15 December 2014

ရည်ရွယ်ချက် အမျိုးမျိုးဖြင့် တပ်ဆင်ပေးထားသော မတူညီသည့် ယာဉ်ယန္တရားများကို နေရာမှန်ကန်စွာဖြင့် ထိရောက်စွာ ပေါင်းစည်း အသုံးပြုနိုင်သည်အထိ လေ့ကျင့်



တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တင့်အမြောက်စက်ပစ်ကွင်းတွင် တင့်စွမ်းရည် သရုပ်ပြသခဲ့သည့် အရာရှိ ၊ စစ်သည်များအား အမှာစကား ပြောကြားစဉ်


နေပြည်တော် ၊ ၁၅-၁၂-၂၀၁၄

ကမ္ဘာ့ စစ်သမိုင်းတွင် တင့်တပ်ဖွဲ့ ၏ စမ်းဆောင်မှု ၊ ခြေလျင် နှင့် တင့်တပ်ဖွဲ့ တို့၏ ပူးပေါင်း စစ်ဆင်မှု စွမ်းရည်တို့ကြောင့် အောင်မြင်မှု ရရှိခဲ့သော စစ်ပွဲများစွာ ရှိခဲ့ကြောင်း ၊ သို့ဖြစ်၍ အရည်အသွေး တိုးတက် မြင့်မားလာအောင် ထိရောက်စွာ လေ့ကျင့်သွားရန် နှင့် နေရာဒေသ မရွေး ၊ အချိန်ကာလ မရွေး စစ်ဆင်နိုင်စွမ်း ရှိအောင် လေ့ကျင့်သွားရန် လိုကြောင်း ၊ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် တပ်ဆင် ပေးထားသော မတူညီသည့် ယာဉ်ယန္တရား များကို နေရာ မှန်ကန်စွာဖြင့် ထိရောက်စွာ ပေါင်းစည်း အသုံးပြု နိုင်သည်အထိ လေ့ကျင့် သွားရန် လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက်ပိုင်း တွင် တင့်စွမ်းရည် သရုပ်ပြသ ခဲ့သည့် အရာရှိ၊ စစ်သည်များအား အမှာ စကားပြောကြား ရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် တို့လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်း တွင် ကျောက်ဆည် တပ်နယ်၊ သံချပ်ကာ ယန္တရား သင်တန်းကျောင်း ရှိ တင့်အမြောက် စက်ပစ်ကွင်းတွင် တင့်စွမ်းရည် သရုပ်ပြသမှုအား ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ကျောင်းအုပ်ကြီး က Command Team Tower တွင် တင့်စွမ်းရည်နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

တင့်ယာဉ်မောင်း စွမ်းရည် သရုပ်ပြသခြင်းတွင် Mount ( တောင် ၊ ကန်ပေါင် ) အတားအဆီးကို ဖြတ်ကျော် မောင်းနှင်ခြင်း စွမ်းရည် ပြသစဉ်

တင့်ယာဉ်မောင်း စွမ်းရည် သရုပ်ပြသခြင်းတွင် တံတားခင်းတင့်ဖြင့် အတားအဆီးအား တံတားခင်း သရုပ်ပြစဉ်

ထို့နောက် တင့်စွမ်းရည် ပြသမှု အစီအစဉ်အား ဆက်လက် ဆောင်ရွက်ရာ တင့်ယာဉ် မောင်းစွမ်းရည် သရုပ်ပြသခြင်း တွင် Mount (တောင်၊ ကန်ပေါင်) အတားအဆီးကို ဖြတ်ကျော် မောင်းနှင်ခြင်း၊ တာယာကွင်း (လယ်ကန်သင်း၊ ကမူငယ်) အတားအဆီးကို ဖြတ်ကျော် မောင်းနှင်ခြင်း၊ တိုင်ဝင် တိုင်ထွက် အတားအဆီးများ ဖြတ်ကျော် မောင်းနှင်ခြင်း၊ ၃ ပေအမြင့်ရှိ မြေပြင် အတားအဆီးကို ဖြတ်ကျော် မောင်းနှင်ခြင်း မီးခိုးမှိုင်းကာ ချ၍ မောင်းနှင်ခြင်း နှင့် ရွှံ့ညွန် အတားအဆီးကို ဖြတ်ကျော် မောင်းနှင်ခြင်း တို့ကို လည်းကောင်း၊ တင့်အမြောက် စွမ်းရည် သရုပ်ပြသ ပစ်ခတ်ခြင်းတွင် ရပ်တည် ပစ်မှတ်အား ၁၈ဝဝ မီတာ၊ ၁၆ဝဝ မီတာ အကွာအဝေး တို့မှ ရပ်လျက်/ မောင်းနှင်လျက် အနေအထားဖြင့် ပစ်ခတ်ခြင်း၊ ရွေ့လျား ပစ်မှတ်အား မီတာ ၁၄ဝဝ အကွာ မှ ပစ်ခတ်ခြင်း တို့ကို လည်းကောင်း၊ တံတားခင်း တင့်ဖြင့် အတားအဆီး အား တံတားခင်း သရုပ် ပြသခြင်း တို့ကို လည်းကောင်း တင့်အမျိုးအစား ငါးမျိုးတို့ဖြင့် အစီအစဉ်တိုင်း စွမ်းရည်ပြသ ခဲ့ကြသည်။

စွမ်းရည်ပြသမှု အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က စွမ်းရည်ပြသမှုတွင် ပါဝင်သော အရာရှိ၊ စစ်သည်များအား အမှာစကား ပြောကြားရာတွင် သံချပ်ကာသည် ခြေလျင်တပ် နည်းတူ ရှေ့တန်းတွင် ချေမှုန်းရေး တိုက်ပွဲဝင်သော တိုက်ခိုက်ရေး တပ်ဖွဲ့ဖြစ်ကြောင်း၊ ပစ်အားနှင့် စစ်ကစားမှုသည် အလွန် အရေးကြီး၍ ထိရောက်စွာ အသုံးချတတ်ရန် လိုကြောင်း၊ တင့်နှင့် သံချပ်ကာ သည် ပြင်းထန် ထိရောက်စွာ လှုပ်ရှား စစ်ကစား နိုင်ပြီး ခြေလျင်တပ် နည်းတူ ရန်သူ့နယ်မြေကို တက်ရောက် သိမ်းပိုက် သည်အထိ အနီးကပ် ချီတက် ချေမှုန်းတိုက်ခိုက် နိုင်ကြောင်း၊ တင့်နှင့် သံချပ်ကာသည် သဘော သဘာဝ တူညီဟန် ရှိသော်လည်း လုပ်ဆောင်ချက် ကွဲပြားမှုများ ရှိသဖြင့် ခွဲခြား နားလည် တတ်ကျွမ်းရန် လိုကြောင်း၊ မိမိကိုယ်ကို မိမိ ယုံကြည်မှု ရှိရေး၊ မိမိတပ်အပေါ် ယုံကြည်မှုရှိရေး၊ တပ်မတော်အပေါ် ယုံကြည်မှု ရှိအောင် ဖြည့်ဆည်း လေ့ကျင့် တည်ဆောက် ပေးလျက်ရှိရာ မိမိကိုယ်ကိုကောင်းအောင် တည်ဆောက် ထိန်းသိမ်းသွားရန် လိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် မိတ္ထီလာ တပ်နယ်ရှိ တပ်မတော် အကြီးစား စက်ရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်၊ ဒုတိယ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် နှင့် စက်ရုံမှူး တို့က လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ ရှင်းလင်း တင်ပြသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာတပ်နယ်ရှိ တပ်မတော် အကြီးစားစက်ရုံ အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးစဉ်


ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းရှိ Forging Shop ၊ Founding Shop ၊ Machine Shop ၊ Assembly Shop များအတွင်း အဓိကအင်ဂျင် အစိတ်အပိုင်း ထုတ်လုပ်နေမှု အဆင့်ဆင့် အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ စက်ရုံတွင် အဓိက Engine အစိတ်အပိုင်းများ၊ Gear အစိတ်အပိုင်းများ နှင့် Heavy Duty Truck အင်ဂျင်များ ထုတ်လုပ်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

Source: Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...