15 July 2014

Type 730 Close in Weapon System (CIWS)




Type 730 Close in Weapon System (CIWS)

တရုတ်နိုင်ငံထုတ် Type 730 CIWS လက်နက်စနစ်တွင် ၃၀ မီလီမီတာ ကျည်အသုံးပြုထားပြီး ၁၁၀ လက်မအရှည်ရှိသည့် ပြောင်း ၇ ခုပါရှိကာ တစ်မိနစ်လျှင် ကျည်တောင့်ရေ ၄,၂၀၀ မှ ၅,၈၀၀ နှုန်းဖြင့် အကွာအဝေး ၃ ကီလိုမီတာကျော်အထိပစ်ခတ်နိုင်သည်။ Type 730 CIWS လက်နက်စနစ်မှာအလေးချိန် ၈ တန်ရှိပြီး
ယူနစ်တစ်ခု၏တန်ဖိုးမှာအမေရိကန်ဒေါ်လာ ၅.၄ သန်းရှိသည်။ Type 730 CIWS လက်နက်စနစ်၏ဒီဇိုင်းမှာအနီးကပ်လေကြောင်းရန်ကာကွယ်ရေးအတွက်လည်ကောင်းရန်သူ့သင်္ဘောဖျက်ဒုံးများအားပြန်လည်တိုက်ခိုက်ရန်အတွက်လည်ကောင်း၊ပြင်လယ်ရေမျက်နှာပြင်ရှိပစ်မှတ်များ၊ကမ်းခြေရှိပစ်မှတ်များ၊ရေပေါ်မိုင်းများ၊အနှိမ့်ပျံလေယာဉ်များနှင့်ရဟတ်ယာဉ်များအားပစ်ခတ်တိုက်ခိုက်နိုင်ဒီဇိုင်ဆွဲထုတ်လုပ်ထားသည့်လက်နက်စနစ်ဖြစ်သည်။ Type 730 CIWS လက်နက်စနစ်တွင် TR47C ရေဒါနှင့် electro-optical tracking စနစ်ပါရှိသည်။ Electro-optical tracking စနစ်တွင် TV tracking ကင်မရာ၊အနီအောက်ရောင်ခြည်သုံး tracking ကင်မရာနှင့်လေဆာရောင်ခြည်သုံးအကွာအဝေးတိုင်းကိရိယာပါရှိပြီး အကွာအဝေး (၆)ကီလိုမီတာမှပစ်မှတ်များကို ရှာဖွေဖမ်းယူနိုင်ကာ (၃)ကီလိုမီတာအတွင်းရှိပစ်မှတ်များကိုခွဲခြားသတ်မှတ်ပေးနိုင်သည်။ TR47C ရေဒါမှာ အကွာအဝေး(၈)ကီလိုမီတာမှ သေးငယ်သည့်ပစ်မှတ်များအားဖမ်းယူနိုင်ပြီး ကြီးမားသည့် ပစ်မှတ်များအား ကီလိုမီတာ ၂၀ အထိဖမ်းယူနိုင်ကာ airborne target ကို RCS ၀.၁ စတုရန်းမီတာ အထိဖမ်းယူနိုင်သည်။ Type 730 CIWS လက်နက်စနစ်ကို ဖျက်သင်္ဘောများ၊ဖရီးဂိတ်စစ်သင်္ဘောများနှင့်အခြားစစ်ရေယာဉ်များတွင်တပ်ဆင်အသုံးပြုနိုင်ပြီး စစ်သင်္ဘောတစ်စင်းတွင် Type 730 CIWS လက်နက်စနစ် ၂ ခုတပ်ဆင်ထားခြင်းဖြင့်၎င်းစစ်သင်္ဘောအား ၃၆၀(ဒီဂရီ)ကာကွယ်ဖုံးအုပ်ပေးနိုင်သည့်စနစ်ဖြစ်သည်။
တရုတ်နိုင်ငံထုတ် Type 730 CIWS လက်နက်စနစ်မှာ ရုရှားထုတ် AK-630 CIWS လက်နက်စနစ်ထက် တုန့်ပြန်ပစ်ခတ်မှူမြန်ဆန်ပြီးတရုတ်ရေတပ်ရှိ Type 052 ဖျက်သင်္ဘော၊ Type 052B ဖျက်သင်္ဘော၊ Type 052C ဖျက်သင်္ဘော၊ Type 052D ဖျက်သင်္ဘော၊ Type 051C ဖျက်သင်္ဘော၊ F-22P ဖရီးဂိတ်စစ်ရေယာဉ်နှင့် Type 054A ဖရီးဂိတ်စစ်ရေယာဉ်တို့ တွင်တပ်ဆင်အသုံးပြုလျှက်ရှိသည်။































Source photos : Sinodefence & Chinese Military Review  


စည်သူ
15, July 2014

No comments:

Post a Comment

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...