Cutlass မောင်းသူမဲ့လေယာဉ်ငယ် (SUAS)
L-3 Unmanned Systems ကုမ္ပဏီထုတ်
Cutlass မောင်းသူမဲ့လေယာဉ်ငယ် ကို အမေရိကန်နိုင်ငံဝါရှင်တန်မှာကျင်းပတဲ့ Association of the United States Army(AUSA) 2013 ပွဲမှာပြသထားပါသည်။
Cutlass မောင်းသူမဲ့လေယာဉ်ငယ် ကိုလေယာဉ်ပေါ်မှလည်ကောင်း ၁၂၀ မီလီမီတာ (သို့) ၁၅၀ မီလီမီတာ အချင်းရှိတဲ့ ပြွန်ထဲမှလည်ကောင်း ပစ်လွတ်နိုင်ပါတယ်။
မြေပြင်မှ ၁၂၀ မီလီမီတာပြွန်ဖြင့်ပစ်လွတ်ရပြီး လေယာဉ်ပေါ်မှ ၁၂၀ မီလီမီတာ (သို့) ၁၅၀ မီလီမီတာ ပြွန်ဖြင့် ပစ်လွတ်နိုင်ပါသည်။
Cutlass မောင်းသူမဲ့လေယာဉ်ငယ် မှာအလေးချိန် ၁၂ ပေါင်ရှိပြီး ၃ ပေါင်ရှိတဲ့ အလေးချိန်ကို သယ်ဆောင်နိုင်ပါသည်။လေထဲတွင်ပျံသန်းနိုင်တဲ့အချိန်မှာ ၁၅ မိနစ်မှ ၃၀ မိနစ်သာရှိပါသည်။
Cutlass မောင်းသူမဲ့လေယာဉ်ငယ် ရဲ့ဒီဇိုင်းမှာ ကင်းထောက်ခြင်း၊စောင့်ကြည့်ခြင်းနှင့် သတင်းအချက်အလက်ရယူခြင်းလုပ်များလုပ်ဆောင်နိုင်စွမ်း ရှိပါသည်။
မောင်းသူမဲ့လေယာဉ်ငယ်ကို လျှပ်စစ်မော်တာဖြင့်မောင်းနှင်ပြီး မြေပြင်/လေယာဉ်ပေါ်မှထိန်းချုပ်စေခိုင်းပျံသန်းစေပါတယ်။ မောင်းသူမဲ့လေယာဉ်ငယ်တွင် ကင်မရာ၊ဗွီဒီယိုကင်မရာနှင့် အခြားဆက်သွယ်ရေးကိရိယာများတပ်ဆင်ထားပြီး မြေပြင်/လေယာဉ်ပေါ်ရှိထိန်းချုပ်ရေးစခန်းသို့အချက်အလက်များတိုက်ရိုက်ပေးပို့နိုင်ပါသည်။
မောင်းသူမဲ့လေယာဉ်ငယ်တွင် တပ်ဆင်ထားတဲ့ low-light ကင်မရာမှာ နေ့ /ည အချိန်မရွေးတိုက်ရိုက် ရိုက်ကူးပေးပို့နိုင်ပြီး ပစ်မှတ်ရှာဖွေယူခြင်းနှင့် မြေပုံရိုက်ကူးခြင်းများလုပ်ဆောင်နိုင်ပါသည်။
စည်သူ
24,Oct 13
No comments:
Post a Comment