17 July 2014

ဗြိတိန်တော်ဝင်ရေတပ်အတွက်တည်ဆောက်ထားသည့် HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးပထမဆုံးအကြိမ် undocking ပြုလုပ်နေပုံ


ဗြိတိန်တော်ဝင်ရေတပ်အတွက်တည်ဆောက်ထားသည့် HMS Queen Elizabeth လေယာဉ်တင်သင်္ဘောကြီးပထမဆုံးအကြိမ် undocking ပြုလုပ်နေပုံ။

Photos by Royal Navy & Navy News















16 July 2014

Rifle stripping drill

Rifle stripping drill 
















Photos: The People's Liberation Army

QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာ

QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာ



QLZ87 (သို့ ) Type 87 ၃၅ မမ မောင်းပြန်စနစ်သုံးဗုံးပစ်လောင်ချာ (AGL) ကိုတရုတ်နိုင်ငံရှိ NORINCO ကုမ္ပဏီမှ ထုတ်လုပ်ထားပြီး infantry support weapon အဖြစ်ထုတ်လုပ်ထားသည့် လက်နက်ဖြစ်သည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာ၏ မောင်းပြန်စနစ်မှာ gas-operated ဖြစ်ပြီးသေနတ်ပြောင်းအား Air cooling စနစ်အသုံးပြုထားသည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာမှာ fully automatic ပစ်ခတ်နိုင်သည့်လက်နက်ဖြစ်ပြီးအလေးချိန် ၁၂ ကီလိုဂရမ်မှ ၂၀ ကီလိုဂရမ်အထိရှိသည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာတွင် ၃၅x၃၂ မမ ဗုံးသီးကိုအသုံးပြုထားပြီး ဗုံးသီး ၆ တောင့်ဆံ့ကျည်အိမ်၊ ဗုံးသီး ၉ တောင့်ဆံ့ကျည်အိမ် (သို့) ဗုံးသီး ၁၂ တောင်ဆံ့ကျည်အိမ်ကိုတပ်ဆင်အသုံးပြုနိုင်ကာကျည်အိမ်၏ပုံသ္ဌာန်မှာအဝိုင်းပုံဖြစ်သည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာတွင်ထည့်သွင်းပစ်ခတ်ရသည့် ၃၅ မမ ဗုံးသီး၏အလေးချိန်မှာ၂၅၀ ဂရမ်ရှိသည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာ၏ အလျားမှာ ၉၇၀ မီလီမီတာရှိပြီးအလေးချိန် ၁၂ ကီလိုဂရမ် (bipod) / ၂၀ ကီလိုဂရမ် (tripod) ရှိသည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာမှာတစ်မိနစ်လျှင်ဗုံးသီး ၅၀၀ နှူန်းဖြင့်ပစ်ခတ်နိုင်ပြီး ပစ်ခတ်နိုင်သည့်အကွာအဝေးမှာ မီတာ ၁,၇၀၀ အထိရှိ၍ ထိရောက်မှူအကွာအဝေးမှာ မီတာ ၆၀၀ ကျော်ဖြစ်သည်။ ထို့အပြင်လောင်ချာ၏ပြောင်းထွက်အလျင်နှူန်းမှာ တစ်မိနှစ်လျှင်မီတာ ၁၉၀ ရှိသည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာကိုဒေါင့်သုံးချောင်းပါ tripod (သို့ ) ဒေါင့်နှစ်ချောင်းပါ bipod ဖြင့်တပ်ဆင်၍လဲအသုံးပြုနိုင်ပြီး စစ်သုံးယာဉ်နှင့်ရဟတ်ယာဉ်ပေါ်တွင်တပ်ဆင်အသုံးပြုနိုင်ကာအနိမ့်ပျံလေယာဉ်များကိုပင်မြေပြင်မှပစ်ခတ်နိုင်သည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာမှာ ၈၀ မီလီမီတာအထူရှိသည့်သံချပ်ကာယာဉ်အားဖောက်ထွင်းနိုင်(မသေချာ)ပြီးဗုံးသီးကျရောက်သည့်နေရာမှအချင်းဝက်(၁၀)မီတာအတွင်းရှိမည်သူကိုမဆိုထိခိုက်သေစေနိုင်သည်။














Photos: thefirearmblog


စည်သူ
15, July 2014

ပြင်သစ်ထုတ် Avibras Tupi 4x4 high-mobility protected ယာဉ်။


 ပြင်သစ်ထုတ် Avibras Tupi 4x4 high-mobility protected ယာဉ်။


































Photos by defesanet


15 July 2014

Type 730 Close in Weapon System (CIWS)




Type 730 Close in Weapon System (CIWS)

တရုတ်နိုင်ငံထုတ် Type 730 CIWS လက်နက်စနစ်တွင် ၃၀ မီလီမီတာ ကျည်အသုံးပြုထားပြီး ၁၁၀ လက်မအရှည်ရှိသည့် ပြောင်း ၇ ခုပါရှိကာ တစ်မိနစ်လျှင် ကျည်တောင့်ရေ ၄,၂၀၀ မှ ၅,၈၀၀ နှုန်းဖြင့် အကွာအဝေး ၃ ကီလိုမီတာကျော်အထိပစ်ခတ်နိုင်သည်။ Type 730 CIWS လက်နက်စနစ်မှာအလေးချိန် ၈ တန်ရှိပြီး
ယူနစ်တစ်ခု၏တန်ဖိုးမှာအမေရိကန်ဒေါ်လာ ၅.၄ သန်းရှိသည်။ Type 730 CIWS လက်နက်စနစ်၏ဒီဇိုင်းမှာအနီးကပ်လေကြောင်းရန်ကာကွယ်ရေးအတွက်လည်ကောင်းရန်သူ့သင်္ဘောဖျက်ဒုံးများအားပြန်လည်တိုက်ခိုက်ရန်အတွက်လည်ကောင်း၊ပြင်လယ်ရေမျက်နှာပြင်ရှိပစ်မှတ်များ၊ကမ်းခြေရှိပစ်မှတ်များ၊ရေပေါ်မိုင်းများ၊အနှိမ့်ပျံလေယာဉ်များနှင့်ရဟတ်ယာဉ်များအားပစ်ခတ်တိုက်ခိုက်နိုင်ဒီဇိုင်ဆွဲထုတ်လုပ်ထားသည့်လက်နက်စနစ်ဖြစ်သည်။ Type 730 CIWS လက်နက်စနစ်တွင် TR47C ရေဒါနှင့် electro-optical tracking စနစ်ပါရှိသည်။ Electro-optical tracking စနစ်တွင် TV tracking ကင်မရာ၊အနီအောက်ရောင်ခြည်သုံး tracking ကင်မရာနှင့်လေဆာရောင်ခြည်သုံးအကွာအဝေးတိုင်းကိရိယာပါရှိပြီး အကွာအဝေး (၆)ကီလိုမီတာမှပစ်မှတ်များကို ရှာဖွေဖမ်းယူနိုင်ကာ (၃)ကီလိုမီတာအတွင်းရှိပစ်မှတ်များကိုခွဲခြားသတ်မှတ်ပေးနိုင်သည်။ TR47C ရေဒါမှာ အကွာအဝေး(၈)ကီလိုမီတာမှ သေးငယ်သည့်ပစ်မှတ်များအားဖမ်းယူနိုင်ပြီး ကြီးမားသည့် ပစ်မှတ်များအား ကီလိုမီတာ ၂၀ အထိဖမ်းယူနိုင်ကာ airborne target ကို RCS ၀.၁ စတုရန်းမီတာ အထိဖမ်းယူနိုင်သည်။ Type 730 CIWS လက်နက်စနစ်ကို ဖျက်သင်္ဘောများ၊ဖရီးဂိတ်စစ်သင်္ဘောများနှင့်အခြားစစ်ရေယာဉ်များတွင်တပ်ဆင်အသုံးပြုနိုင်ပြီး စစ်သင်္ဘောတစ်စင်းတွင် Type 730 CIWS လက်နက်စနစ် ၂ ခုတပ်ဆင်ထားခြင်းဖြင့်၎င်းစစ်သင်္ဘောအား ၃၆၀(ဒီဂရီ)ကာကွယ်ဖုံးအုပ်ပေးနိုင်သည့်စနစ်ဖြစ်သည်။
တရုတ်နိုင်ငံထုတ် Type 730 CIWS လက်နက်စနစ်မှာ ရုရှားထုတ် AK-630 CIWS လက်နက်စနစ်ထက် တုန့်ပြန်ပစ်ခတ်မှူမြန်ဆန်ပြီးတရုတ်ရေတပ်ရှိ Type 052 ဖျက်သင်္ဘော၊ Type 052B ဖျက်သင်္ဘော၊ Type 052C ဖျက်သင်္ဘော၊ Type 052D ဖျက်သင်္ဘော၊ Type 051C ဖျက်သင်္ဘော၊ F-22P ဖရီးဂိတ်စစ်ရေယာဉ်နှင့် Type 054A ဖရီးဂိတ်စစ်ရေယာဉ်တို့ တွင်တပ်ဆင်အသုံးပြုလျှက်ရှိသည်။































Source photos : Sinodefence & Chinese Military Review  


စည်သူ
15, July 2014

14 July 2014

အိန္ဒိယရေတပ်မှ Kolkata (P15A) အတန်းအစားပဲ့ထိန်းဒုံးတပ်ဖျက်သင်္ဘော





အိန္ဒိယနိုင်ငံရှိ Mazagon Docks Ltd (MDL) ကုမ္ပဏီမှ Kolkata (P15A) အတန်းအစား (D63) ပဲ့ထိန်းဒုံးတပ်ဖျက်သင်္ဘောတစ်စီးအားအိန္ဒိယရေတပ်သို့ ဇူလိုင်လ (၁၀) ရက်နေ့ကတရားဝင်လွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပြီးသြဂုတ်လကုန်ပိုင်းတွင်တပ်တော်ဝင်နိုင်လိမ့်မည်ဟုခန့်မှန်းထားသည်။

အိန္ဒိယရေတပ်အတွက်တည်ဆောက်ထားသည့် ပြည်တွင်းထုတ် Kolkata-class (Project 15A) ဖျက်သင်္ဘောမှာ Kolkata အတန်းအစား၊ Kochi အတန်းအစားနှင့် Chennai အတန်းအစားဖျက်သင်္ဘောတို့ ကိုပေါင်းစပ်၍တည်ဆောက်ထားသည့်ဖျက်သင်္ဘောဖြစ်ပြီးအိန္ဒိယရေတပ်တွင်အသုံးပြုမည့်အကြီးဆုံးနှင့်ခောတ်အမှီဆုံးဖျက်သင်္ဘောလဲဖြစ်သည်။ အိန္ဒိယရေတပ်မှ Kolkata အတန်းအစား (Project 15A) ဖျက်သင်္ဘောသုံးစီးအသုံးပြုသွားရန်ရည်ရွယ်ထားပြီးယခုနှစ်တွင်ဖျက်တစ်စီးတည်ဆောက်ပြီးစီး၍ကျန်နှစ်စီးမှာတည်ဆောက်လျှက်ရှိသည်။ ယခုလွဲပြောင်းပေးအပ်ခဲ့သည့် Kolkata-class ဖျက်သင်္ဘောအားခန့်မှန်းခြေ ၂၀၁၀ ခုနှစ်တွင်စတင်အသုံးပြုနိုင်မည်ဟုခန့်မှန်းထားသော်လည်းတည်ဆောက်ရေးနှင့်စမ်းသပ်မောင်းနှင်ခြင်းတွင်ပြသာနာအနည်းငယ်ရှိသောကြောင့် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်သို့ ရွေ့ ပြောင်းခဲ့ရသည်။ Kolkata-class ဖျက်သင်္ဘောမှာ Delhi-class (Project 15)ဖျက်သင်္ဘောနောက်မှတည်ဆောက်ထားသည့်ဖျက်သင်္ဘောဖြစ်ပြီး Delhi-class ဖျက်သင်္ဘောထက်ဒီဇိုင်းပိုင်းတွင်အကြီးစားအဆင့်မြင့်တင်ထားပြီးမြေပြင်တိုက်ခိုက်ရေးစနစ်များကိုထပ်မံထည့်သွင်းထားကာ ခောတ်မှီ sensors များနှင့်ခောတ်မှီလက်နက်များတပ်ဆင်ထားသည်။ ထို့ အပြင်ယခုစတင်တည်ဆောက်နေသည့် Kolkata-class (Project 15B)ဖျက်သင်္ဘောထက်ပို၍အဆင့်မြင့်ပြီးကောင်းမွန်ကြောင်းသိရှိရပြီးခေတ်မှီအာရုံခံကိရိယာများနှင့် advanced information warfare suite များတပ်ဆင်ထားသည်။ Kolkata-class ဖျက်သင်္ဘောတွင်ရဟတ်ယာဉ်နှစ်စင်းထားသိုနိုင်သည့် hanger ပါရှိပြီး Seaking ရဟတ်ယာဉ်နှစ်စီး (သို့) Chetak ရဟတ်ယာဉ်နှင့် Dhruv ရဟတ်ယာဉ်တပ်ဆင်အသုံးပြုသွားဖွယ်ရှိသည်။ Kolkata-class ဖျက်သင်္ဘော၏အရွယ်အစားမှာ Dehli-class ဖျက်သင်္ဘောနှင့်ဆင်တူသော်လည်းမတူညီသည့်ပြုပြင်တည်ဆောက်မှူပေါင်း(၂,၃၆၃)ခုနှင့်လက်နက်ပိုင်းတွင်အကြီးစားအဆင့်မြင့်မှူများပြုလုပ်ထားသည်။ Kolkata-class ဖျက်သင်္ဘောမှာအိန္ဒိယနိုင်ငံမှပထမဆုံးတည်ဆောက်ထားသည့်ကိုယ်ပျောက်နည်းပညာအသုံးပြုထားသည့်ပဲ့ထိန်းဒုံးတပ်ဖျက်သင်္ဘောဖြစ်ပြီးအိန္ဒိယနိုင်ငံမှစစ်သင်္ဘောတည်ဆောက်မှူနည်းပညာပိုင်းတွင်အရေးပါအရာရောက်သည့်အမှတ်အသားလဲဖြစ်လာခဲ့သည်။ အိန္ဒိယရေတပ်မှ Kolkata-class ဖျက်သင်္ဘောများကိုလေယာဉ်တင်သင်္ဘောအသစ်နှစ်စီးဖြစ်သည့် INS Vikramaditya 
နှင့် INS Vikrant တို့ တွင်အစောင့်အရှောက်အဖြင့်လိုက်ပါတာဝန်ထမ်းဆောင်စေမည်ဖြစ်သည်။


Kolkata-class ဖျက်သင်္ဘော၏အလျားမှာ ၁၆၃ မီတာ၊ Beam ၁၇.၄ မီတာ၊ Draft ၆.၅ မီတာနှင့်တန်ချိန် ၆,၈၀၀ ရှိပြီး gas turbine အင်ဂျင်များတပ်ဆင်ထားပြီးအမြန်ဆုံးရေမိုင် (၃၀) နှူန်းဖြင့်ခုတ်မောင်းနိုင်ကာ မိုင် ၈,၀၀၀ ကျော်စစ်ဆင်နိုင်စွမ်းရှိသည်။ Kolkata-class ဖျက်သင်္ဘောတွင်အရာရှိနှင့်ရေတပ်သား ၃၂၅ ဦးလိုက်ပါနိုင်သည်။ Kolkata-class ပဲ့ထိန်းဒုံးတပ်ဖျက်သင်္ဘောတွင်တပ်ဆင်ထားသည့်အဓိကလက်နက်များမှာလေကြောင်းရန်ကာကွယ်ရေးအတွက်ကီလိုမီတာ(၇၀)အထိပစ်ခတ်နိုင်ပြီးဒေါင်လိုက်ပစ်လွှတ်သည့်စနစ်တပ်ဆင်ထားသည့်(အိန္ဒိယ+အစ္စရေး) ထုတ် Barak 8 တာလတ်ပစ်ဒုံးကျည် ၃၂ စင်း (4×8-cell)(အပိုဒုံးကျည် ၃၂ စင်းသိုလှောင်ထား)၊မြေပြင်နှင့်ရေပြင်မှပစ်မှတ်များအားပစ်ခတ်တိုက်ခိုက်နိုင်ရန်ဒေါင်လိုက်ပစ်လွှတ်သည့်စနစ်တပ်ဆင်ထားပြီး ကီလိုမီတာ (၂၉၀)အထိပစ်ခတ်နိုင်သည့် BrahMos သင်္ဘောဖျက်ဒုံးကျည်/မြေပြင်ပစ်ဒုံးကျည် ၁၆ စင်း (2×8-cell)တပ်ဆင်ထားသည်။ Kolkata-class ဖျက်သင်္ဘောတွင်တပ်ဆင်ထားသည့်အခြားလက်နက်များမှာ Main Gun အဖြင့် Oto Melara SRGM ၇၆ မမ အမြောက်တစ်လက်၊အနီးကပ်လေကြောင်းရန်ကာကွယ်ရေးနှင့်ရန်သူ့၏သင်္ဘောဖျက်ဒုံးများအားကာကွယ်နိုင်ရန် AK-630 CIWS လက်နက်စနစ် ၄ စုံ၊ရေငုတ်သင်္ဘောတိုက်ဖျက်ရေးအတွက် ၅၃၃ မီလီမီတာ တော်ပီဒို ၄ စင်းနှင့် RBU-6000 anti-submarine rocket launchers ၂ စုံတပ်ဆင်ထားသည်။

Kolkata-class ဖျက်သင်္ဘောတွင်တပ်ဆင်ထားသည့်ရေဒါနှင့်အခြားအာရုံခံကိရိယာများမှာ-

၁။) IAI EL/M-2248 MF-STAR S-band AESA multi-function radar
၂။) Thales LW-08 D-band air search radar
၃။) IAI EL/M-2238 L-band STAR surveillance radar
၎။) BEL HUMSA-NG bow sonar
၅။) BEL Nagin active towed array sonar
၆။) BEL Electronic Modular Command & Control Applications (EMCCA Mk4) combat management system
၇။) Electronic warfare
& decoys:
၈။) Elbit Systems Deseaver MK II countermeasures systems and defensive aids suite 

တို့ ဖြစ်သည်။
































Source Photos: www.freewebs.com


စည်သူ
14, July 2014

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...