06 July 2015

New Zealand received high-mobility tactical trucks

New Zealand’ has accepted the final vehicles of the MHOV (Medium and Heavy Operational Vehicles) high-mobility tactical truck fleet from Rheinmetall MAN Military Vehicles Australia (RMMVA).RMMVA was awarded the contract to supply New Zealand with 194 vehicles and specialist trailers in April 2013.

The fleet comprises 6-tonne (4×4), 9-tonne (6×6) and 15-tonne (8×8) trucks in ten variants. All vehicles can be fitted with applique armour, weapon mounts and a communications fit whilst specialist vehicles are fitted with a range of mechanical handling equipment or bodies such as cranes palletised load handling equipment, load sensors and winches whilst specialist variants include dump trucks and tractor units.

Ref: Defesa Global

Turkey’s new Defence Minister

Turkish Prime Minister Ahmet Davutoğlu announced on 3 July that former Minister for Defence Mr.Vecdi Gönül is to be Turkey’s new Defence Minister, after İsmet Yılmaz left the role for the post of parliament speaker on 1 July.Mr.Vecdi Gönül previously acted as Defence Minister between 2002 and 2011.

04 July 2015

M230 Chain Gun

ဒါကတော့ အမေရိကန်ထုတ် နာမည်ကျော် အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်မှာတပ်ဆင်ထားတဲ့ 30mm automatic cannon သုံး M230 Chain Gun ကို ကျနော့ဖုန်းကင်မရာနဲ့ ရိုက်ထားတာပါ။ ဒီစက်သေနတ်ဟာ တစ်မိနစ်ကိုကျည်တာင့် ရေ ၃၀၀ ကနေ ၆၀၀ လောက် အထိ ပစ်ခတ်နှုန်းရှိပြီး မီတာ ၁၅၀၀ ကျော်က ပစ်မှတ်တွေကို တိကျစွာ ပစ်ခတ်ခြေမှုန်းနိုင်စွမ်းရှိပါတယ်။ Gun ရဲ့ elevation နှုန်းကတော့ အပေါ်ကို ၁၁ ဒီဂရီအထိမက်ပြီးပစ်လို့ ရသလို အောက်ကိုလဲ ၆၀ ဒီဂရီအထိနိမ့်ပြီး ပစ်လို့ ရတယ်။ အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်ပေါ်က Gunner ဆောင်းထားတဲ့ Helmet နဲ့ ဒီ gun နဲ့ ဟာ link တစ်ခုပြုလုပ်ထားတာကြောင့် Gunner ဦးခေါင်းလှည့်တဲ့ဘက်ကို စက်သေနတ်က အလိုအလျောက်ချိန်တွယ်ပေးလို့ ပစ်ခတ်ရာမှာ လျှင်မြန်လွယ်ကူပါတယ်။

Photo by me

စတုတ္ထမြောက်ရေငုတ်သင်္ဘောလက်ခံရရှိသည့်ဗီယက်နမ်ရေတပ်မတော်


ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Varshavyanka  အတန်းအစား ရေငုတ်သင်္ဘော ၆ စင်းထဲမှ လေးစင်းမြောက် ရေငုတ်သင်္ဘောတစ်စင်း ဗီယက်နမ်နိုင်ငံသို့ ဇွန်လ ၃၀ ရက်နေ့ ကရောက်ရှိ ခဲ့ကြောင်း ဗီယက်နမ်အခြေစိုက် ThanhNien သတင်းဌာနတွင်ဖော်ပြထားသည်။ ၎င်းရေငုတ်သင်္ဘောကို  Rolldock သယ်ယူပို့ ဆောင်ရေး သင်္ဘောဖြင့်သယ်ဆောင်၍ မေလ ၁၄ ရက်နေ့ က ရုရှားနိုင်ငံမှစတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်ရေတပ်က "Da Nang" (HQ-185) ဟုအမည်ပေးထားကြောင်းသိရသည်။၎င်းရေငုတ်သင်္ဘောကို၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်နေ့ က ရုရှားနိုင်ငံရှိ Admiralty Shipyards တွင်ရေချခဲ့ပြီး Baltic Sea တွင် စမ်းသပ်ခုတ်မောင်းခြင်းများ ပြုလုပ်ခဲ့သည်။

03 July 2015

Fires a Griffin missile

ဇွန်လ ၂၈ ရက်နေ့ က အာရေဗျပင်လယ်ကွေ့ တွင် တာဝန်ထမ်း ဆောင်နေတဲ့ အမေရိကန်ရေတပ်သုံး USS Firebolt (PC 10) ကင်းလှည့်ရေယာဉ် ပေါ်မှ Griffin missile အားစမ်းသပ်ပစ်ခတ်နေပုံ။

(U.S. Navy photo by Mass Communication Specialist 1st Class Joshua Bryce Bruns/Released)

Download High Resolution image @ http://www.navy.mil/management/photodb/photos/150628-N-TB410-154.JPG

အမေရိကန်တို‬့ ၏နည်းပညာနှင့်စစ်မက်အယူအဆများ

ဒီနေ့ စာအုပ်ထွက်ပါပြီ။

ဒီစာအုပ်ထဲမှာ ၁၉၄၅ ခုနှစ်ကနေ ယနေ့ အထိ အမေရိကန်တို့ အသုံးပြုခဲ့တဲ့နည်းပညာများ စစ်မက်အယူအဆများ တီထွန်ဆန်းသစ်မှုများနဲ့ နည်းပညာ တိုးတက်ပြောင်းလဲပုံများ ကို ပြည့်ပြည့်စုံစုံနဲ့ သုံးသပ် ဖော်ပြထားတဲ့အပြင် အခန်း (၆) ခန်းခွဲ၍ အချက်အလတ်ပေါင်း ၇၆ ချက်ကို သီးသန့် ခွဲ၍ ဖော်ပြထားတာကို တွေ့ ရပါတယ်။

‪‎အမေရိကန်တို‬့ ၏နည်းပညာနှင့်စစ်မက်အယူအဆများ စာအုပ်တွင်ဖော်ပြထားသည့် အခန်း(၆)ခန်းအကျဉ်းချုံး

အခန်း(၁) တွင် ဒုတိယကမ္ဘာစစ်အပြီး ဆယ်စုနှစ်တစ်ခုခွဲကျော် ကာလအတွင်းနျူကလီးယားနည်းပညာတော်လှန်ဆန်းသစ်လာမှုများအကြောင်းကိုဖော်ပြထားသည်။

အခန်း(၂) တွင် ၁၉၆၁ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်ကြား ကာလအတွင်း အမေရိကန်တပ်မတော်အား ပြောင်းလွယ်ပြင်လွယ်ရှိသော တုံ့ ပြန်တိုက်ခိုက်ရေး မဟာဗျူဟာဖြင့် ဖွဲ့ စည်းပုံဆိုင်ရာများ ပြောင်းလဲပုံဖော်ခဲ့မှုနှင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် အရပ်ဘက်မှ လွမ်းမိုးထိန်းချုပ်မှုမြင့်မားလာခြင်းကိုဖော်ပြထားသည်။

အခန်း(၃) တွင် ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်တို့ ၏ အဆင့်မြင့်နည်းပညာများအသုံးပြုခဲ့မှုများကိုသုံးသပ်ဖော်ပြထားသည်။

အခန်း(၄) တွင် ၁၉၇၅ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိနည်းပညာ၏အခန်းဂဏ္ဍမျာကို ဆွေးနွေးတင်ပြထားသည့်အပြင်နည်းပညာကအဓိကလွမ်းမိုးလာသည့်အပေါ် စစ်မှုရေးရာပြုပြင်ပြောင်းလဲရေးဝါဒီများက အပြန်အလှန်ငြင်းခုန်မှုများကိုဖော်ပြထားသည်။

အခန်း(၅) တွင် စစ်အေးတိုက်ပွဲနောက်ပိုင်းမှ ၂၀၀၁ ခုနှစ်အထိစစ်မြေပြင်တွင်လက်နက်အသစ်အဆန်းများအသုံးပြုမှုများကိုဆွေးနွေးတင်ပြထားသည့်အပြင် ပင်လယ်ကွေ့ စစ်ပွဲအတွင်း အပြင်ကိုယ်ပျောက်နည်းပညာနှင့်ပဲ့ထိန်းဒုံးလက်နက်များထိရောက်မူကိုဖော်ပြထားပြီး အမေရိကန်တို့ ၏ စစ်ဆင်ရေး နည်းလမ်းသစ်တစ်ခုပေါ်ထွက်လာခြင်းကိုဖော်ပြထားသည်။

အခန်း(၆) တွင် ယခင်စစ်ပွဲများနှင့်မတူပဲ ကွဲပြားပြီး ဆိုးသွမ်းတဲ့ရန်သူ့ နိုင်ငံများအပေါ် တိုက်ခိုက်ရန်အတွက် ကြီးမားသော အင်အားကို အသုံးပြုရသောအမေရိကန်တို့ ၏ သမာရိုးကျအစဉ်အလာစစ်ဆင်ရေး နည်းလမ်းတစ်ခုပြန်လည်ပေါ်ထွက်လာမှုကို ရှင်းပြထားပြီး အာဖကန်နှင့်အီရတ်စစ်ပွဲ များတွင် နည်းပညာ၏ အခန်းဂဏ္ဍကို သုံးသပ်ဖော်ပြထားသည်။

မည်သူတွေ ဖတ်သင့်သလဲ ?

စစ်မက်ရေးရေးရာကိုဝါသနာပါသူများ၊ လေ့လာလိုက်စားသူများ၊ စာတန်းပြုစုသူများ၊အကယ်ဒမီစစ်ကျောင်းများတွင်တက်ရောက်နေသူများ၊ လက်ရှိတပ်မတော်တွင်တာဝန်ဆောင်နေသူများ၊ စစ်လက်နက်ရေးရာကို Professional အဆင့်အထိ မျှော်မှန်းထားတဲ့သူများနဲ့ စာဖတ်ဝါသနာရှင်များ မဖြစ်မနေ ဝယ်ယူဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

ရန်ကုန်မြို့တွင် ဝယ်ယူရရှိနိုင်သည့်ဆိုင်များ။

(၁) စာပေလောက (၂) ပန်းဆိုးတန်းလမ်း
(၂) စာပေလောက (၅) ပန်းဆိုးတန်းလမ်း
(၃) ခေတ်သစ် (၃၈)လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းထောင့်
(၄) ရာပြည့် အထက်ပန်းဆိုးတန်း
(၅) ပါရမီ စာပေ - (၂၉)လမ်း
(၆) အာရုံသစ် စာပေ - (၃၁)လမ်း
(၇) ကျော်သိန်း စာပေ - (၃၂)လမ်း
(၈) အင်းဝ စာပေ - ပန်းဆိုးတန်းလမ်း
(၉) သီတာ နီလာစာပေ - လမ်း (၃၀)
(၁၀) TAB Book Center - တော်ဝင် စင်တာ
(၁၁) လှည်းတန်းရှိ စာအုပ်ဆိုင်များ အားလုံး
(၁၂) ပြည့်စုံစာပေ၊ အမှတ်(၂၆၃)၊ National YMCA အဆောက်အဦ။သိမ်ဖြူလမ်း။
ဗိုလ်တထောင်မြို့နယ်။ရန်ကုန်မြို့၊ (၄င်းဆိုင်တွင်လိုသလောက်ရရှိနိုင်ပါသည်)

ဆက်သွယ်ရန်လိပ်စာ
ပြည့်စုံစာပေ၊ အမှတ်(၂၆၃)၊ National YMCA အဆောက်အဦ။သိမ်ဖြူလမ်း။
ဗိုလ်တထောင်မြို့နယ်။ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၉၆၄၄၂၊၀၁-၇၀၆၀၈၂၊
myoaunginnwa@gmail.com
စာမျက်နှာ- ၂၂၅
တန်ဖိုး-၃၀၀၀

Littoral Mission Vessel (LMV)

စင်ကာပူရေတပ်အတွက်တည်ထားသည့် ပထမဆုံး Littoral Mission Vessel (LMV) စစ်ရေယာဉ်ကို စင်ကာပူနိုင်ငံရှိ ST Marine သင်္ဘောကျင်းမှာ ယနေ့  ရေချသည့် အခမ်းအနားကျင်းပနေပုံ။

Photo: Republic of Singapore Navy

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...