်ခတ်လေ့ကျင့်နေပုံ။


Mk-38 25 mm Machine Gun သည် semi (သို့ မဟုတ်) full-automatic အသုံးပြု၍ ပစ်ခတ်နိုင်သည့် Machine Gun ဖြစ်ပြီး Single barrel နှင့် air cooled စနစ် အသုံးပြုထားသည့်
သေနတ်ပြောင်းကိုအသုံးပြုထားသည်။ Mk-38 တွင်၂၅ မီလီမီတာ (၁ လက်မ) ကျည်ကိုအသုံးပြုထားပြီး တစ်မိနစ်လျင် ၁၇၅ တောင့်နှုန်း ပစ်ခတ်နိုင်ကာ မီတာ ၆,၈၀၀ အထိ အဝေးဆုံးပစ်ခတ်နိုင်၍ မီတာ ၂,၄၆၀ အတွင်း ထိရောက်မှုရှိသည်။ Mk-38 ကို အမေရိကန်ရေတပ်သုံး ဖျက်သင်္ဘောများနှင့် စစ်ရေယာဉ်များပေါ်တွင် တပ်ဆင်အသုံးပြုကြပြီး ထိုးစစ်သော်လည်းကောင်း ခံစစ်သော်လည်းကောင်း အသုံးပြုနိုင်ကာ ရေမျက်နှာပြင်ရှိလှုပ်ရှားနေသည့် အမျိုးမျိုးသောပစ်မှတ်များ၊လျှင်မြန်စွာလှုပ်ရှားနေသည့် မြန်နှုန်းမြင့်ပစ်မှတ်များ၊ရေပေါ်မိုင်းများနှင့်ရေယာဉ်အသေးစားများအားပစ်ခတ်နိုင်ရန်ဒီဒိုင်းဆွဲထုတ်လုပ်ထားသည့် Machine Gun ဖြစ်သည်။ Mk-38 တွင် ပုံမှန်အားဖြင့် ပစ်ခတ်သူတစ်ယောက်နှင့် ပြုပြင်ထိန်းသိမ်းရန်လူတစ်ယောက်ပါရှိသည်။ Machine Gun အထက်အောက် လှုပ်ရှားနိုင်မှုနှုန်းမှာ အထက်အောက် ၅၅ ဒီဂရီသာရှိ၍ anti-air-warfare လက်နက်အဖြစ် အသုံးပြုရာတွင် အကန့် အသက်ရှိပြီး ပုံမှန်အားဖြင့် ရေမျက်နှာပြင်ရှိ ပစ်မှတ်များအားတိုက်ခိုက်ရာတွင်အသုံးပြုရန်သင့်တော်သည့်လက်နက်ဖြစ်သည်။ Mk-38 တွင် (Mod 1) နှင့် (Mod 2) ဟူ၍မျိုးကွဲ နှစ်မျိုး ရှိကာ Mk-38 (Mod 1) သည် manual ထိန်းချုပ်ပစ်ခတ်ရပြီး နောက်ဆုံးပေါ် Mk-38 (Mod 2) သည် ကွန်ပြူတာဖြင့် ထိန်းချုပ်ခတ်ရသည့် လက်နက်စနစ်ဖြစ်သည်။

(U.S. Navy photo by Mass Communication Specialist 3rd Class Pasquale Sena/Released)

Download High Resolution image @ http://www.navy.mil/management/photodb/photos/160511-N-VE959-005.JPG

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...