တောင်တရုတ်ပင်လယ်ပြင်ရှိရေပိုင်နက်အငြင်းပွားနေသည့်နေရာအနီးတွင်တရုတ်ရေတပ်ကကစစ်ရေးလေ့ကျင့်မှုတစ်ခုကိုအင်္ဂါနေ့ကပြုလုပ်ခဲ့ကြောင်းတရုတ်သတင်းစာများတွင်ဖော်ပြထားသည်။၎င်းစစ်ရေးလေ့ကျင့်မှုတွင်တရုတ်ရေတပ်မှစစ်ရေယာဉ်အနည်းဆုံးအစင်း ၁၀၀ ကျော် ခန့် ပါဝင်ပြီး အမှတ် (၂) အမြောက်တပ်မကြီးမှ ဒုံးတပ်ရင်းများနှင့်ဒါဇင်ပေါင်းများစွာသောလေယာဉ်များပါဝင်သည်ဟုဖော်ပြထားသည်။ "Live firing drill" စစ်ရေးလေ့ကျင့်မှုတွင်ဒါဇင်းပေါင်းများစွာသောဒုံးများ၊တော်ပီဒိုများ၊ထောင်ပေါင်းများစွာသောအမြောက်ကျည်များနှင့်ဗုံးများအသုံးပြုခဲ့ကြပြီးရေတပ်လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့်ကြိုတင်သတိပေးစနစ်များအားစမ်းသပ်ခဲ့ကြကြောင်းသိရသည်။
(Photo: AFP/Ted Aljibe)
No comments:
Post a Comment