03 October 2014

ထိုင်းဘုရင့်လေတပ်မတော်မှ Alpha Jet A အပေါ့စားတိုက်လေယာဉ်/အမောင်းသင်ဂျက်လေယာဉ်များ


 Alpha Jet A အပေါ့စားတိုက်လေယာဉ်/အမောင်းသင်ဂျက်လေယာဉ်များ

Photo: Cherry Coco

ထိုင်ဝမ်ရေတပ်တွင်အသုံးပြုမည့် Hsun Hai-class ကော်ဗက်စစ်ရေယာဉ်အားစမ်းသပ်ခုတ်မောင်း



ထိုင်ဝမ်ရေတပ် (ROCN) တွင်အသုံးပြုမည့် Hsun Hai-class ကော်ဗက်စစ်ရေယာဉ်မှာ Littoral Combat Ship (LCS) အမျိုးအစားဖြစ်ပြီး Lung-De Shipbuilding Corporation ကုမ္ပဏီမှထိုင်ဝမ်ရေတပ်အတွက်တည်ဆောက်ထားသည့်ကမ်ရိုးတမ်းသွားစစ်ရေယာဉ်ဖြစ်သည်။ Hsun Hai-class ကော်ဗက်စစ်ရေယာဉ်ဒီဇိုင်းမှာစစ်ရေယာဉ်၏ mobility အားမြင့်တင်ထားခြင်း၊ stealth နည်းပညာများပါဝင်ခြင်း၊ Low radar signature ဖြစ်၍ရန်သူအား အနီးကပ်ပစ်ခတ်တိုက်ခိုက်နိုင်ခြင်း၊ လိုအပ်ချက်ကိုလိုက်၍ အကောင်းဆုံးပြုလုပ်ပေးနိုင်ခြင်းနှင့်စွမ်းဆောင်နိုင်ခြင်းစသည့်စွမ်းရည်များပိုင်ဆိုင်ထားပြီးလှေဝမ်းနှစ်ခုပါရှိသည့်စစ်ရေယာဉ်ဖြစ်ကာ Naval Shipbuilding Development Center (NSDC) နှင့် Ship Ocean Industries R&D Center (SOIC) တို့မှဒီဇိုင်းဆွဲထားသည့်စစ်ရေယာဉ်ဖြစ်သည်။ကော်ဗက်စစ်ရေယာဉ် ၏အလျားမှာ ၆၀.၄ မီတာ၊ အကျယ် ၁၄ မီတာနှင့်တန်ချိန် ၅၀၀ ခန့်ရှိပြီး waterjets လေးလုံးတပ်ဆင်ထားကာအမြန်ဆုံးရေမိုင် ၃၈ မိုင်နှူန်းအထိခုတ်မောင်းနိုင်သည်။ စစ်ရေယာဉ်တွင်အရာရှိ နှင့်ရေတပ်သား ၃၄ ယောက်မှ ၄၁ ယောက်အထိလိုက်ပါနိုင်ပြီး ကီလိုမီတာ ၃,၇၀၀ (မိုင် ၂,၀၀၀) အထိစစ်ဆင်နိုင်စွမ်းရှိသည်။ 

  Hsun Hai-class ကော်ဗက်စစ်ရေယာဉ်တွင် တပ်ဆင်သွားမည့်လက်နက်များမှာ ၇၆ မမ Main Gun တစ်လက်၊ ၁၂.၇ မမ စက်သေနတ် ၄ လက်၊ Phalanx CIWS လက်နက်စနစ်တစ်ခု၊ ကီလိုမီတာ ၁၆၀ အထိပစ်ခတ်နိုင်သည့် Hsiung Feng II သင်္ဘောဖျက်ဒုံးနှင့် ကီလိုမီတာ ၁၃၀ အထိပစ်ခတ်နိုင်သည့် Hsiung Feng III သင်္ဘောဖျက်ဒုံး(၁၆)စင်းတပ်ဆင်သွားမည်ဖြစ်သည်။ စစ်ရေယာဉ်တွင်ရဟတ်ယာဉ်ထားသိုရန် hangar မပါရှိသော်လည်းရဟတ်ယာဉ်အတက်အဆင်းပြုလုပ်နိုင်သည့်ရဟတ်ယာဉ်ကွင်းပါရှိကာ Seahawk ကဲ့သို့ရေငုတ်သင်္ဘောတိုက်ဖျက်ရေး(ASW)ရဟတ်ယာဉ်တပ်ဆင်သွားဖွယ်ရှိသည်။ ထိုင်ဝမ်ရေတပ်မှ"Tuo River" (618)  အမည်ရှိစစ်ရေယာဉ်အားပင်လယ်ပြင်တွင်စမ်းသပ်ခုတ်မောင်းခြင်းပြုလုပ်လျှက်ရှိပြီး၂၀၁၅ခုနှစ်ပထမနှစ်ဝက်အတွင်းစတင်အသုံးပြုနိုင်မည်ဟုခန့်မှန်းထားသည်။ ထို့ အပြင် Lung-De Shipbuilding Corporation ကုမ္ပဏီမှထိုင်ဝမ်ရေတပ်အတွက် Hsun Hai အတန်းအစားကော်ဗက်စစ်ရေယာဉ်(၁၂)စီးခန့်အားတည်ဆောက်ပေးသွားမည်ဟုလဲသိရှိရသည်။



(Photo: Internet/Lee Chung Wei)

ယူကရိန်းထုတ် Korshun-2 ယာဉ်တင်ပဲ့ထိန်းခရုဇ်ဒုံးကျည်



ယူကရိန်းနိုင်ငံမှအသစ်ထုတ်လုပ်လိုက်သည့် Korshun-2 ယာဉ်တင်ပဲ့ထိန်းခရုဇ်ဒုံးကျည်စနစ်မှာ ကီလိုမီတာ ၅၀ မှ ၃၅၀ အကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး မြေပြင်ရှိပစ်မှတ်များအား 
ဖျက်ဆီးနိုင်အောင်ဒီဇိုင်းရေးဆွဲထားကာ ပြည်ပတင်ပို့ သည့် range ကို ကီလိုမီတာ ၂၈၀ ဟုသတ်မှတ်ထားသည်။


AFT-10 ပဲ့ထိန်းတင့်ဖျက်ဒုံးစနစ်


    တရုတ်နိုင်ငံ၏နောက်ဆုံးထုတ်တတိယမျိုးဆက်"AFT-10"(HJ-10) ပဲ့ထိန်းတင့်ဖျက်ဒုံးစနစ်ကိုမကြာခင်ကပြုလုပ်ခဲ့သည့်"Peace Mission 2014"လေ့ကျင့်ခန်းတွင်စတင်စမ်းသပ်အသုံးပြုခဲ့သောကြောင့်အာရှနှင့်ဥရောပနိုင်ငံများကစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ဒုံးစနစ်ဖြစ်ပါတယ်။ တင့်ဖျက်ဒုံးစနစ်တွင် ဥရောပထုတ်တင့်ဖျက်လက်များတွင်အသုံးပြုသည့် optical-fibre ပဲ့ထိန်းသည့်စနစ်ကိုအသုံးပြုထားသောကြောင့်အကွာအဝေး(၁၀)ကီလိုမီတာအထိပစ်ခတ်နိုင်သည်ဟုသိရှိရပါတယ်။တရုတ်နိုင်ငံထုတ်ပဲ့ထိန်းတင့်ဖျက်ဒုံးစနစ်အသစ်တွင်ဒုံးလေးစင်းပါရှိပြီး၂၅ တန်ရှိတဲ့ ZBD04A သံချပ်ကာတိုက်ယာဉ်ကို chassis အဖြစ်အသုံးပြုထားပါတယ်။

AFT-10 ပဲ့ထိန်းတင့်ဖျက်ဒုံးစနစ်မှာထိန်းချုပ်ပစ်ခတ်နည်းနှစ်မျိုးကို အသုံးပြုထားပါတယ်။ ပထမနည်းမှာ Fire & Forget mode ဖြစ်ပြီး အခြားတဖက်မှပစ်မှတ်အား မပစ်ခတ်မှီ locked ချ၍ပစ်ခတ်စေခြင်းဖြစ်တယ်၊ပစ်ခတ်နိုင်သည့်အကွာအဝေးအားကန့် သတ်ထားသောကြောင့်အကွာအဝေး ၄ ကီလိုမီတာမှ ၅ ကီလိုမီတာခန့် အထိသာပစ်ခတ်နိုင်ပါတယ်။ထိန်းချုပ်ပစ်ခတ်သည့်ဒုတိယနည်းမှာ NLOS mode ဖြစ်ပါတယ်။ NLOS နည်းမှာရှေ့ဦးစွာဒုံးအားပစ်မှတ်ဆီသို့ ပစ်ခတ်စေ၍ဒုံးထိပ်တွင်တပ်ဆင်ထားသော realtime ပေးပို့ ပေးသည့် CCD ကင်မရာ (သို့ ) Thermal imaging seeker ကိုအသုံးပြု၍ပစ်ခတ်ထိန်းချုပ်သူမှဒုံးအား optical-fibre ဖြစ်တိုက်ရိုက်ထိန်းချုပ်ပျံသန်းစေကာပစ်မှတ်အား locked ချ၍ပစ်ခတ်ခြင်းဖြစ်တယ်။ ထိုနည်းမှာအကွာအဝေး(၁၀)ကီလိုမီတာအထိပစ်ခတ်နိုင်ပါတယ်။တရုတ်နိုင်ငံမှထုတ်လုပ်လျှက်ရှိသည့် AFT-10 ပဲ့ထိန်းတင့်ဖျက်ဒုံးစနစ်မှာတင့်များသာမက အနိမ့်ပျံရဟတ်ယာဉ်များကိုပင်ပစ်ခတ်နိုင်စွမ်းရှိသောကြောင့် multipurpose missile system ဟုခေါ်ဆိုနိုင်ပါတယ်။









(Photos: Defence Forum India & The People's Liberation Army)

ရုရှားကြည်းတပ်အနေဖြင့်၂၀၁၅ ခုနှစ်မကုန်မှီ နည်းဗျူဟာမြောက် ရုရှားကြည်းတပ်မှသံချပ်ကာယာဉ်အစီး ၁၄,၀၀၀ ကျော်ဝယ်ယူသွားမည်။





ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှကြည်းတပ်အတွက်သံချပ်ကာယာဉ်အသစ် အစီး ၅,၀၀၀ ကျော်နှင့်အဆင့်မြင့်တင်ထားသည့် သံချပ်ကာယာဉ်အစီး ၆,၀၀၀ ကျော် စုစုပေါင်းစစ်သုံးယာဉ် ၁၄,၀၀၀ စီးခန့် အား ၂၀၂၀ခုနှစ်မတိုင်မှီဝယ်ယူဖြည့်တင်းသွားမည်ဟု ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး"Oleg Salyukov" ကအောက်တိုဘာလ (၁) ရက်နေ့ ကပြောကြားလိုက်သည်။ ထို့ အပြင်ကြည်းတပ်၏ ၇၀ ရာခိုင်နှူန်းအား အီကွေးမန့် အသစ်များနှင့်ခေတ်မှီလက်နက်များကို၂၀၂၀ခုနှစ်မတိုင်မှီတပ်ဆင်သွားမည်ဟုပြောကြားလိုက်သည်။ သြဂုတ်လအတွင်းက ရုရှားနိုင်ငံကကျင်းပခဲ့သည့်နိုင်ငံတကာတင့်ပြိုင်ပွဲတွင်အသုံးပြုခဲ့သည့် T-72B3 တင့်အားဝယ်ယူရန်အစီအစဉ်ဆွဲထားပြီး အခြားဝယ်ယူသွားမည့်ယာဉ်များထဲတွင်ကုန်းနှင့်ရေသွား BMP-3 သံချပ်ကာတိုက်ခိုက်ရေးယာဉ်များ၊အဆင့်မြင့်တင်ထားသည့် BMP-2 သံချပ်ကာတိုက်ခိုက်ရေးယာဉ်များနှင့် BTR-82A သံချပ်ကာလူသယ်ယာဉ်များလဲပါဝင်သည်။

ရုရှားကြည်းတပ်အနေဖြင့်၂၀၁၅ ခုနှစ်မကုန်မှီ နည်းဗျူဟာမြောက် Iskander-M (SS-26 Stone)ဒုံးပျံစနစ်တပ်ဆင်ထားသည်တပ်မဟာသုံးခုအားထပ်မံဖွဲ့ စည်းမည်ဖြစ်ပြီး Iskander ဒုံးပျံတင်တပ်မဟာတစ်ခုအား ယခုနှစ်နှစ်ကုန်ပိုင်းတွင်ရုရှားအလယ်ပိုင်းတွင်စတင်တပ်ဖြန့် ချထားမည်။ အခြားဒုံးပျံတင်တပ်မဟာနှစ်ခုအားရုရှားတောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် ၂၀၁၅ ခုနှစ်တွင်ထပ်မံတပ်ဖြန့် ချထားမည်။ ယခုလက်ရှိရုရှား ကြည်းတပ်တွင် Iskander ဒုံးပျံတင်တပ်မဟာလေးခုဖွဲ့ စည်းထားပြီးဖြစ်ရာ ၂၀၁၅ ခုနှစ်တွင် Iskander ဒုံးပျံတပ်ဆင်ထားသည့်တပ်မဟာစုစုပေါင်း (၇) ခုအထိရှိလာမည်ဖြစ်သည်။ ကြည်းတပ်တွင်တပ်ဆပ်ထားသည့် အမျိုးအစားများမှာနည်းဗျူဟာမြောက် Iskander-M ဒုံးပျံများနှင့် Iskander-K ဒုံးပျံများဖြစ်သည်။ 

ရုရှားစစ်တပ်မှကာကွယ်ရေးအသုံးစရိတ်အားနောက်သုံးနှစ်အထိအများအပြားသုံးစွဲလာ၍အမေရိကန်နှင့်တရုတ်ပြီးလျှင်ရုရှားသည်ကာကွယ်ရေးအသုံးစရိတ်တတိယအများဆုံးအသုံးပြုသည့်နိုင်ငံဖြစ်လာသည်။



 (ဓါတ်ပုံ- T-72B3 ပင်မတိုက်ပွဲဝင်တင့်ကား)



(ဓါတ်ပုံ-BTR-82A သံချပ်ကာလူသယ်ယာဉ်)



(ဓါတ်ပုံ-BMP-2 သံချပ်ကာတိုက်ခိုက်ရေးယာဉ်)



(ဓါတ်ပုံ- BMP-3 သံချပ်ကာတိုက်ခိုက်ရေးယာဉ်)


(ဓါတ်ပုံ- နည်းဗျူဟာမြောက် Iskander-M (SS-26 Stone)ဒုံးပျံစနစ်)

 
 (ဓါတ်ပုံ- နည်းဗျူဟာမြောက် Iskander-M (SS-26 Stone)ဒုံးပျံစနစ်)

   
 (ဓါတ်ပုံ- နည်းဗျူဟာမြောက် Iskander-M (SS-26 Stone)ဒုံးပျံစနစ်)


 (ဓါတ်ပုံ- နည်းဗျူဟာမြောက် Iskander-M (SS-26 Stone)ဒုံးပျံစနစ်များ)

28 September 2014

အမေရိကန်ရေတပ်တွင်အသုံးပြုမည့် MQ-4C Triton မောင်းသူမဲ့ယာဉ်




 MQ-4C Triton မောင်းသူမဲ့ယာဉ်ကို Northrop Grumman ကုမ္ပဏီမှအမေရိကန်ရေတပ်အတွက်တည်ဆောက်ပေးထားပြီးစမ်းသပ်ထုတ်လုပ်ဆဲအဆင့်တွင်သာရှိပါတယ်။ Triton မောင်းသူမဲ့ယာဉ်၏ဒီဇိုင်းကတော့ကြီးမားကျယ်ပြန့်တဲ့ပင်လယ်ပြင်တွင်ကင်းထောက်ခြင်းထောက်လှမ်းခြင်နှင့်သတင်းစုဆောင်းခြင်းလုပ်ငန်များကို၂၄နာရီတာဝန်အပြည့်ထမ်းဆောင်နိုင်ရန်ဒီဇိုင်းရေးဆွဲထားတဲ့မောင်းသူမဲ့ယာဉ်ပဲဖြစ်တယ်။ Triton မောင်းသူမဲ့ယာဉ်ဟာအမေရိကန်လေတပ်နှင့်ရေတပ်တွင်အသုံးပြုနေသည့် RQ-4 /MQ-4 Global Hawk  မောင်းသူမဲ့ယာဉ်နဲ့အရွယ်ရောဆိုဒ်ပါတူညီပါတယ်။ Global Hawk ကနေဆင်းသက်လာတဲ့မောင်းသူမဲ့ယာဉ်အမျိုးအစားလို့ပြောနိုင်ပါတယ်။


   Triton မောင်းသူမဲ့ယာဉ်မှာ Rolls-Royce AE 3007H တာဘိုဖန်ဂျက်အင်ဂျင်တစ်လုံးတပ်ဆင်ထားတယ်၊သူရဲ့အဓိကထောက်လှမ်းရေးရေဒါကတော့ AN/ZPY-3 Multi-Function Active Sensor (MFAS) with Active Electronically Scanned Array (AESA) ရေဒါပါ။ AN/ZPY-3 ရေဒါဟာပင်လယ်ပြင်မှာခုတ်မောင်းနေတဲ့သင်္ဘောတွေကိုရှာဖွေထောက်လှမ်းဖမ်းယူနိုင်စွမ်းရှိပြီးသင်္ဘောရဲ့အမျိုးအစားတွေကိုပါခွဲခြားပေးနိုင်တယ်။ Triton မောင်းသူမဲ့ယာဉ်ဟာ မြေပြင်မှအထက်အမြင့် ၁၈ ကီလိုမီတာ(၁၀မိုင်ကျော်)အထိတက်ရောက်ပျံသန်းနိုင်ပြီးရေပြင်မှာရှိတဲ့အရာဝတ္ထုတွေကိုထောက်လှမ်းနိုင်စွမ်းရှိတယ်လို့သိရပါတယ်။ Triton မောင်းသူမဲ့ယာဉ်ကိုမြေပြင်ထိန်းချုပ်ရေးစခန်းမှ လေယာဉ်မှူးလေးဦးမှထိန်းချုပ်မောင်းနှင်ပျံသန်းစေပြီးဆီတစ်ခါဖြည့်ထားလျှင် ခရီးအကွာအဝေးမိုင်ပေါင်း ၉,၅၅၀ အထိပျံသန်းနိုင်တယ်လို့ သိရပါတယ်။




မလေးရှားလေတပ်အတွက်တည်ဆောက်လျှက်ရှိသည့် A400M Atlas သယ်ယူပို့ ဆောင်ရေးလေယာဉ်



မလေးရှားလေတပ်အတွက် Airbus ကုမ္ပဏီမှတည်ဆောက်လျှက်ရှိသည့် A400M Atlas စစ်ဘက်သုံးသယ်ယူပို့ ဆောင်ရေးလေယာဉ် ပထမဆုံးအစီးအား စပိန်နိုင်ငံ Seville မြို့တွင်ပစ္စည်းအစိတ်အပိုင်းများနောက်ဆုံးအဆင့် တပ်ဆင်ခြင်းပြုလျှက်ရှိကြောင်း Airbus Defence and Space မှထုတ်ပြန်ပြောကြားလိုက်သည်။ ယခုတည်ဆောက်လျှက်ရှိသည့် A400M Atlas လေယာဉ်၏ အကြီးစားအစိတ်အပိုင်းများဖြစ်သည့် လေယာဉ်အတောင်ပံ၊လေယာဉ်နောက်မြီးပိုင်း၊လေယာဉ်မှူးအခန်း၊ လေယာဉ်ကိုယ်ထည်နှင့် landing-gear တို့ မှာလဲတပ်ဆင်ပြီးစီး၍မြေပြင်တွင်စမ်းသပ်ရန်အဆင်သင့်ဖြစ်နေပြီးဖြစ်ကြောင်းနှင့်လေယာဉ်အား၂၀၁၅ခုနှစ်အစပိုင်းတွင်မလေးရှားလေတပ်သို့ လွဲအပ်ပေးမည်ဖြစ်သည်။ ဒုတိယနှင့်တတိယအစင်းအား ၂၀၁၅ခုနှစ်နှစ်ကုန်ပိုင်းတွင်မလေးရှားလေတပ်မှလက်ခံရရှိမည်ဖြစ်ပြီးလေးစီးမြောက်နောက်ဆုံးအစီးအား ၂၀၁၆ ခုနှစ်တွင်လက်ခံရရှိမည်ဟုသိရှိရသည်။

Ref: Airbus Defence and Space

PLAAF's Anti-Cruise Missile point defense in action

A vehicle-mounted chaff and decoy launching system fires smoke projectiles to cover a fighter jet during a training exercise on May 12, 201...