10 December 2014

15P self-propelled ယာဉ်အမြောက်



တရုတ်နိုင်ငံရှိ Sichuan Aerospace Industry Corporation (SCAIC) လက်နက်ကုမ္ပဏီမှဒီဇိုင်းဆွဲထုတ်လုပ်ထားသည့် 15P self-propelled ယာဉ်အမြောက်စနစ်မှာ လမ်းကြမ်းမောင်းလေးဘီးယက်(4x4) Shaanxi Automotive SX2110C ယာဉ်အားအခြေခံ၍တည်ဆောက်ထားပြီး နိုဝင်ဘာလအတွင်းကတရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် (၁၀) ကြိမ်မြောက် China International Aviation & Aerospace Exhibition 2014 (Airshow China 2014) တွင်ပထမဆုံးအကြိမ်ထုတ်ဖော်ပြသခဲ့သည်။ 15P ယာဉ်အမြောက်စနစ်မှာလေကြောင်းချီတပ်ဖွဲ့ များနှင့်ရုတ်ခြည်းတန်ပြန်တိုက်ခိုက်ရေးတပ်ဖွဲ့ များအသုံးပြုနိုင်သည့်ယာဉ်တင်အမြောက်လဲဖြစ်သည်။


15P ယာဉ်တင်အမြောက်စနစ်မှာအမိုးပွင့်ဖြစ်ပြီး ယာဉ်၏ရှေ့ပိုင်းတွင် ဒရိုင်ဘာနှင့်ကွန်မန်ဒါအတွက်ထိုင်ခုံပါရှိသည်။ ယာဉ်မှာလက်နက်ငယ်ပစ်ခတ်တိုက်ခိုက်မှူဒဏ်အားခံနိုင်ရည်ရှိသည်။15P ယာဉ်တင်အမြောက်စနစ်၏ပင်မလက်နက်မှာ ၁၀၅ မမ ဟောင်ဝဇ္ဇာအမြောက်ဖြစ်ပြီးယာဉ်၏နောက်ပိုင်းတွင်ချိတ်ဆက်ထားသည်။ ထို့ အပြင်အရန်လက်နက်အဖြစ် ၁၂.၇ မမ စက်သေနတ်ကြီးအားဆုံလည်ဖြင့်တပ်ဆင်ထားပြီးအနိပ့်ပျံလေယာဉ်ရဟတ်ယာဉ်များနှင့်မြေပြင်ရှိပစ်မှတ်များအားပစ်ခတ်တိုက်ခိုက်နိုင်သည်။


 ယာဉ်တင်အမြောက်စနစ်၏အရှေ့ပိုင်းတစ်ဖက်တချက်စီတွင် မီးခိုးဗုံးပစ်လောင်ချာလေးလုံးစီအားတပ်ဆင်ထားကြောင်းတွေ့ ရသည်။ 15P ယာဉ်တင်အမြောက်စနစ်တွင်တပ်ဆင်ထားသည့် ၁၀၅ မမ အမြောက်မှာ ၁၀.၈ ကီလိုမီတာအကွာအဝေးအထိပစ်ခတ်နိုင်ပြီး NATO "စံ"ပြုထုတ်လုပ်ထားသည့်မည်သည့် ၁၀၅ မမ ကျည်နှင့်မဆိုထည့်သွင်းပစ်ခတ်နိုင်ကာ projectiles ပါရှိသည့် ၁၀၅ မမ အမြောက်ကျည်များဖြင့်လဲပစ်ခတ်နိုင်သည်။ ထို့ အပြင် 15P ယာဉ်တင်အမြောက်စနစ်အားတင့်ဖျက်အမြောက်(သို့ ) ပစ်ကူယာဉ်အဖြစ်လဲအသုံးပြုနိုင်သည်။ ယာဉ်တင်အမြောက်စနစ်၏စုစုပေါင်းအလေးချိန်မှာ ၁၅ တန်ခန့် ရှိပြီး driver, commander နှင့် ၁၂.၇ မမ gunner အပါအဝင်စစ်သည်ရှစ်ဦးမှယာဉ်တင်အမြောက်အားထိန်းချုပ်ပစ်ခတ်ပါသည်။ 15P အမြောင်တင်ယာဉ်မှာတစ်နာရီလျှင် ၁၀၀ ကီလိုမီတာ အမြန်နှူန်းဖြင့်မောင်းနှင်နိုင်ပြီး ၁.၁ မီတာ(၃ ပေကျော်) ရှိသည့်ရေအနက်အား ကြိုတင်ပြင်ဆင်ခြင်းမပြုပဲဖြစ်ကူးနိုင်သည်။ ယာဉ်တင်အမြောင်စနစ်တွင်နိုင်ငံတကာစံနှူန်းများအတိုင်းရေဒီယိုဆက်သွယ်ရေးကိရိယာများ၊ ဘီးအပိုတစ်လုံးနှင့် self-recovery winch တစ်လုံးလဲတပ်ဆင်ထားသည်။

(Photos by Army Recognition)



1 comment:

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...