30 May 2016

အယ်လ်ဂျီးရီးယားတပ်မတော်သုံး T-90 တင့်များတွင် Shtora-1 စနစ်များတပ်ဆင်သွားမည်

ရုရှားကာကွယ်ရေးဆိုင်ရာသတင်းအရင်းအမြစ်များအရ အယ်လ်ဂျီးရီးယားတပ်မတော်သုံး T-90 ပင်မတိုက်ပွဲဝင်တင့်များတွင် ရုရှားထုတ်နာမည်ကျော် Shtora-1 အီလက်ထရောနစ်တန်ပြန်တိုက်ခိုက်ရေး စနစ်များကို တပ်ဆင်သွားမည်ဟုသိရသည်။ T-90 တင့်များတွင်တပ်ဆင်အသုံးပြုရန် အတွက် အယ်လ်ဂျီးရီးယားနိုင်ငံမှ မှာယူထားသည့် Shtora-1 optical-electronic countermeasure system စနစ်များကို ရုရှားနိုင်ငံမှပေးပို့ ထားပြီး အရေအတွက်အတိအကျကို မသိရှိရပေ။

ရုရှားထုတ်အီလက်ထရောနစ်တန်ပြန်တိုက်ခိုက်ရေးစနစ်နှင့်တန်ပြန်ပေါက်ကွဲအားသုံးကျည်ကာများ (ERA) သည် ဆီးရီးယားပြည်တွင်းစစ်ပွဲ၌ TOW-2A/BGM-71E ပဲ့ထိန်းတင်ဖျက်ဒုံးများကို ကောင်းစွာကာကွယ်ပေးနိုင်ခဲ့သည့် သာဓကများ ရှိခဲ့သောကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားမှုရရှိခဲ့သည့် အီကွေးမန့် များလည်းဖြစ်သည်။

SIPRI ၏သတင်းအချက်အလတ်များအရ ရုရှားနိုင်ငံသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း T-90SA နှင့် T-90MS တင့်အစီး ၃၇၀ ကို အယ်လ်ဂျီးရီးယား နိုင်ငံသို့ ရောင်းချခဲ့ကြောင်း ဖော်ပြထားပြီး Vedomosti သတင်းစာတွင် ဖော်ပြချက်အရ T-90SA တင့်အစီး ၂၀၀ ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ၂၀၁၄ ခုနှစ်က တရားဝင်လိုင်စင်ဖြင့် ကိုယ်ပိုင်ထုတ်လုပ်ရန် သဘောတူ စာချုပ်ချုပ်ထားကြောင်းဖော်ပြထားသည်။

ဓာတ်ပုံ- အယ်လ်ဂျီးရီးယားတပ်မတော်သုံး T-90 ပင်မတိုက်ပွဲဝင်တင့်နှင့် Shtora-1 အီလက်ထရောနစ်တန်ပြန်တိုက်ခိုက်ရေးစနစ်

(Photo by Canal Algérie)

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...