04 July 2015

စတုတ္ထမြောက်ရေငုတ်သင်္ဘောလက်ခံရရှိသည့်ဗီယက်နမ်ရေတပ်မတော်


ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Varshavyanka  အတန်းအစား ရေငုတ်သင်္ဘော ၆ စင်းထဲမှ လေးစင်းမြောက် ရေငုတ်သင်္ဘောတစ်စင်း ဗီယက်နမ်နိုင်ငံသို့ ဇွန်လ ၃၀ ရက်နေ့ ကရောက်ရှိ ခဲ့ကြောင်း ဗီယက်နမ်အခြေစိုက် ThanhNien သတင်းဌာနတွင်ဖော်ပြထားသည်။ ၎င်းရေငုတ်သင်္ဘောကို  Rolldock သယ်ယူပို့ ဆောင်ရေး သင်္ဘောဖြင့်သယ်ဆောင်၍ မေလ ၁၄ ရက်နေ့ က ရုရှားနိုင်ငံမှစတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်ရေတပ်က "Da Nang" (HQ-185) ဟုအမည်ပေးထားကြောင်းသိရသည်။၎င်းရေငုတ်သင်္ဘောကို၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်နေ့ က ရုရှားနိုင်ငံရှိ Admiralty Shipyards တွင်ရေချခဲ့ပြီး Baltic Sea တွင် စမ်းသပ်ခုတ်မောင်းခြင်းများ ပြုလုပ်ခဲ့သည်။

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...