14 November 2014

ST1 တင့်ဖျက်ယာဉ်


        (Photo: Army Recognition)

  တရုတ်နိုင်ငံရှိနာမည်ကြီးစစ်လက်နက်ကုမ္ပဏီတစ်ခုဖြစ်သည့် NORINCO ကုမ္ပဏီမှအသစ်ထုတ်လုပ်ထားသည့် ST1 တင့်ဖျက်ယာဉ်ကိုတရုတ်နိုင်ငံတွင်ကျင်းပလျှက်ရှိသည့် (၁၀) ကြိမ်မြောက် China International Aviation & Aerospace Exhibition 2014 (Airshow China 2014) တွင်ထုတ်ဖော်ပြသခဲ့သည်။

ST1 တင့်ဖျက်ယာဉ်မှာ VN1 chassis 8x8 သံချပ်ကာလူသယ်ယာဉ်ကိုအခြေခံထားပြီး
two-man turret တပ်ဆင်ထားသည်။ တင့်ဖျက်ယာဉ်၏ ပင်မလက်နက်အဖြစ် ၁၀၅ မမ တင့်ဖျက်အမြောက်အားတပ်ဆင်ထားပြီး သံချပ်ကာဖောက်ကျည်၊ပေါက်ကွဲအားပြင်းတင့်ဖျက်ကျည်နှင့်ပေါက်ကွဲအားပြင်ကျည်များထည့်သွင်းပစ်ခတ်နိုင်သည်။ တင့်ဖျက်ယာဉ်ဆုံလည်၏။ညာဘက်ပေါ်တွင် ၁၂.၇ မမ လေယာဉ်ပစ်စက်သေနတ်အား အရန်လက်နက်အဖြစ်တပ်ဆင်ထားပြီးဆုံလည်၏တစ်ဖက်တစ်ချက်စီတွင်မီးခိုးဗုံးပစ်လောင်ချာသုံးခုဆီအားတပ်ဆင်ထားသည်။တင့်ဖျက်ယာဉ်တွင်နောက်ဆုံးပေါ်ပစ်ခတ်ထိန်းချုပ်သည့်စနစ်များနှင့်နေ့ ညမရွေးပစ်ခတ်နိုင်သည့်စနစ်များတပ်ဆင်ထားပြီးယာဉ်မောင်းအတွက်ကျည်ကားမှန်ပြတင်းပေါက်တပ်ဆင်ထားကာ တပ်ဖွဲ့ လေးဦး(သို့ )ငါးဦးမှတင့်ဖျက်ယာဉ်အား ထိန်းချုပ်ပစ်ခတ်သည်။



Photo: NORINCO



No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...