03 November 2014

Breacher မိုင်းရှင်းယာဉ် (ABV)



အမေရိကန်မရိန်းတပ်ဖွဲ့ သုံး Assault Breacher Vehicle (ABV) (ခေါ်) Breacher မိုင်းရှင်းယာဉ်မှာ M1 Abrams တင့်ကိုအခြေခံထားပြီး အလျား ၁၂ မီတာ အလေးချိန် ၇၂ တန်ရှိသည်။ Breacher မိုင်းရှင်းယာဉ်ကို Shredder ဟုမရိန်းတပ်တွင်နာမည်ပြောင်ခေါ်ဝေါ်ကြသည်။ Breacher မိုင်းရှင်းယာဉ်ကို ၂၀၁၀ ခုနှစ်တွင်အာဖကန်နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သောစစ်ပွဲတွင်စတင်အသုံးပြုခဲ့ကြသည်။ Breacher မိုင်းရှင်းယာဉ်၏ဒီဇိုင်းမှာတပ်ဖွဲ့ ဝင်များအတွက်လူသွားလမ်း ဖောက်လုပ်ရန်၊လမ်းပေါ်တွင်ထောင်ထားသည့်ဗုံး၊အိုင်အီးဒီနှင့်မိုင်းများအားရှင်းလင်းရန်နှင့်မိုင်းကွင်းများတွင်အခြားယာဉ်များဖြတ်သန်းနိုင်ရန်မိုင်းများအားရှင်းပေးရန်ပြုလုပ်ထားသည့်မိုင်းရှင်းယာဉ်ဖြစ်သည်။ Breacher မိုင်းရှင်းယာဉ်တွင် မြင်းကောင်ရေ ၁,၅၀၀ အားရှိဒီဇယ်အင်ဂျင်တပ်ဆင်ထားပြီး လက်နက်အဖြစ် (.၅၀ ကယ်လီဗာ) ၁၂.၇ မမ စက်သေနတ်ကြီးအားယာဉ်ပေါ်တွင်တပ်ဆင်ထားသည်။ ယာဉ်၏ရှေ့ပိုင်းတွင် လမ်းဖောက်ရန်၊ဆူးညှောက်များရှင်းလင်းရန်နှင့်မြေမြုပ်မိုင်းများအားရှင်းလင်းရန် ၁၅ ပေ အရှည်ရှိတဲ့ဂေါ်ပြားပုံစံ "wide plow" တစ်စုံတပ်ဆင်ထားသည်။

      (ဓါတ်ပုံ- MK22 Mod 4 rocket) 

 Breacher မိုင်းရှင်းယာဉ်တွင်မိုင်းရှင်းလင်းရေးလက်နက်အဖြစ် M58 Mine Clearing Line Charge (MICLIC) တပ်ဆင်ထားသည်။
M58 MICLIC (ခေါ်) ပေါက်ကွဲအားပြင်း Mine Clearing Line Charges ကို MK22 Mod 4 rocket နှင့်တွဲဖက်၍ပစ်ခတ်ရပြီးယာဉ်ပေါ်တွင်တပ်ဆင်ထားသည့်ပစ်စင်နှစ်ခု (M147 firing kit)ပေါ်မှ rocket တစ်စင်းချင်းစီပစ်ခတ်ရသည်။ MK22 Mod 4 rocket မှာလုံးပါတ်၅ လက်မ ရှိပြီး Line Charges မှာ ပေ ၃၅၀ ရှည်ကာ Charges (၁) ပေ စီတိုင်းတွင် ပေါက်ကွဲအားပြင်း C4 ယမ်း(၅)ပေါင်ဆီပါရှိသည်။ Breacher မိုင်းရှင်းယာဉ်ပေါ်တွင်တပ်ဆင်ထားသည့် rocket ပစ်စင်ပေါ်မှ Mine Clearing Line Charges rocket ကိုလမ်းပေါ်သို့ ပစ်လွှတ်ဖောက်ခွဲ၍လမ်းပေါ်တွင်ဝှက်ထားသည့် ဗုံးနှင့်မိုင်းများအားရှင်းလင်းနိုင်စွမ်းရှိကာ အကျယ် ၈ မီတာနှင့် မီတာ (၁၀၀)အရှည်ရှိသည့်မိုင်းကင်းရှင်းသည့်လမ်းသစ်တစ်ခုဖောက်လုပ်နိုင်သည်။ Breacher မိုင်းရှင်းယာဉ်တွင်တပ်ဆင်ထားသည့် Mine Clearing Line Charges rocket များကိုလမ်းပေါ်သို့ ပစ်လွှတ်၍ သာမန်ချိန်းကိုက်ဖောက်ခွဲခြင်းနည်းကိုလဲအသုံးပြုနိုင်သည်။ အမေရိကန်မရိန်းမှ ၂၀၁၂ ခုနှစ်အထိ Breacher မိုင်းရှင်းယာဉ် (၅၂) စီးမှာယူထားပြီး ၃၄ စီးလက်ခံရရှိထားကာ အမေရိကန်စစ်တပ်မှလဲ (၁၈၇) စီးမှာယူထားကြောင်းသိရသည်။




(စစ်အင်ဂျင်နီယာသုံး Breacher မိုင်းရှင်းယာဉ်အသုံးဝင်ပုံနှင့်အလုပ်လုပ်ပုံအားဗွီဒီယိုဖိုင်ကြည့်ရန်>> http://youtu.be/c839FBFKyiw )






No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...