ဧပြီလ ၇ ရက်နေ့ မှစတင်၍ရုရှားထောက်ခံသူယူကရိန်းခွဲထွက်ရေးသူပုန်များနှင့်ယူကရိန်းစစ်တပ်တို့အပြင်းအထန်တိုက်ပွဲများဖြစ်ပွားခဲ့ရာယူကရိန်းလေတပ်မှစစ်လေယာဉ် ၁၈ စီးဆုံရှူံးခဲ့ပြီး၊ယူကရိန်းတပ်ဖွဲ့ ဝင် ၈၉ ကျဆုံးခဲ့သည်။ ယူကရိန်းစစ်တပ်မှပစ်ချခံရသည့် ရဟတ်ယာဉ်နှင့်လေယာဉ်များမှာ An-30B aerial cartography လေယာဉ် (၁) စင်း၊ An-26 သယ်ယူပို့ ဆောင်ရေးလေယာဉ် (၁) စင်း၊ Il-76 သယ်ယူပို့ ဆောင်ရေးလေယာဉ် (၁) စင်း၊ Su-24M တိုက်လေယာဉ် (၁) စင်း၊ MiG-29 ဂျက်တိုက်လေယာဉ် (၂) စင်း၊ Su-25 မြေပြင်တိုက်ခိုက်ရေးလေယာဉ် (၂) စင်း၊ Mi-8 ရဟတ်ယာဉ် (၅) စင်းနှင့် Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ် (၅) စင်းတို့ ဖြစ်ပြီးအားလုံးမှာပခုံးထမ်းလေယာဉ်ပစ်ဒုံးများနှင့်ယာဉ်တင်လေယာဉ်ပစ်ဒုံးများကြောင့်ဖြစ်သည်ဟု UNIAN သတင်းဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ Su-25 ကြားဖြတ်တိုက်လေယာဉ် (၂) စင်းမှာ mission အပြီးပြန်အလှည့်တွင်ပစ်ချခံရကြောင်းကာကွယ်ရေးဝန်ကြီးဌာနတွင်ဖော်ပြထားပြီး Su-25 ကြားဖြတ်တိုက်လေယာဉ်တစ်စင်းနှင့် Mi-8 ရဟတ်ယာဉ်တစ်စင်းမှာမြေပြင်သို့အဆင်းတွင်ပျက်ကျခဲ့သည်။
အဆိုးရွားဆုံးဖြစ်ရပ်များဖြစ်သည့်ဇွန်လ ၁၄ ရက်နေ့တွင်ယူကရိန်းလေတပ်သုံး Il-76 သယ်ယူပို့ ဆောင်ရေးလေယာဉ်ပေါ်တွင်လိုက်ပါလာသည့်တပ်ဖွဲ့ ဝင် ၄၉ ယောက်မှာလေယာဉ်ပစ်ချခံရသည့်အထဲတွင်သေဆုံးခဲ့သည်။ ထို့ အပြင် Mi-8 ရဟတ်ယာဉ်(၅)စင်းပေါ်တွင်လိုက်ပါလာသည့် ယူကရိန်းတပ်ဖွဲ့ ဝင် ၂၆ ဦးမှာလဲရဟတ်ယာဉ် ပျက်ကျရင်းသေဆုံးခဲ့ရပြီးတပ်ဖွဲ့ ဝင် ၁၁ ဦးမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ယူကရိန်းလေတပ်မှ ပျက်ဆီးဆုံးရှူံးခဲ့သည့်လေယာဉ်နှင့်ရဟတ်ယာဉ်တန်ဖိုးမှာအမေရိကန်ဒေါ်လာသန်း ၂၅၀ ခန့်ရှိခဲ့ကြောင်း UNIAN သတင်းဌာရှိအမည်မဖော်လိုသူတစ်ဦးမှကိန်းဂဏန်းများဖြင့်ထုတ်ဖော်ပြောကြားခဲ့သည်။
(ဓါတ်ပုံ- သြဂုတ်လ ၁၇ ရက်နေ့ ကပစ်ချခံရသည့်ယူကရိန်းလေတပ်မှ Mig-29 Fulcrum ဂျက်တိုက်လေယာဉ်အပျက်အစီးပုံ။)
Image credit: militarizm.livejournal.com/
No comments:
Post a Comment