မလေးရှားရေတပ်မှ Littoral Combat Ships (LCS) ၆ စီးတည်ဆောက်မည်။
မလေးရှားရေတပ်မှ Boustead Naval Shipyard နှင့် ရင်းဂစ် ၉ ဘီလီယံတန် LCS ၆ စီးကို ၁၀ နှစ်အတွင်း အပြီးတည်ဆောက်သွားရန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၃ ခုနှစ်စက်တင်ဘာလ ၂၇ ရက်နေ့တွင်မလေးရှားကာကွယ်ရေးဝန်ကြီးဌာနမှ တည်ဆောက်မည့်စစ်သင်္ဘောဒီဇိုင်း၊လက်နက်နှင့်တပ်ဆင်သွားမဲ့ကိရိယာများကို Boustead Naval သင်္ဘောကျင်းသို့အချက်အလက်များပေးပို့ခဲ့ပါသည်။
ယခုတည်ဆောက်မည့် Littoral Combat Ships (LCS) ၏အလျားမှာ ၁၁၁ မီတာရှိပြီး တန်ချိန် ၃၀၀၀ ခန့်ရှိပါသည်။
LCS ၏ဒီဇိုင်းမှာပြင်သစ်နိုင်ငံထုတ် Gowind Combat Ship ဒီဇိုင်းကို အခြေခံထားပြီးတပ်ဆင်အသုံးပြုသွားမဲ့လက်နက်နှင့်အခြားခေတ်မှီကိရိယာတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
- BAE Systems Bofors 57mm stealth main gun
- SETIS combat management system
- Rheinmetall Fire Control Systems (TMX/EO Mk2 and TMEO Mk2)
- MTU engines.
- Thales Smart-S Mk2 radar
- Thales Captas 2 towed array sonar
- MSI-Defence 30mm guns
- MBDA Mica VL for air defense in VLS cells
- MBDA MM40 Exocet BlkIII anti-ship missiles
စည်သူ
30,Oct 13
No comments:
Post a Comment