Source Photos: China Defense Blog
ဓာတ်ပုံ-တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေအတွက်တည်ဆောက်နေသည့် ပထမဆုံးပြည်တွင်းထုတ် 001A LIAONING II Class CV (CV17) လေယာဉ်တင်သင်္ဘောကြီးအား စက်တင်ဘာလ ၃ ရက်နေ့ကတွေ့ရပုံ။(အပေါ်ပုံ)
Simple to understand information and constantly updated related to weapons and military equipment.
ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနသည်ဘက်စုံသုံး H225M Caracal ရဟတ်ယာဉ် အစင်း ၃၀ ဝယ်ယူရန်အတွက် Airbus Helicopters ကုမ္ပဏီနှင့်သဘောတူစာချုပ်ကို မကြာသေးခင်က ချုပ်ဆိုလိုက်သည်။ ၄င်းရဟတ်ယာဉ်များကိုကူဝိတ်လေတပ်နှင့် ကူဝိတ်အမျိုးသားလုံခြုံရေးတပ်တို့ တွင် အသုံးပြုသွားမည်ဖြစ်သည်။ H225M Caracal ရဟတ်ယာဉ်များကိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ရေတပ်စစ်ဆင်ရေးများနှင့်စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအပြင်အခြားစစ်ဆင်ရေးအမျိုးမျိုးများတွင်လည်းအသုံးပြုနိုင်သည့်ရဟတ်ယာဉ်ဖြစ်သည်။ H225M Caracal ရဟတ်ယာဉ်များကို ပြင်သစ်၊ မက္ကဆီကို၊ ဘရာဇီး၊ မလေးရှားနှင့်ထိုင်းနိုင်ငံတို့ တွင်လည်းအသုံးပြုလျက်ရှိသည်။
Source Photo: http://www.airbushelicopters.com/website/docs_wsw/RUB_271/tile_2870/20151001_Infographic_H225M_poster_EN_low.jpg
ထိုင်းဘုရင့်တပ်မတော်သည် တရုတ် Norinco ကုမ္ပဏီထုတ် RA3 Artillery Locating and Fire Correction Radar များ လက်ခံရရှိခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်းကြီးဌာနကအတည်ပြုပြောကြားလိုက်သည်။ RA3 Radar သည် ရန်သူမှပစ်ခတ်လိုက်သည့် အမြောက်၊ ဒုံးလောင်ချာနှင့်မြေပြင်မှမြေပြင်ပစ် ဒုံးပစ်စင်များ၏တည်နေရာကိုချက်ချင်းထောက်လှမ်းသိရှိနိုင်သည့်ရေဒါအမျိုးအစားဖြစ်ပြီးမိမိအမြောက်တပ်ဖွဲ့ အားတန်ပြန်တိုက်ခိုက်နိုင်ရန် အထောက်အကူပေးစွမ်းနိုင်သည့်ရေဒါအမျိုးအစားလဲဖြစ်သည်။ ထို့ အပြင် အနိမ့်ပျံလေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့ယာဉ်များကိုပင်ထောက်လှမ်းနိုင်သည်။ ၄င်းရေဒါစနစ်တွင် optical infrared system နှင့် sound measuring system များ ပါထည့်သွင်းတည်ဆောက်ထားသောကြောင့် ရန်သူ၏ပုန်းခိုတိုက်ခိုက်ခြင်းကိုကာကွယ်ပေးနိုင်သည်။
Photo : (c) Thailand Artillery Regiment Marine Corps & RA3 Artillery Locating and Fire Correction Radar
အီရန်တပ်မတော်သည် Kalashnikov Group ကုမ္ပဏီနှင့် AK-103 ခြေမှုန်းရေးရိုင်ဖယ်များ ဝယ်ယူရန်အတွက်သဘောတူလက်မှတ်ကိုရေးထိုးခဲ့သည်။ AK-103 ရိုင်ဖယ်သည် ရုရှားထုတ်ခြေမှုန်းရေးရိုင်ဖယ်အမျိုးအစားဖြစ်ပြီးယနေ့ရုရှားတပ်မတော်တွင်အသုံးပြုနေသည့် AK-74M ခြေမှုန်းရေးရိုင်ဖယ်ကို ပြန်လည် ပြုပြင်မွန်းမံ၍အသစ်ထုတ်လုပ်ထားသည့်ဒီဇိုင်းဖြစ်ပြီးဖွဲ့စည်းပုံနှင့်နည်းပညာပိုင်းတွင်အများစုမှာတူညီကြသည်။ AK-103 ရိုင်ဖယ်တွင် ၇.၆၂ x ၃၉ မမ ကျည်ကိုအသုံးပြုထားပြီး Gas operated မောင်းပြန်စနစ်ကို အသုံးပြုထားသည်။ ရိုင်ဖယ်၏ အလျားသည် ၉၄၃ မီလီမီတာနှင့် အလေးချိန် ၃.၄ ကီလိုဂရမ်ရှိသည်။ မီတာ ၅၀၀ အတွင်းထိရောက်မှုရှိပြီး အမြန်ဆုံးပစ်ခတ်နှုန်းမှာ တစ်မိနစ်လျင် ကျည် ၆၀၀ တောင့်အထိရှိကာ ကျည် ၃၀ တောင့်ပါ ကျည်အိမ်ကို polymer ဖြင့်ပြုလုပ်ထားသည်။ AK-103 ရိုင်ဖယ်တွင် ရုရှားထုတ် AK-47 ရိုင်ဖယ်နှင် အခြား AKM ရိုင်ဖယ်များတွင် တပ်ဆင်အသုံးပြုကြသည့် ကျည်အိမ်များကိုလဲအလွယ်တကူတပ်ဆင်ကာအသုံးပြုနိုင်သည်။ AK-103 ရိုင်ဖယ်ကို ရုရှားအထူးတပ်ဖွဲ့ များတွင် အသုံးပြုကြပြီး လစ်ဗျား၊ ပါကစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံများသို့ တင်ပို့ ရောင်းချထားပြီးဖြစ်ကာအီသီယိုးပီးယား၊ဗင်နီဇွဲလားနှင့်ဗီယက်နမ်နိုင်ငံများတွင်လည်း လိုင်စင်ယူကာထုတ်လုပ်အသုံးပြုလျက်ရှိသည်။
A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...