QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာ
QLZ87 (သို့ ) Type 87 ၃၅ မမ မောင်းပြန်စနစ်သုံးဗုံးပစ်လောင်ချာ (AGL) ကိုတရုတ်နိုင်ငံရှိ NORINCO ကုမ္ပဏီမှ ထုတ်လုပ်ထားပြီး infantry support weapon အဖြစ်ထုတ်လုပ်ထားသည့် လက်နက်ဖြစ်သည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာ၏ မောင်းပြန်စနစ်မှာ gas-operated ဖြစ်ပြီးသေနတ်ပြောင်းအား Air cooling စနစ်အသုံးပြုထားသည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာမှာ fully automatic ပစ်ခတ်နိုင်သည့်လက်နက်ဖြစ်ပြီးအလေးချိန် ၁၂ ကီလိုဂရမ်မှ ၂၀ ကီလိုဂရမ်အထိရှိသည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာတွင် ၃၅x၃၂ မမ ဗုံးသီးကိုအသုံးပြုထားပြီး ဗုံးသီး ၆ တောင့်ဆံ့ကျည်အိမ်၊ ဗုံးသီး ၉ တောင့်ဆံ့ကျည်အိမ် (သို့) ဗုံးသီး ၁၂ တောင်ဆံ့ကျည်အိမ်ကိုတပ်ဆင်အသုံးပြုနိုင်ကာကျည်အိမ်၏ပုံသ္ဌာန်မှာအဝိုင်းပုံဖြစ်သည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာတွင်ထည့်သွင်းပစ်ခတ်ရသည့် ၃၅ မမ ဗုံးသီး၏အလေးချိန်မှာ၂၅၀ ဂရမ်ရှိသည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာ၏ အလျားမှာ ၉၇၀ မီလီမီတာရှိပြီးအလေးချိန် ၁၂ ကီလိုဂရမ် (bipod) / ၂၀ ကီလိုဂရမ် (tripod) ရှိသည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာမှာတစ်မိနစ်လျှင်ဗုံးသီး ၅၀၀ နှူန်းဖြင့်ပစ်ခတ်နိုင်ပြီး ပစ်ခတ်နိုင်သည့်အကွာအဝေးမှာ မီတာ ၁,၇၀၀ အထိရှိ၍ ထိရောက်မှူအကွာအဝေးမှာ မီတာ ၆၀၀ ကျော်ဖြစ်သည်။ ထို့အပြင်လောင်ချာ၏ပြောင်းထွက်အလျင်နှူန်းမှာ တစ်မိနှစ်လျှင်မီတာ ၁၉၀ ရှိသည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာကိုဒေါင့်သုံးချောင်းပါ tripod (သို့ ) ဒေါင့်နှစ်ချောင်းပါ bipod ဖြင့်တပ်ဆင်၍လဲအသုံးပြုနိုင်ပြီး စစ်သုံးယာဉ်နှင့်ရဟတ်ယာဉ်ပေါ်တွင်တပ်ဆင်အသုံးပြုနိုင်ကာအနိမ့်ပျံလေယာဉ်များကိုပင်မြေပြင်မှပစ်ခတ်နိုင်သည်။ QLZ87 ၃၅ မမ ဗုံးပစ်လောင်ချာမှာ ၈၀ မီလီမီတာအထူရှိသည့်သံချပ်ကာယာဉ်အားဖောက်ထွင်းနိုင်(မသေချာ)ပြီးဗုံးသီးကျရောက်သည့်နေရာမှအချင်းဝက်(၁၀)မီတာအတွင်းရှိမည်သူကိုမဆိုထိခိုက်သေစေနိုင်သည်။
No comments:
Post a Comment