09 August 2016

အီရန်တပ်မတော်က AK-103 ခြေမှုန်းရေးရိုင်ဖယ်များ ဝယ်ယူ

အီရန်တပ်မတော်သည် Kalashnikov Group ကုမ္ပဏီနှင့် AK-103 ခြေမှုန်းရေးရိုင်ဖယ်များ ဝယ်ယူရန်အတွက်သဘောတူလက်မှတ်ကိုရေးထိုးခဲ့သည်။ AK-103 ရိုင်ဖယ်သည် ရုရှားထုတ်ခြေမှုန်းရေးရိုင်ဖယ်အမျိုးအစားဖြစ်ပြီးယနေ့ရုရှားတပ်မတော်တွင်အသုံးပြုနေသည့် AK-74M ခြေမှုန်းရေးရိုင်ဖယ်ကို ပြန်လည် ပြုပြင်မွန်းမံ၍အသစ်ထုတ်လုပ်ထားသည့်ဒီဇိုင်းဖြစ်ပြီးဖွဲ့စည်းပုံနှင့်နည်းပညာပိုင်းတွင်အများစုမှာတူညီကြသည်။ AK-103 ရိုင်ဖယ်တွင် ၇.၆၂ x ၃၉ မမ ကျည်ကိုအသုံးပြုထားပြီး Gas operated မောင်းပြန်စနစ်ကို အသုံးပြုထားသည်။ ရိုင်ဖယ်၏ အလျားသည် ၉၄၃ မီလီမီတာနှင့် အလေးချိန် ၃.၄ ကီလိုဂရမ်ရှိသည်။ မီတာ ၅၀၀ အတွင်းထိရောက်မှုရှိပြီး အမြန်ဆုံးပစ်ခတ်နှုန်းမှာ တစ်မိနစ်လျင် ကျည် ၆၀၀ တောင့်အထိရှိကာ ကျည် ၃၀ တောင့်ပါ ကျည်အိမ်ကို polymer ဖြင့်ပြုလုပ်ထားသည်။ AK-103 ရိုင်ဖယ်တွင် ရုရှားထုတ် AK-47 ရိုင်ဖယ်နှင် အခြား AKM ရိုင်ဖယ်များတွင် တပ်ဆင်အသုံးပြုကြသည့် ကျည်အိမ်များကိုလဲအလွယ်တကူတပ်ဆင်ကာအသုံးပြုနိုင်သည်။ AK-103 ရိုင်ဖယ်ကို ရုရှားအထူးတပ်ဖွဲ့ များတွင် အသုံးပြုကြပြီး လစ်ဗျား၊ ပါကစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံများသို့ တင်ပို့ ရောင်းချထားပြီးဖြစ်ကာအီသီယိုးပီးယား၊ဗင်နီဇွဲလားနှင့်ဗီယက်နမ်နိုင်ငံများတွင်လည်း လိုင်စင်ယူကာထုတ်လုပ်အသုံးပြုလျက်ရှိသည်။


No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...