MQ-4C Triton မောင်းသူမဲ့ယာဉ်ကို Northrop Grumman ကုမ္ပဏီမှအမေရိကန်ရေတပ်အတွက်တည်ဆောက်ပေးထားပြီးစမ်းသပ်ထုတ်လုပ်ဆဲအဆင့်တွင်သာရှိပါတယ်။ Triton မောင်းသူမဲ့ယာဉ်၏ဒီဇိုင်းကတော့ကြီးမားကျယ်ပြန့်တဲ့ပင်လယ်ပြင်တွင်ကင်းထောက်ခြင်းထောက်လှမ်းခြင်နှင့်သတင်းစုဆောင်းခြင်းလုပ်ငန်များကို၂၄နာရီတာဝန်အပြည့်ထမ်းဆောင်နိုင်ရန်ဒီဇိုင်းရေးဆွဲထားတဲ့မောင်းသူမဲ့ယာဉ်ပဲဖြစ်တယ်။ Triton မောင်းသူမဲ့ယာဉ်ဟာအမေရိကန်လေတပ်နှင့်ရေတပ်တွင်အသုံးပြုနေသည့် RQ-4 /MQ-4 Global Hawk မောင်းသူမဲ့ယာဉ်နဲ့အရွယ်ရောဆိုဒ်ပါတူညီပါတယ်။ Global Hawk ကနေဆင်းသက်လာတဲ့မောင်းသူမဲ့ယာဉ်အမျိုးအစားလို့ပြောနိုင်ပါတယ်။
Triton မောင်းသူမဲ့ယာဉ်မှာ Rolls-Royce AE 3007H တာဘိုဖန်ဂျက်အင်ဂျင်တစ်လုံးတပ်ဆင်ထားတယ်၊သူရဲ့အဓိကထောက်လှမ်းရေးရေဒါကတော့ AN/ZPY-3 Multi-Function Active Sensor (MFAS) with Active Electronically Scanned Array (AESA) ရေဒါပါ။ AN/ZPY-3 ရေဒါဟာပင်လယ်ပြင်မှာခုတ်မောင်းနေတဲ့သင်္ဘောတွေကိုရှာဖွေထောက်လှမ်းဖမ်းယူနိုင်စွမ်းရှိပြီးသင်္ဘောရဲ့အမျိုးအစားတွေကိုပါခွဲခြားပေးနိုင်တယ်။ Triton မောင်းသူမဲ့ယာဉ်ဟာ မြေပြင်မှအထက်အမြင့် ၁၈ ကီလိုမီတာ(၁၀မိုင်ကျော်)အထိတက်ရောက်ပျံသန်းနိုင်ပြီးရေပြင်မှာရှိတဲ့အရာဝတ္ထုတွေကိုထောက်လှမ်းနိုင်စွမ်းရှိတယ်လို့သိရပါတယ်။ Triton မောင်းသူမဲ့ယာဉ်ကိုမြေပြင်ထိန်းချုပ်ရေးစခန်းမှ လေယာဉ်မှူးလေးဦးမှထိန်းချုပ်မောင်းနှင်ပျံသန်းစေပြီးဆီတစ်ခါဖြည့်ထားလျှင် ခရီးအကွာအဝေးမိုင်ပေါင်း ၉,၅၅၀ အထိပျံသန်းနိုင်တယ်လို့ သိရပါတယ်။
No comments:
Post a Comment