02 November 2013

ယူရိုကော်တာတိုက်ဂါး ရဟတ်ယာဉ်နှင့် တာဝေးပစ် PARS 3 ဒုံးစနစ်

ယူရိုကော်တာတိုက်ဂါး ရဟတ်ယာဉ်နှင့် တာဝေးပစ် PARS 3 ဒုံးစနစ်


ဂျမနီထုတ် တတိယမျိုးဆက် တာဝေးပစ် PARS 3 ဒုံးမှာ အကွာအဝေး ၇ ကီလိုမီတာ ကျော်အထိ ပစ်ခတ်နိုင်ပါတယ်။ PARS 3 ဒုံမှာ ဝေဟင်မှာမြေပြင်ပစ်လည်ကောင်း မြေပြင်မှဝေဟင်လည်ကောင်း ဝေဟင်မှဝေဟင်လည်ကောင်းမြေပြင်မှမြေပြင်လည်ကောင်း ပစ်ခတ်နိုင်ပြီး တင့်ဖျက်ဒုံးအနေနဲ့လဲရဟတ်ယာဉ်ပေါ်တပ်ဆင်၍အသုံးပြုနိုင်ပါသည်။


(ယူရိုကော်တာတိုက်ဂါး ရဟတ်ယာဉ်ပေါ်မှ တာဝေးပစ် PARS 3 ဒုံးပစ်လွတ်နေစဉ်)


စည်သူ
02, Nov 13

အမေရိကန်နိုင်ငံမှ ရုရှားထုတ် Mi-17V-5 ရဟတ်ယာဉ်အစီး ၃၀ ဝယ်ယူမည်



အမေရိကန်နိုင်ငံမှ ရုရှားထုတ် Mi-17V-5 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်အစီး ၃၀ ကို အာဖကန်စစ်တပ်အတွက်ဝယ်ယူမည်ဟု သောကြာနေ့ကပြောကြားလိုက်ပါတယ်။

စည်သူ
02, Nov 13

30 October 2013

မလေးရှားရေတပ်မှ Littoral Combat Ships (LCS) ၆ စီးတည်ဆောက်မည်။

မလေးရှားရေတပ်မှ Littoral Combat Ships (LCS)  ၆ စီးတည်ဆောက်မည်။
  

မလေးရှားရေတပ်မှ Boustead Naval Shipyard နှင့် ရင်းဂစ် ၉ ဘီလီယံတန် LCS ၆ စီးကို ၁၀ နှစ်အတွင်း အပြီးတည်ဆောက်သွားရန် ၂၀၁၁  ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၃ ခုနှစ်စက်တင်ဘာလ ၂၇ ရက်နေ့တွင်မလေးရှားကာကွယ်ရေးဝန်ကြီးဌာနမှ တည်ဆောက်မည့်စစ်သင်္ဘောဒီဇိုင်း၊လက်နက်နှင့်တပ်ဆင်သွားမဲ့ကိရိယာများကို Boustead Naval သင်္ဘောကျင်းသို့အချက်အလက်များပေးပို့ခဲ့ပါသည်။

ယခုတည်ဆောက်မည့် Littoral Combat Ships (LCS) ၏အလျားမှာ ၁၁၁ မီတာရှိပြီး တန်ချိန် ၃၀၀၀ ခန့်ရှိပါသည်။

LCS ၏ဒီဇိုင်းမှာပြင်သစ်နိုင်ငံထုတ် Gowind Combat Ship ဒီဇိုင်းကို အခြေခံထားပြီးတပ်ဆင်အသုံးပြုသွားမဲ့လက်နက်နှင့်အခြားခေတ်မှီကိရိယာတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

- BAE Systems Bofors 57mm stealth main gun
- SETIS combat management system
- Rheinmetall Fire Control Systems (TMX/EO Mk2 and TMEO Mk2) 
- MTU engines. 
- Thales Smart-S Mk2 radar
- Thales Captas 2 towed array sonar
- MSI-Defence 30mm guns
- MBDA Mica VL for air defense in VLS cells
- MBDA MM40 Exocet BlkIII anti-ship missiles
 

စည်သူ
30,Oct 13

27 October 2013

Baynunah-class Corvette

Baynunah-class ပဲ့ထိန်းဒုံးတပ်ကော်ဗက်စစ်ရေယာဉ်


UAE ရေတပ်သုံး Baynunah-class ပဲ့ထိန်းဒုံးတပ်ကော်ဗက်စစ်ရေယာဉ်မှာ အလျား ၇၁၃ မီတာ၊တန်ချိန် ၉၁၅ တန်နှင့် တစ်နာရီလျှင် ရေမိုင် ၃၀ ကျော်ခုတ်မောင်းနိုင်ပါသည်။ ပင်လယ်ပြင်တွင် ၂,၄၀၀ (natural miles) ကျော်ခုန်မောင်းနိုင်ပြီး ပင်လယ်ပြင်တွင် ၂ ပါတ်ကြာတာဝန်ထမ်းဆောင်နိုင်ပါသည်။

Baynunah-class ပဲ့ထိန်းဒုံးတပ်ကော်ဗက်စစ်ရေယာဉ်၏ Main Gun မှာ တစ်မိနစ်လျှင်အမြောက်ကျည် ၁၂၀ တောင့်ပစ်ခတ်နိုင်တဲ့ ၇၆ မမ (၆၂ ကာလီဗာ) OTO Melara အမြောက်တပ်ဆင်ထားပြီး အရန်စက်အမြောက်အဖြစ် ရေတပ်သုံး ၂၇ မမ Rheinmetall MLG 27 စက်အမြောက် ၂ လက်ပါရှိပါသည်။


ကော်ဗက်စစ်ရေယာဉ်တွင်တပ်ဆင်ထားတဲ့ဒုံးများမှာ ကီလိုမီတာ ၁၈၀ အထိပစ်ခတ်နိုင်တဲ့ MBDA Exocet MM40 block 3 သင်္ဘောဖျက်ဒုံး ၈ စင်း၊လေကြောင်းရန်ကာကွယ်ရေးအတွက် MK56 ဒေါင်လိုက်ပစ်ဒုံး ၈ စင်းပါ RIM-162 ESSM စနစ် ၄ ခု(၃၂ စင်း) ၊ လေကြောင်းရန် ကာကွယ်ရေးအတွက် MK49 mod3 ဒုံး ၂၁ စင်းပါ RAM block 1A စနစ် ၁ ခုပါရှိပါသည်။

ကော်ဗက်စစ်ရေယာဉ်တွင် Sea Giraffe AMB (agile multiple beam) 3D surveillance ရေဒါနှင့် Terma I-band navigation ရေဒါများတပ်ဆင်ထားပါသည်။
ထို့အပြင် Fire control ရေဒါအတွက် Selex Orion RTN 25 X-band ရေဒါကိုအသုံးပြုထားပါသည်။ 

Baynunah-class ပဲ့ထိန်းဒုံးတပ်ကော်ဗက်စစ်ရေယာဉ်မှာ မိုင်ချခြင်းနှင့်မိုင်းရှင်းလင်းရေးလုပ်ငန်းများလဲလုပ်ဆောင်နိုင်ပြီး အလတ်စားရဟတ်ယာဉ်ဆင်းတက်နိုင်သည့်ကွင်းပါရှိပါသည်။


စည်သူ
27,Oct 13

26 October 2013

ရုရှားရေတပ်၏Mistral-class ရဟတ်ယာဉ်တင်တိုက်ခိုက်ရေးသင်္ဘော


ရုရှားရေတပ်အတွက် ပြင်သစ်နိုင်မှ တည်ဆောက်ထားတဲ့ Mistral-class ရဟတ်ယာဉ်တင်တိုက်ခိုက်ရေးသင်္ဘော


 ရုရှားရေတပ်အတွက်ပြင်သစ်နိုင်ငံ DCNS သင်္ဘောကျင်းမှတည်ဆောက်ထားတဲ့ Mistral-class ရဟတ်ယာဉ်တင် တိုက်ခိုက်ရေးသင်္ဘောကို ယခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့ကရေချခဲ့ပါတယ်။

ပြင်သစ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့ သဘောတူညီချက်အရ Mistral-class ရဟတ်ယာဉ်တင် တိုက်ခိုက်ရေးသင်္ဘော ၂ စင်းကိုး အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံဖြင့် ၂၀၁၁ ခုနှစ်က စာချုပ် ချုပ်ဆိုခဲ့ပါတယ်။


ယခုရေချလိုက်တဲ့ Vladivostok အမည်ရှိ ရဟတ်ယာဉ်တင် တိုက်ခိုက်ရေးသင်္ဘော ကို ၂၀၁၄ ခုနှစ် မတ်လတွင် စမ်းသပ်ခုတ်မောင်းမည်ဖြစ်ပြီး၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင်ရုရှားရေတပ်သို့လွဲပြောင်းပေးမည်ဖြစ်သည်။ ရုရှားရေတပ်မှ ၄င်းရဟတ်ယာဉ်တင်သင်္ဘောကို ရုရှားထုတ်လက်နက်များနှင့်အခြားခေတ်မှီကိရိယာများတပ်ဆင်သွား မည်ဖြစ်သည်။

Mistral-class ဒုတိယ ရဟတ်ယာဉ်တင်သင်္ဘောကို ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ရေချနိုင်မည်ဖြစ်သည်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှပြောကြားချက်အရယခုရေလိုက်တဲ့ရဟတ်ယာဉ်တင်သင်္ဘော စမ်းသပ်ခြင်းနှင့် အတွေ့ အကြုံရယူခြင်းအပေါ်မူတည်၍ တတိယအစီးနှင့်စတုတ္ထအစီးတည်ဆောက်ခြင်းကို ဆုံးဖြတ်သွားမည်ဖြစ်သည်။


Mistral-class ရဟတ်ယာဉ်တင်သင်္ဘော မှာ ရဟတ်ယာဉ် ၁၆ စီး၊ကမ်းတက်ယာဉ် ၄ စီး၊ သံချပ်ကာယာဉ် အစီး ၇၀ နှင့် စစ်သည် ၄၅၀ ကိုတင်ဆောင်နိုင်ပါသည်။

 ရုရှားရေတပ်အနေဖြင့် Mistral-class ရဟတ်ယာဉ်တင်သင်္ဘောတွင် Kamov Ka-52K အမျိုးအစားတိုက်ခိုက်ရေး ရဟတ်ယာဉ် ၈ စီးနှင့် Ka-29/31 Helix အမျိုးအစား သယ်ယူပို့ဆောင်ရေးနှင့်တိုက်ခိုက်ရေးရဟတ်ယာဉ် ၈ စီး အသုံးပြုသွားမည်ဟု မျှော်လင့်ထားပါသည်။

စည်သူ
26,Oct 13

24 October 2013

Cutlass မောင်းသူမဲ့လေယာဉ်ငယ်

Cutlass မောင်းသူမဲ့လေယာဉ်ငယ်  (SUAS)


L-3 Unmanned Systems ကုမ္ပဏီထုတ်
Cutlass မောင်းသူမဲ့လေယာဉ်ငယ် ကို အမေရိကန်နိုင်ငံဝါရှင်တန်မှာကျင်းပတဲ့  Association of the United States Army(AUSA) 2013 ပွဲမှာပြသထားပါသည်။

Cutlass မောင်းသူမဲ့လေယာဉ်ငယ် ကိုလေယာဉ်ပေါ်မှလည်ကောင်း ၁၂၀ မီလီမီတာ (သို့) ၁၅၀ မီလီမီတာ အချင်းရှိတဲ့ ပြွန်ထဲမှလည်ကောင်း ပစ်လွတ်နိုင်ပါတယ်။
မြေပြင်မှ ၁၂၀ မီလီမီတာပြွန်ဖြင့်ပစ်လွတ်ရပြီး လေယာဉ်ပေါ်မှ ၁၂၀ မီလီမီတာ (သို့) ၁၅၀ မီလီမီတာ ပြွန်ဖြင့် ပစ်လွတ်နိုင်ပါသည်။

 Cutlass မောင်းသူမဲ့လေယာဉ်ငယ် မှာအလေးချိန် ၁၂ ပေါင်ရှိပြီး ၃ ပေါင်ရှိတဲ့ အလေးချိန်ကို သယ်ဆောင်နိုင်ပါသည်။လေထဲတွင်ပျံသန်းနိုင်တဲ့အချိန်မှာ ၁၅ မိနစ်မှ ၃၀ မိနစ်သာရှိပါသည်။


 Cutlass မောင်းသူမဲ့လေယာဉ်ငယ် ရဲ့ဒီဇိုင်းမှာ ကင်းထောက်ခြင်း၊စောင့်ကြည့်ခြင်းနှင့် သတင်းအချက်အလက်ရယူခြင်းလုပ်များလုပ်ဆောင်နိုင်စွမ်း ရှိပါသည်။
 မောင်းသူမဲ့လေယာဉ်ငယ်ကို လျှပ်စစ်မော်တာဖြင့်မောင်းနှင်ပြီး မြေပြင်/လေယာဉ်ပေါ်မှထိန်းချုပ်စေခိုင်းပျံသန်းစေပါတယ်။ မောင်းသူမဲ့လေယာဉ်ငယ်တွင် ကင်မရာ၊ဗွီဒီယိုကင်မရာနှင့် အခြားဆက်သွယ်ရေးကိရိယာများတပ်ဆင်ထားပြီး မြေပြင်/လေယာဉ်ပေါ်ရှိထိန်းချုပ်ရေးစခန်းသို့အချက်အလက်များတိုက်ရိုက်ပေးပို့နိုင်ပါသည်။
မောင်းသူမဲ့လေယာဉ်ငယ်တွင် တပ်ဆင်ထားတဲ့ low-light ကင်မရာမှာ နေ့ /ည အချိန်မရွေးတိုက်ရိုက် ရိုက်ကူးပေးပို့နိုင်ပြီး ပစ်မှတ်ရှာဖွေယူခြင်းနှင့် မြေပုံရိုက်ကူးခြင်းများလုပ်ဆောင်နိုင်ပါသည်။

စည်သူ
24,Oct 13

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...